Fruits & Vegetables



မလေးရှား နိုဝင်ဘာလ စားအုန်းဆီကြမ်း ပို့ကုန်ခွန် ၈ ရာခိုင်နှုန်း ဆက်လက်ပြဋ္ဌာန်း

မလေးရှား နိုဝင်ဘာလ စားအုန်းဆီကြမ်း ပို့ကုန်ခွန် ၈ ရာခိုင်နှုန်း ဆက်လက်ပြဋ္ဌာန်း

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

မလေးရှားနိုင်ငံသည် စားအုန်းဆီကြမ်းအတွက် နိုဝင်ဘာလတွင် ပို့ကုန်ခွန် ၈ ရာခိုင်နှုန်းကို ဆက်လက်ပြဋ္ဌာန်းထားပြီး ရည်ညွှန်းစျေးနှုန်းကို လျှော့ချထားကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ ဝက်ဘ်ဆိုက်တွင်  ဖော်ပြထားသည်။

 

စားအုန်းဆီ ကမ္ဘာ့ဒုတိယအများဆုံး တင်ပို့သည့် မလေးရှားနိုင်ငံသည် ပို့ကုန်ခွန်ကို  နိုဝင်ဘာလအတွက် မက်ထရစ်တစ်တန်လျှင် ၃၅၅၆.၀၈ ရင်းဂစ် (ဒေါ်လာ ၇၅၁.၈၁) ဖြင့် ရည်ညွှန်းတွက်ချက်သည်။

အောက်တိုဘာလ ရည်ညွှန်းဈေးမှာ တစ်တန် ရင်းဂစ် ၃၇၁၀.၅၀ ဖြစ်သည်။

 

စားအုန်းဆီကြမ်းအတွက် ပို့ကုန်ခွန်ကို ရောင်းချသည့် ဈေးန‌ှုန်းရေချိန်အဆင့်ဆင့်ဖြင့် ‌စည်းကြပ်ရာ၌  တစ်တန်လျှင် ရင်းဂစ် ၂,၂၅၀ မှ ၂,၄၀၀ အထိ  ပို့ကုန်ခွန် ၃ ရာခိုင်နှုန်းဖြင့် စတင်သည်။

 

တစ်တန် ရင်းဂစ် ၃၄၅၀ ထက် ကျော်လွန်ပါက အမြင့်ဆုံးအခွန်နှုန်းထား ၈ ရာခိုင်နှုန်း သတ်မှတ်ထားပါသည်။

Source brecorder 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 23 October 2023 08:22
Rate this item
(0 votes)