Fruits & Vegetables



ဘင်္ဂလားဒေ့ရှ် ကြက်သွန်နီ ကုန်သည်များ သွင်းကုန်ပါမစ်ကို အသုံးမပြုတော့ရန် ဆုံးဖြတ်

ဘင်္ဂလားဒေ့ရှ် ကြက်သွန်နီ ကုန်သည်များ သွင်းကုန်ပါမစ်ကို အသုံးမပြုတော့ရန် ဆုံးဖြတ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယက ကြက်သွန် တင်ပို့မှု တားမြစ်ကြောင်း ကြေညာပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် ကြက်သွန်နီ ဈေးနှစ်ဆ ရုတ်တရက် ခုန်တက်သွားခဲ့သည်။

 ဘင်္ဂလားဒေ့ရှ် အစိုးရက ပြည်တွင်းဈေးကွက်ထဲ  ကြက်သွန်နီ ဈေးတက်သည်ကို ထိန်းရန်  ကုန်သည်များကို မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံ ၁၀ နိုင်ငံမှ ကြက်သွန်နီများ တင်သွင်းရန် ခွင့်ပြု‌‌ေပးလိုက်သည်။

 

ဩဂုတ်လကတည်းက အိန္ဒိယ၏ ပို့ကုန်အကောက်ခွန်နှုန်းထား ရုတ်တရက် တိုးမြင့်လာပြီးနောက် ကုန်သည်များကို မြန်မာအပါအဝင် ၉ နိုင်ငံမှ ကြက်သွန်နီ တင်သွင်းခွင့်ကို စိုက်ပျိုးရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။


အိန္ဒိယ ကြက်သွန်ခွန်ကြောင့် မြန်မာအပါအဝင် ၉ နိုင်ငံမှ ကြက်သွန်နီ တင်သွင်းရန် ဘင်္ဂလားဒေ့ရှ် မီးစိမ်းပြ

https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/6746-oninin.html

 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

လာမည့်ရက်များတွင် ဘင်္ဂလားဒေ့ရှ်သည် တရုတ်၊ အီဂျစ်၊ မြန်မာ၊ နယ်သာလန်၊ ပါကစ္စတန်၊ ကာတာ၊ ထိုင်း၊ တူရကီ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အမေရိကန်တို့မှ ကြက်သွန်နီများ တင်သွင်းရန် မျှော်မှန်းထားသည်။

 

ကြက်သွန်နီ တင်သွင်းမှုမှာ အဆိုပါနိုင်ငံများ၏ ထက်ဝက်နီးပါးမှ ရောက်ရှိနေပြီဖြစ်သော်လည်း အီဂျစ်၊ မြန်မာ၊ နယ်သာလန်၊ ကာတာနှင့် တူရကီတို့မှ ကြက်သွန်နီများကို တင်သွင်းလာခြင်း မရှိသေးပေ။

 

 ဘင်္ဂလားဒေ့ရှ် ကြက်သွန်နီ ကုန်သည်များက ဆုံးရှုံးမှုများ ရှိလာမည်ကို စိုးရိမ်သောကြောင့် အစိုးရထံမှ ရရှိထားသော သွင်းကုန်ပါမစ်ကို အသုံးမပြုတော့ရန် ဆုံးဖြတ်ထားကြသည်။

 

အိန္ဒိယအစိုးရ ကြက်သွန်နီ ပြည်ပတင်ပို့မှု တားမြစ်ပိတ်ပင်လိုက်ပြီးနောက် ဈေးနှုန်းများ သိသိသာသာ မြင့်တက်နေခဲ့ရာ အသစ်ပေါ်သည့် ကြက်သွန်နီများ ပြည်တွင်းဈေးကွက်ထဲ ဆောလျင်စွာဖြင့် အလုံအလောက် ဝင်ရောက်လာသဖြင့် ကြက်သွန်နီဈေးနှုန်းများ ပြန်ကျလာသည်။

 

ကြက်သွန်နီ ဈေးတက်သည်ကို အကြောင်းပြုပြီး အမြတ်အစွန်းများရရှိရန် မျှော်လင့်ထားသည့် ပြည်တွင်းကုန်သည် အများအပြားတို့သည် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းမှုကြောင့် ယခုအခါ ဆုံးရှုံးမည့်အရေးကို စိုးရိမ်နေကြရသည်။

 

ဘင်္ဂလားဒေ့ရှ်သည် လက်ရှိဘဏ္ဍာရေးနှစ်တွင် ကြက်သွန်နီတန်ချိန် ၂ သန်းကျော် တင်သွင်းခွင့် ပြုထားရာ၌ အိန္ဒိယနိုင်ငံမှ ကြက်သွန်နီ တန်ချိန်  ၆ သိန်း အပါအဝင် ကြက်သွန်နီ စုစုပေါင်း တန်ချိန် ၇ သိန်းကျော် တင်သွင်းခဲ့ပြီးပြီဟု အစိုးရက ပြောကြားသည်။

 

ကြက်သွန်နီဈေးနှုန်းများ စျေးတက်ပြီးနောက် ဈေးကြီးသဖြင့် ဝယ်လိုအား သိသိသာသာ လျော့ကျသွားသည့်အတွက် ဒါကာမြို့ရှိ အချို့နေရာများတွင် လက်လီဈေးနှုန်းများသည် ယခင်နှုန်းထား တာကာ ၁၀၀ - ၁၃၀ သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။ 

 

အသစ်ပေါ်သည့် ကြက်သွန်နီ လက်ကားဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် တာကာ ၉၀ ရှိခဲ့ရာမှ အဝင်များသဖြင့် ကာတာ ၆၀ သို့ ကျဆင်းသွားခဲ့ပါသည်။

 

Source bdnews

Read times Last modified on Saturday, 23 December 2023 09:27
Rate this item
(0 votes)