Fruits & Vegetables



ကမ္ဘောဒီးယား လုံငန်းသီး တရုတ်ပြည် တင်ပို့မှု တန်ချိန် ၁ သောင်းကျော်အထိ ရှိလာ

ကမ္ဘောဒီးယား လုံငန်းသီး တရုတ်ပြည် တင်ပို့မှု တန်ချိန် ၁ သောင်းကျော်အထိ ရှိလာ


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ လုံငန်းသီး  ၁၁,၄၀၃ တန် တင်ပို့ခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန Ministry of Agriculture, Forestry and Fisheries (MAFF) (MAFF) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

photo_2023-10-28_18-24-26.jpg

 

MAFF မှ ပြောရေးဆိုခွင့်ရှိသူ Ms.  Im Rachna က ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်  စိုက်ခင်း ၉၇ ခုနှင့် တင်ပို့ရောင်းချသည့် လုပ်ငန်း ၂၇ ခုကို ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားပြီး ၎င်းတို့အနက် ၁၂ ခုမှာ ကျန်းမာရေးညီညွှတ်မှုနှင့် ဇီဝဘေးကင်းမှု

ဆိုင်ရာ စံနှုန်းများကို စိစစ်ပြီးဖြစ်သည်ဟု ပြောကြားသည်။

 

ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံသို့ ငှက်ပျောသီးနှင့် သရက်သီး တင်ပို့ခွင့် ရရှိခဲ့ပြီး လုံငန်းမှာ တတိယမြောက် တင်ပို့ခွင့် ရရှိခဲ့သည့် အသီးဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တရုတ်ပြည်သို့ ကမ္ဘောဒီးယားမှ လုံငန်းသီးများ ပထမဆုံးအသုတ် ၃၃၈ တန်ကို ကွန်တိန်နာ ၁၃ လုံးဖြင့် ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့ခဲ့ပါသည်။ 

 

၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ လုံငန်း ၂,၉၄၂ တန် တင်ပို့ခဲ့သည်။

 

စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ ကမ္ဘောဒီးယားတွင် လုံငန်းပင် စိုက်ပျိုးသည့် မြေဧရိယာ ဟက်တာ ၁၈,၀၀၀ ကျော်ရှိပြီး နှစ်စဉ် လုံငန်းသီး တန်ချိန် ၁၃၁,၀၀၀ ကျော် ထွက်ရှိပါသည်။

Source khmertimeskh 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Saturday, 28 October 2023 18:26
Rate this item
(0 votes)