Fruits & Vegetables



မန္တလေးဈေးကွက် ဆန်နှင့်ပဲအမျိုးမျိုး အပါအဝင် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများ

မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

23 11 2023

မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်မှု အခြေအနေများ

 

မန္တလေး ဆန်ဈေးကွက်အခြေအနေ

 

မန္တလေးကိုင်းတန်းဈေးတွင် ဆန်ဈေးနှုန်းအနေဖြင့် အသစ်ဝင်ချိန်နီးသဖြင့် လှောင်သမား ထုတ်ရောင်းမှုရှိခြင်း ၊ မြို့တွင်းသုံးဝယ်ယူမှုသာရှိခြင်းကြောင့် ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၂၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး ရန်ကုန်ပေါ်ဆန်းမှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်သောဆန်ဖြစ်၍ တစ်အိတ် ၁၁၅၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။
မနောသုခဆန်မှာ အသစ်စတင်ဝင်ရောက်မှုရှိခြင်း ၊ အဟောင်းလက်ကျန်လည်း ဈေးကွက်အတွင်းရှိခြင်းကြောင့် အသစ်တစ်အိတ် ၇၂၀၀၀ ကျပ် ၊ အဟောင်းတစ်အိတ် ၈၅၀၀၀ ကျပ် ဖြင့် မြို့တွင်းသုံးနှင့် မှာယူသောမြို့အနည်းငယ် တင်ပို့မှုရှိသည်။
ငစိန်ဆန် အသစ်ဝင်ရောက်မှုရှိသော်လည်း အဝင်နည်းသေးခြင်း ၊ လက်ကျန်အဟောင်း လည်း ဈေးကွက်အတွင်းရှိခြင်းကြောင့် အသစ်ရော အဟောင်းများပါ တစ်အိတ် ၆၂၀၀၀ ကျပ် မှ ၆၈၀၀၀ ကျပ် သို့ ဈေးမြင့်သွားပြီး ဇီယာဆန်မှာ အဝင်ပုံမှန် ၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် ၂၄ ပြည် တစ်အိတ် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဧရာမင်းဆန်မှာ အသစ်မဝင်သေးခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်း ၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

မန္တလေး ဆီထွက်သီးနှံဈေးကွက် အခြေအနေ

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ)ဈေးနှုန်းမှာ မကွေး ၊ စစ်ကိုင်း ၊ မြင်းမူဘက်မှ အဝင်များလာခြင်း ၊ လုပ်ငန်းသမား နှင့် ဆီစက်သမား အဝယ်ပုံမှန်သာရှိခြင်းကြောင့် မြေပဲ(လုံးဆံ) ၁၀၀ ပိဿာ ၆၀၀၀၀၀ ကျပ် မှ ၅၇၀၀၀၀ ကျပ် ၊ မြင်းမူဆံ ၆၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး မြေပဲ(ဆီဆံ)မှာလည်း ၁၀၀ ပိဿာ အရည် အသွေးအကောင်းဆုံး ၁၀၀ ပိဿာ ၅၆၅၀၀၀ ကျပ် မှ ၅၄၀၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် မိုးနှမ်း အဝင်နည်းသွားခြင်း ၊ ဆောင်းနှမ်းစိုက်ပျိုးထားဆဲကာလဖြစ်ခြင်း ၊ လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက်ပုံမှန်ရှိခြင်းကြောင့် နှမ်းဖြူ အရည်အသွေး အကောင်းဆုံး ၄၅ ပိဿာ ၃၃၀၀၀၀ ကျပ် မှ ၃၄၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး နှမ်းညိုမှာလည်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၂၇၀၀၀၀ ကျပ် မှ ၂၈၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။နှမ်းနက်မှာမူ လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၂၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။နှမ်းဝါနှင့် နှမ်းနီမှာ အဝင်နည်းခြင်းကြောင့် နှမ်းနီ ယခင်အပတ် ၄၅ပိဿာ ၂၉၀၀၀၀ ကျပ် မှ ၃၀၀၀၀၀ ကျပ် ၊ နှမ်းဝါ ၄၅ ပိဿာ ၃၁၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပန်းနှမ်းမှာ စတင်စိုက်ပျိုးစကာလဖြစ်၍ ပစ္စည်းရှားသော်လည်း ယခုအပတ် အရောင်း အဝယ်အေးခြင်းကြောင့် ၄၅ပိဿာ ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၁၉၃၀၀၀ ကျပ် မှ ယခုအပတ် ၂၀၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။
နေကြာဈေးနှုန်းအနေဖြင့် မိုးနေကြာ အဝင်နည်းသွားခြင်း ၊ ဆောင်းနေကြာ စိုက်ပျိုး ထားဆဲကာလဖြစ်ခြင်း ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၂၇ပိဿာ အရည်အသွေး အကောင်းဆုံး ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေ သည်။

 

ငရုတ် ကြက်သွန်နီ  ကြက်သွန်ဖြူ အာလူး ချင်း ဈေးကွက်အခြေအနေ

 

 

မန္တလေး ကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် မြစ်သားကြက်သွန်မှာ စိုက်ပျိုးရာဒေသ တွင် စတင်ထွက်ရှိပြီးဖြစ်သော်လည်း ဈေးကွက်အတွင်း မဝင်သေးဘဲ မုံရွာ၊ ထီးဆောင်း မှ လက်ကျန် များ သာရှိခြင်း ၊ လားရှိုး ၊ တန့်ယန်းတင်ပို့ရမှုမရှိခြင်း ၊ မြို့တွင်းသုံးဝယ်ယူမှုသာရှိခြင်းကြောင့် ကြီး တစ်ပိဿာ ၃၇၀၀ ကျပ် ၊ လတ် တစ်ပိဿာ ၃၂၀၀ ကျပ် ၊ သေး တစ်ပိဿာ ၂၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်များလာခြင်း ၊ မြို့တွင်းသုံးဝယ်ယူမှုနည်းခြင်း ၊ အမှာ တင်ပို့ရမှုနည်းခြင်းကြောင့် တစ်ပိဿာ ၁၃၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ကြက်သွန်ဖြူ(တရုတ်) ဈေးနိမ့်သဖြင့် ကြက်သွန်ဖြူ(ရှမ်း) မှာလည်း ယခင်အပတ် အရည်အသွေး အနိမ့်ဆုံး ၉၀၀၀ ကျပ် မှ ၈၅၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး အရည်အသွေးအကောင်းဆုံးမှာ တစ်ပိဿာ ၁၁၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူးများ အစိုဓာတ်ပါဝင်မှုနည်းပြီး အရည် အသွေးကောင်းခြင်းကြောင့် တစ်ပိဿာ ၂၇၀၀ ကျပ် မှ ၃၀၀၀ ကျပ် သို့ ဈေးမြင့်သွားပြီး တရုတ် အာလူးများ အဝင်နည်းသွားခြင်းကြောင့် တစ်ပိဿာ ယခင်အပတ် ၃၀၀၀ ကျပ် မှ ၃၂၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ချင်းဈေးနှုန်းအနေဖြင့် ပြည်ပပို့ရန် အဝယ်မရှိသဖြင့် ပင်ရင်းဈေးနိမ့်ခြင်း ၊ မှာယူသော မြို့များသို့ တင်ပို့ရမှုနည်းခြင်း ၊ မြို့တွင်းသုံးမျှသာရှိခြင်းကြောင့် တစ်ပိဿာ ၄၀၀၀ ကျပ် မှ ၃၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲမျိုးစုံဈေးကွက် အခြေအနေ

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲ ဈေးနှုန်းမှာ စတင်စိုက်ပျိုးရန်ပြင်ဆင်စကာလဖြစ်၍ လက်ကျန်ပစ္စည်းကောင်းရှားခြင်း ၊ ရေသွင်းပဲများ လည်း ဝင်ရောက်ပြီး ဈေးနိမ့်ခြင်း ၊ ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် မတ်ပဲ ၆၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၂၇၅၀၀၀ ကျပ် ၊ ရေသွင်းပဲ ၂၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲတီစိမ်းဈေးနှုန်းအနေဖြင့် မိုးပဲအဝင်နည်းသွားခြင်း ၊ ဆောင်းပဲစိုက်ပျိုးစကာလဖြစ်ခြင်း ၊ လက်ကျန်အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်း ၊ တရုတ်ဝယ်လက်နည်းပြီး မြို့တွင်းပဲခွဲစက် များသာ အဝယ်ရှိခြင်းကြောင့် အနိမ့်ဆုံး ၃တင်းတစ်အိတ် ၁၄၅၀၀၀ ကျပ် မှ အကောင်းဆုံး ၁၅၀၀၀၀ ကျပ် ထိ ဈေးအမျိုးမျိုးဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲစဉ်းငုံ(ဖြူ/နီ)ဈေးနှုန်းအနေဖြင့် စိုက်ပျိုးထားဆဲကာလဖြစ်၍ ပစ္စည်းကောင်းရှားခြင်း ၊ လက်ကျန်နည်းခြင်းကြောင့် အရောင်းအဝယ်အေးသော် လည်း ပဲစဉ်းငုံ(ဖြူ) ၆၀ ပိဿာ ၂၉၅၀၀၀ ကျပ် မှ ၃၀၀၀၀၀ ကျပ် ၊ ပဲစဉ်းငုံ(နီ) ၃၂၀၀၀၀ ကျပ် မှ ၃၄၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲအဝင်ရှိခြင်း ၊ လုပ်ငန်းသမား အဝယ်နည်းသွားခြင်း ကြောင့် ပဲပုတ်(မြန်မာ) ၃တင်းတစ်အိတ် ၂၀၅၀၀၀ ကျပ် မှ ၂၀၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး ပဲပုတ်(ရှမ်း)မှာ မိုးပဲအဝင်နည်းသွားပြီး ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် ၁၉၀၀၀၀ ကျပ် မှ ၁၉၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။
ကုလားပဲအုပ်စုအနေဖြင့် ကုဖြူကြီးမှာ မြို့တွင်းလုပ်ငန်းသမား နှင့် ပဲခွဲစက်များ အဝယ်နည်းခြင်း ၊ ပြည်ပဝယ်လက်မရှိခြင်းကြောင့် ယခင်အပတ် ၃ တင်း တစ်အိတ် ၂၆၇၀၀၀ ကျပ် မှ ၂၆၅၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားပြီး ကုလားပဲ(လုံးဝါးကြီး)မှာ ပဲခွဲစက်များ အဝယ်နည်းပြီး အရောင်းအဝယ်အေးခြင်းကြောင့် ၂၅၀၀၀၀ ကျပ် မှ ၂၄၆၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။လုံးဝါကြီး ဈေးနိမ့်သဖြင့် ခွဲခြမ်းမှာလည်း အနိမ့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရသဖြင့် တစ်ပိဿာ ၆၄၅၀ ကျပ် မှ ၆၁၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ပဲယင်းမှာ ပစ္စည်းရှားခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ၆၀ ပိဿာ ၁၅၃၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။မြေတောက်ပဲမှာ စိုက်ပျိုးထားဆဲကာလဖြစ်ခြင်း ၊ လက်ကျန်နည်းခြင်း ၊ လုပ်ငန်းသမားအဝယ်ရှိခြင်းကြောင့် ၅၄ ပိဿာ ၃၂၀၀၀၀ ကျပ် မှ ၃၃၀၀၀၀ ကျပ် သို့ ဈေးမြင့်သွား သည်။ စားတော်ပဲ(ကျွန်း)မှာလည်း လက်ကျန်နည်းခြင်း ၊ လက်လီသမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၃၄၀၀၀၀ ကျပ် မှ ၃၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ မိုးပဲအဝင်နည်းခြင်း ၊ ဆောင်းပဲ စိုက်ပျိုးထားဆဲကာလဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးသော် လည်း ပဲကြီး(ကြီး) ၃တင်း တစ်အိတ် ၃၉၅၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၃၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ထောပတ်ပဲ(ကြီး)မှာ အဝင်နည်း ၊ လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၄၂၀၀၀၀ ကျပ် မှ ၄၃၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားပြီး ထောပတ်ပဲ(သေး)မှာ ၃၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲလွန်းဖြူ/ပြာတို့မှာ မိုးပဲအဝင်နည်းခြင်း ၊ ဆောင်းပဲစိုက်ပျိုးထားဆဲ ဖြစ်ခြင်း ကြောင့် အရောင်းအဝယ်အေးသော်လည်း ပဲလွန်းဖြူ ၃တင်းတစ်အိတ် ၁၇၀၀၀၀ ကျပ် မှ ၁၇၅၀၀၀ ကျပ် ၊ ပဲလွန်းပြာ ၁၈၅၀၀၀ ကျပ် မှ ၁၉၀၀၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။

ဂျုံနှင့်အစေ့ထုတ်ပြောင်းဈေးကွက်အခြေအနေ

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းများ မှာ စတင် စိုက်ပျိုးစကာလဖြစ်ခြင်း ၊ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း ၊ ဂျုံစက်များ ဝယ်ယူမှုနည်းခြင်းကြောင့် ငါန်းဇွန် ၊ မြို့သာ ၊ မုံရွာ ၊ ဘုတလင် ၊ စစ်ကိုင်း ၊ ဆားတောင် ၊ ရွှေဘို ဂျုံအရည်အသွေးအကောင်းဆုံး ၆၀ ပိဿာ ၁၉၅၀၀၀ ကျပ် မှ ၁၉၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး ရှမ်းဂျုံနှင့် ကလေးဂျုံမှာ ၁၇၀၀၀၀ ကျပ် မှ ၁၈၀၀၀၀ ကျပ် သို့ဈေးမြင့်သွားပြီ ကြူကုတ်ဂျုံမှာ ၁၆၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ ပြည်ပဂျုံဖြစ်သော ဩစတြေးလျဂျုံမှုန့် တစ်ပိဿာ ၃၄၅၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။
အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် မိုးပြောင်းများအဝင်ရှိပြီး အစာစပ်သမား ဝယ်ယူမှု သာရှိသဖြင့် ၃ တင်းတစ်အိတ် ၅၄၀၀၀ ကျပ် မှ ၅၃၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။

 ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

 

သစ်သီးဝလံဈေးနှုန်းအနေဖြင့် ပန်းသီး အိတ်စွပ် ၆၀လုံးပါတစ်ခြင်း ၈၀၀၀၀ ကျပ် ဈေးရှိပြီး ထောပတ်သီး ၁၂၀လုံးပါ ပိုက်အိတ် တစ်အိတ်လျှင် အရည် အသွေးပေါ်မူတည်၍၂၀၀၀၀ ကျပ် မှ ၄၀၀၀၀ ကျပ် ဈေးရှိသည်။နာနတ်သီးများ တန့်ယန်းဘက်မှ ဝင်ရောက်ပြီးအရည်အသွေး ပေါ်မူတည်၍ ၅၀၀ ကျပ် မှ ၁၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။
ရမည်းသင်း ၊ မိတ္ထီလာ စပျစ်သီး တစ်ပိဿာ ၆၅၀၀ ကျပ်ဈေးရှိပြီး တရုတ်စပျစ်သီး ၄ ပိဿာတစ်ခြင်း ၄၀၀၀၀ ကျပ် ၊ ပျားလိမ္မော် ၁၀ ပိဿာ တစ်ခြင်း ၇၀၀၀၀ ကျပ်ဖြင့် အမှာရှိသော မြို့များနှင့် မြို့တွင်းသုံးဝယ်ယူမှုပုံမှန်ရှိသည်။ကျောက်ဆည်း ၊ မြစ်သား မှ အဝင်နည်းသွားသဖြင့် ပိုက်သခွား ၄လုံး တစ်ဖာ အရည်အသွေးပေါ်မူတည်၍ ၁၂၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ် ၊ ရွှေသခွား တစ်လုံး ၁၀၀၀ ကျပ် မှ ၂၅၀၀ ကျပ်ဖြင့် မြို့တွင်းသုံးနှင့် မှာယူသော မြို့များသို့ တင်ပို့မှုရှိသည်။

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 23 November 2023 20:10
Rate this item
(0 votes)