Fruits & Vegetables



မန္တလေးဈေးကွက် ဆီထွက်သီးနှံအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

မန္တလေးဈေးကွက် ဆီထွက်သီးနှံအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

30 11 2023

မန္တလေး ဆီထွက်သီးနှံဈေးကွက် အခြေအနေ

 

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ မကွေး၊ စစ်ကိုင်းမှအဝင်နည်းသွားပြီး မြင်းမူဘက်မှအဝင်သာရှိခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်သာရှိခြင်းကြောင့် ၁၀၀ပိဿာ အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၅၇၀၀၀၀ကျပ်မှ ယခုအပတ် ၅၈၀၀၀၀ကျပ်သို့ လည်းကောင်း၊ မြေပဲ(ဆီဆံ)မှာ နွားထိုးကြီးဘက်မှ အသစ်များဝင်ရောက်မှုရှိခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ယခင်အပတ် ၅၄၀၀၀၀ကျပ်မှ ယခုအပတ် ၅၃၀၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။
နှမ်းမျိုးစုံ ဈေးနှုန်းအနေဖြင့် နှမ်း(ဖြူ)မှာ မိုးနှမ်းအဝယ်နည်းသွားခြင်း၊ လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက်ရှိခြင်းတို့ကြောင့် ၄၅ပိဿာ အရည်အသွေးအကောင်းဆုံး ၃၄၅၀၀၀ကျပ်မှ ၃၆၀၀၀၀ကျပ် သို့ ဈေးမြင့်သွားသည်။ နှမ်းညိုမှာ ဆီစက်သမားအဝယ်ပုံမှန်ရှိသော်လည်း အသစ်များ ဝင်ရောက်မှုရှိပြီး အရည်အသွေးကောင်းခြင်းကြောင့် အဟောင်း ၄၅ပိဿာ ၂၈၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး အသစ်မှာ ၂၉၀၀၀၀ကျပ်သို့ ဈေးမြင့်နေသည်။ နှမ်းနက်မှာမူ အဝင်ပုံမှန်၊ စားသုံး မှုပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၂၇၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းဝါနှင့် နှမ်းနီလည်း ဝင်ရောက်မှုရှိပြီး အဝင်နည်းပြီး အရောင်းအဝယ်ဖြစ်မှုရှိသောကြောင့် နှမ်းဝါ ၄၅ပိဿာ ၂၉၀၀၀၀ကျပ် နှမ်းနီ ၃၀၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။
ပန်းနှမ်းဈေးနှုန်းအနေဖြင့် . စတင်စိုက်ပျိုးစကာလဖြစ်ခြင်းကြောင့် အသစ်မဝင်သေးခြင်း၊ အရောင်းအဝယ်အေးခြင်း၊ ကထိန်ကာလဖြစ်၍ ပိတ်ရက်များခြင်းကြောင့် ၄၅ပိဿာ ၂၀၀၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။
နေကြာဈေးနှုန်းမှာ မိုးနေကြာနှင့်ဆောင်းနေကြာကြား စပ်ကူးမတ်ကူးကာလဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း အရည်အသွေးပေါ်မူတည်၍ ၁၂၅၀၀၀ကျပ် မှ ၁၃၅၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီဈေးနှုန်းများအနေဖြင့် မိုးမြေပဲဝင်ချိန်ဖြစ်၍ မြေပဲ(လုံးဆံ) အဝင်များခြင်းကြောင့် ဆီဈေးမှာလည်း ၁၃၅၀၀ကျပ် မှ ၁၂၀၀၀ကျပ် သို့ ဈေးနိမ့်သွားပြီး နှမ်းဆီမှာ တစ်ပိဿာ ၁၂၅၀၀ကျပ် နေကြာဆီမှာ နေကြာဈေးမြင့်သဖြင့် ၁၄၀၀၀ကျပ် မှ ၁၅၀၀၀ကျပ် သို့ ဈေးမြင့်နေသည်။
မုန်ညှင်းဆီ တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ပဲပုတ်ဆီ တစ်ပိဿာ ၄၀၀၀ကျပ် မှ ၈၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲမျိုးစုံဈေးကွက် အခြေအနေ

မန္တလေးကိုင်းတန်းဈေး စားဖိုဆောင်သီးနှံများအနေဖြင့် မြစ်သားကြက်သွန်နီ မဝင်သေးခြင်း၊ မုံရွာထီးဆောင်းမှ လက်ကျန်များသာရှိခြင်း၊ အရည်အသွေးကောင်း ရှားခြင်းကြောင့် နယ်ဝေး တင်ပို့ရမှုမရှိဘဲ မြို့တွင်းသုံးသာရှိသော်လည်း ကြီးတစ်ပိဿာ ၃၇၀၀ကျပ်၊ လက်တစ်ပိဿာ ၃၃၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ကြက်သွန်နီ(သေး)မှာ မြို့တွင်းစားသုံးရန် အဝယ်များခြင်း ကြောင့် တစ်ပိသာ ၂၅၀၀ကျပ် မှ ၂၇၀၀ကျပ် သို့ဈေးမြင့်သွားသည်။
ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၁၂၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး ကြက်သွန်ဖြူ(ရှမ်း)မှာလည်း အဝင်ပုံမှန် စားသုံးမှုပုံမှန် ရှိခြင်းကြောင့် အရည်အသွေးအနိမ့်ဆုံး ၉၀၀၀ကျပ် မှ အကောင်းဆုံး ၁၁၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
အာလူဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူးများ အဝင်ပုံမှန် စားသုံးမှုပုံမှန် ရှိခြင်းကြောင့် တစ်ပိဿာ ၃၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး၊ တရုတ်အာလူးများ အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၃၂၀၀ကျပ် မှ ၃၅၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ချင်းဈေးနှုန်းအနေဖြင့် ပြည်ပပို့ရန်အဝယ်မရှိသဖြင့် ပင်ရင်းဈေးနိမ့်ခြင်း၊ အဝင်ပုံမှန် မြို့တွင်းသုံးပုံမှန်ဖြစ်ခြင်းကြောင့် တစ်ပိဿာ ၃၅၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲမျိုးစုံဈေးကွက်အခြေအနေ
မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲ ဈေးနှုန်းမှာ စတင်စိုက်ပျိုးရန် ပြင်ဆင်စကာလဖြစ်ခြင်း ရန်ကုန်ဝယ်လက်နည်းခြင်း၊ ရေသွင်းပဲများ ဝင်ရောက်ခြင်းကြောင့် ယခင်အပတ် ၂၇၅၀၀၀ကျပ် မှ ၂၆၀၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။
ပဲတီစိမ်းဈေးနှုန်းအနေဖြင့် အသစ်များဝင်ရောက်မှုရှိခြင်း၊ ဒေသအလိုက် အရည်အသွေးပေါ် မှုတည်၍ ဈေးကွာခြားခြင်းတို့ကြောင့် အသစ် ၃တင်းတစ်အိတ် ၁၃၅၀၀၀ကျပ် အဟောင်း တစ်အိတ် ၁၄၈၀၀၀ကျပ်ဖြင့် ပဲခွဲစက်များဝယ်ယူမှုသာရှိနေသည်။
ပဲစဉ်းငုံ(ဖြူ/နီ)ဈေးနှုန်းအနေဖြင့် ပစ္စည်းရှားခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ပဲစဉ်းငုံ(ဖြူ ) ၆၀ပိဿာ ၃၀၀၀၀၀ကျပ်၊ ပဲစဉ်းငုံ(နီ) ၆၀ပိဿာ ၃၈၀၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။
ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲအဝင်နည်းသွားခြင်း၊ ဆောင်းပဲစိုက်ပျိုးထားဆဲကာလဖြစ်ခြင်း ကြောင့် လုပ်ငန်းသမားနှင့်ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ပဲပုတ်(မြန်မာ) ၃တင်း တစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်၊ ပဲပုတ်(ရှမ်း)မှာ ဆီစက်သမားအဝယ်နည်းခြင်း၊ မိုးပဲအဝင်ရှိခဲ့ခြင်း ကြောင့် ၁၉၅၀၀၀ကျပ် မှ ၁၈၅၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။
ကုလားပဲ(လုံးဖြူကြီး)မှာ စတင်စိုက်ရန်ပြင်ဆင်စကာလဖြစ်ခြင်း လက်ကျန်နည်း ပစ္စည်းနည်း ခြင်း၊ လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် လုံးဖြူကြီး ၃တင်း တစ်အိတ် ၂၆၅၀၀၀ ကျပ်မှ ၂၇၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး၊ လုံးဝါကြီး(ထိုင်ဝမ်)မှာ ခွဲစက်သမား အဝယ်ရှိခြင်းကြောင့် ၂၄၆၀၀၀ကျပ် မှ ၂၅၅၀၀၀ကျပ် သို့ဈေးမြင့်သွားသည်။ ခွဲခြမ်းမှာမူ လုံးဝါကြီး အနိမ့်ဈေးဖြင့် ကြိတ်ခွဲထားခြင်း၊ မြို့တွင်း သုံးဝယ်ယူမှုနည်းခြင်းကြောင့် တစ်ပိဿာ ၆၁၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲယင်းမှာစိုက်ပျိုး စကာလဖြစ်ခြင်း၊ လှောင်သမား ထုတ်ရောင်းလိုအားများဖြင့်၊ အရောင်း အဝယ်အေးခြင်းကြောင့် ၆၀ပိဿာ ၁၅၃၀၀၀ကျပ် မှ ၁၄၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
မြေတောက်ပဲ၊ စားတော်ပဲ၊ ( ကျွန်း၊)ပဲလွန်းဖြူ/ပြာတို့မှာ စတင်စိုက်ပျိုးစကာလဖြစ်ခြင်း၊ လက်ကျန်များခြင်း၊ မြို့တွင်းလက်လီသမား အဝယ်နည်းခြင်းတို့ကြောင့် မြေတောက်ပဲ ၅၄ ပိဿာ ၃၃၀၀၀၀ကျပ်၊ စားတော်ပဲ ၃၁၀၀၀၀ကျပ်၊ ပဲလွန်းဖြူ ၁၇၀၀၀၀ကျပ်၊ ပဲလွန်းပြာ ၁၉၀၀၀၀ကျပ် ဖြင့်ဈေးတည်ငြိမ်နေသည်။
ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ မိုးပဲအဝင်နည်းပြီး ဆောင်းပဲစိုက်ပျိုးစ ကာလဖြစ်ခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ပစ္စည်းကောင်းရှာပြီး အရည်အသွေး အကောင်းဆုံးပဲကြီး(ကြီး) ၃တင်း ၄၁၀၀၀၀ ကျပ်၊ ပဲကြီး(သေး) ၃၇၀၀၀၀ကျပ်၊ ထောပတ်ပဲ(ကြီး) ၃တင်းတစ်အိတ် ၄၃၀၀၀၀ကျပ်၊ ထောပတ်ပဲ(သေး) ၃၇၀၀၀၀ကျပ်ဖြင့် ဈေး တည်ငြိမ်နေသည်။

 

ဂျုံနှင့်အစေ့ထုတ်ပြောင်းဈေးကွက်အခြေအနေ

 

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းအနေဖြစ် အသစ်စိုက်ပျိုး ထားချိန်ဖြစ်၍ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း၊ ဂျုံစက်များအဝယ်နည်းခြင်းကြောင့် မုံရွာ၊ ဘုတလင်၊ ငါန်းဇွန်၊ မြို့သာ၊ ဆားတောင်၊ စစ်ကိုင်း၊ ရွှေဘို၊ မြင်းမှု၊ မြောင်၊ ကလေး တို့မှ ဂျုံများမှာ အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၁၉၀၀၀၀ကျပ် မှ ယခုအပတ် ၁၈၅၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားပြီး ရှမ်းဂျုံမှာ ၃တင်းတစ်အိတ် ၁၈၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည် ဩစတေးလျဂျုံမှုန့် တစ်ပိဿာ ၃၄၅၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
အစေ့ထုတ်ပြောင်းမှာ မိုးပြောင်းများအဝင်ရှိခဲ့ပြီး၊ အစာစပ်သမား ပုံမှန်ဝယ်ယူမှုသာ ရှိသဖြင့် ၃တင်းတစ်အိတ် ၅၃၀၀၀ကျပ် မှ ၅၂၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

 ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

 

မန္တလေးသီရိမာလာဈေးတွင် နောင်ချိုမှ ပြောင်းဖူးများအဝင်များပြီး အရည်အသွေးညံ့သော ကြောင့် ၁၀၀ဖူးလျှင် ၂၀၀၀၀ကျပ်၊ ညောင်ပင် ဝန်းမှ သခွား(၁၀၀)လုံးပါတစ်အိတ် ၂၂၀၀၀ကျပ်ဖြင့် လက်လီသမားနှင့် မှာယူသောမြို့များသို့ တင်ပို့မှုရှိသည်။
ခရမ်းချဉ်(အင်းသီး) ၂၀ပိဿာ တစ်သေတ္တာလျှင် အရည်အသွေးညံ့သွားခြင်း၊ အဝင်များခြင်း ကြောင့် ၂၀၀၀၀ကျပ် မှ ၂၄၀၀၀ကျပ် မုံရွာမှ ထိုင်ဝမ်သီးများ စတင်ဝင်ရောက်ပြီး တစ်ပိဿာ ၁၂၀၀ကျပ် အဝေးတင်ပို့ရမှု နည်းပြီး မြို့တွင်းသုံး ဝယ်ယူမှုသာရှိနေသည်။
ငရုပ်စိုဈေးနှုန်းအနေဖြင့် မိတ္ထိလာ၊ မုံရွာတို့မှ ငရုပ်စို(ရှည်)များ အဝင်များခြင်း၊ မြို့တွင်း လုပ်ငန်းသုံး ဝယ်ယူမှုသာရှိခြင်းကြောင့် ငရုပ်စို(ရှည်) တစ်ပိဿာ၂၅၀၀ကျပ်၊ ငရုပ်(လတ်)မှာ တပ်ကုန်းဘက်မှ ရာသီကုန်ဖြစ်ပြီး မုံရွာ၊ ချောင်းဦးမှ စတင်ဝင်ရောက်သဖြင့် တစ်ပိဿာ ၄၅၀၀ကျပ် ဖြင့် ငပိထောင်း၊ လက်ဖက်လုပ်ငန်းရှင်များ ဝယ်ယူမှုပုံမှန်ရှိပြီး နယ်ဝေးတင်ပို့ရမှုနည်းသည်။
ပြင်ဦးလွင်မှ ပန်းမှုံလာ၊ဂေါ်ဖီထုပ်များ လှိုင်လှိုင်ဝင်ရောက်ပြီး၊ အရည်အသွေးနှိမ့်သဖြင့် ပန်းမှုံလာတစ်ပွင့် ၅၀၀ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၇၀၀ကျပ်ဈေးဖြင့် လက်လီသမားများ ပုံမှန်ဝယ်ယူနေ သည်။
သစ်သီးဝလံဈေးနှုန်းအနေဖြင့် သီပေါ၊တန့်ယန်း နာနတ်များ အဝင်ရှိပီး အရည်အသွေးပေါ် မှုတည်၍ တစ်လုံး ၆၀၀ မှ ၁၀၀၀ကျပ်၊ မန္တလေးဝန်းကျင်မှ သခွားမွှေး၊ ရွှေသခွားများ ဝင်ရောက်ပြီး တစ်လုံးအရည်အသွေးပေါ် မှုတည်၍ ၁၅၀၀ မှ၂၀၀၀ကျပ်၊ ကျောက်ဆည် ချောင်းဦးတို့မှ သင်္ဘောသီး များဝင်ရောက်မှုရှိပြီး ၂လုံးတွဲတစ်ထုတ် ၁၈၀၀ကျပ်၊ ရမည်းသင်း၊ မိတ္ထိလာ စပျစ်သီးတစ်ပိဿာ ၆၅၀၀ကျပ်၊ တရုတ်စပျစ် ၄ပိဿာတစ်ခြင်း ၄၀၀၀ကျပ်၊ ထောပတ်သီး ၁၂၀လုံးပါ ပိုက်အိတ် တစ်အိတ် ၃၅၀၀၀ကျပ်ဖြင့် မြို့တွင်းစားသုံးရန် ဝယ်ယူမှုများပြီး အဝေးတင်ပို့ရမှု နည်းသည်။
သီပေါဘက်မှ လိမ္မော်သီးများလည်း ဝင်ရောက်ပြီး ၂၀ပိဿာ ဝင်တစ်ခြင်း ၃၅၀၀၀ ကျပ်ဖြင့် ဝင်ရောက်မှုများနေသည်။

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 30 November 2023 19:47
Rate this item
(0 votes)