Fruits & Vegetables



မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင်  စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

   12 1 2024                

 

ဆန်ဈေးနှုန်းများ အခြေအနေ

 

မန္တလေးကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် အဝင်ပုံမှန် စားသုံးမှုပုံမှန် ရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၂၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၇၀၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

     

မနောသုခဆန်မှာ မန္တလေးဝန်းကျင်မှ အဝင်များလာခြင်း၊ စားသုံးမှုပုံမှန်ရှိခြင်း၊ နယ်ဝေးတင်ပို့ ရမှုနည်းပြီး မြို့တွင်းသုံးသာရှိခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

ငစိန်ဆန်နှင့်ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်သောဆန်ဖြစ်ခြင်း၊ လုပ်ငန်းသမား အဝယ်များခြင်းကြောင့် ငစိန်ဆန်တစ်အိတ် ၇၂၀၀၀ကျပ် မှ ၇၅၀၀၀ကျပ်သို့ ဈေး မြင့်သွားပြီး ဇီယာဆန်မှာ အဝင်နည်းခြင်းကြောင့် မြို့တွင်းသုံးပုံမှန်ရှိခြင်း၊ ဗန်မော်နှင့်အမှာရှိသော မြို့များတင်ပို့ရမှုရှိခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ကျပ် မှ ၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

   

 ဧရာမင်းဆန်မှာမူ အဝင်ပုံမှန်၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

 ဆီဈေးနှုန်းများ အခြေအနေ

 ဆီဈေးနှုန်းအနေဖြင့် ပဲဆီတစ်ပိဿာ ၁၂၀၀၀ကျပ်၊ နှင်းဆီ တစ်ပိဿာ ၁၂၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာ ၁၃၀၀၀ကျပ်၊ မုန်ညှင်းဆီ ၁၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲပုတ်ဆီမှာ ဆောင်းပဲပုတ်များဝင်ချိန်နီး၍ ရှမ်းပဲပုတ်ဈေးနိမ့်သဖြင့် လက်ကျန်များခြင်းကြောင့် တစ်ပိဿာ ၇၀၀၀ကျပ် မှ ၆၅၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ဆီထွက်သီးနှံ ဈေးကွက်အခြေအနေ

    မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် မြေပဲ(လုံးဆံ)ဈေးနှုန်းအနေဖြင့် မိုးပဲအဝင်နည်းသွားခြင်း၊ ဆောင်းပဲမဝင်သေးခြင်းကြောင့် ၁၀၀ပိဿာ မြင်းမူဆံ ၇၀၀၀၀၀ကျပ် မှ ၇၂၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ မြေပဲ(ဆီဆံ)ဈေးနှုန်းမှာ ဆီစက်များပုံမှန် ဝယ်ယူမှုရှိခြင်း၊ မိုးပဲလက်ကျန်နည်းခြင်းကြောင့် ၁၀၀ပိဿာ အရည်အသွေးအကောင်းဆုံး ၅၈၀၀၀၀ကျပ် မှ ၆၀၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

    

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ မိုးနှမ်းလက်ကျန်နည်းခြင်း၊ ဆောင်းနှမ်းအဝင်နည်း သေးခြင်းကြောင့် တရုတ်ဝယ်လက်နည်းသော်လည်း ၄၅ပိဿာ အရည်အသွေးအကောင်းဆုံး ၃၄၀၀၀၀ကျပ် မှ ၃၄၅၀၀၀ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။ နှမ်းညိုမှာ မိုးနှမ်းလက်ကျန် နည်းခြင်း၊ ဆောင်းနှမ်းမဝင်သေးခြင်း၊ ဆီစက်သမားအဝယ်ရှိခြင်းကြောင့် ၄၅ပိဿာ အရည်အသွေး အကောင်းဆုံး ၂၈၅၀၀၀ကျပ် မှ ၂၉၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းနက် တရုတ်ဝယ်လက် နည်းခြင်း၊ အရောင်းအဝယ် အေးခြင်းကြောင့် ၄၅ပိဿာ ၃၆၀၀၀၀ကျပ်မှ ၃၄၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းဝါနှင့်နှမ်းနီမှာ လက်ကျန်နည်းသွားခြင်းကြောင့် ၄၅ပိဿာ ၃၀၀၀၀၀ကျပ် ဖြင့်ဈေးငြိမ်နေသည်။

    

 

ပန်းနှမ်းဈေးနှုန်းအနေဖြင့် လက်ကျန်နည်း ပစ္စည်းရှားသော်လည်း အရောင်းအဝယ်အေးခြင်း၊ အသစ်ဝင်ချိန်နီး၍ လှောင်သမား ထုတ်ရာင်းမှုရှိခြင်း၊ ဘယဆေးသမား အဝယ်အနည်းငယ် ရှိခြင်းကြောင့် ၄၅ပိဿာ ၁၉၅၀၀၀ကျပ်ဖြင့် အနည်းငယ်ရောင်းဝယ်မှုရှိသည်။

   

နေကြာဈေးနှုန်းမှာ ဆောင်းနေကြာဝင်ချိန်နီးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၂၇ပိဿာ ၁၂၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

စားဆောာင်သီးနှံ ဈေးကွက်အခြေအနေ

        မန္တလေးတိုင်းတန်းဈေးတွင် မြစ်သားကြက်သွန်များ အဝင်များလာခြင်း၊ နယ်ဝေးတင်ပို့ရမှု နည်းခြင်းကြောင့် ကြက်သွန်နီ(ကြီး) တစ်ပိသာ ၃၇၀၀ကျပ် မှ ၃၂၀၀ကျပ် လတ်တစ်ပိဿာ ၃၄၀၀ကျပ် မှ ၂၈၀၀ကျပ်၊ သေးတစ်ပိဿာ ၂၈၀၀ကျပ် မှ ၂၃၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ရွှေဘို ဘက်မှ ကြက်သွန်များမှာ ကြီးတစ်ပိဿာ ၂၈၀၀ကျပ်၊ လက်တစ်ပိဿာ ၂၅၀၀ကျပ်၊ သေးတစ်ပိဿာ ၂၀၀၀ကျပ် ဈေးရှိသည်။

    

ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်များလာခြင်း၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၁၁၀၀၀ကျပ် မှ ၁၀၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ ကြက်သွန်ဖြူ(ရှမ်း) မှာ အသစ်မဝင် သေးခြင်း ပစ္စည်းကောင်းရှားခြင်းကြောင့် အရည်အသွေး အညံ့ဆုံး တစ်ပိဿာ ၁၁၀၀၀ကျပ်မှ အကောင်းဆုံး ၁၆၀၀၀ကျပ်ထိ ဈေးမြင့်နေသည်။

    

ယခုအပတ်ဈေးကွက်အတွင်း တရုတ်အာလူးများသာ ရောင်းဝယ်မှုရှိခြင်း၊ အောင်ပန်းအာလူး ဝင်ရောက်မှုမရှိခြင်း၊ မြို့တွင်းသုံး ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် ၂၃၀၀ကျပ်မှ ယခုအပတ် ၂၅၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

 ချင်း ဈေးနှုန်အနေဖြင့် ပြည်ပတင်ပို့မှုနည်းခြင်း၊ မြို့တွင်းသုံးစွဲမှုသာရှိခြင်းကြောင့် အဝင်ပုံမှန်၊ စားသုံးမှုပုံမှန် တစ်ပိဿာ ၃၅၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲမျိုးစုံ ဈေးကွက်အခြေအနေ

      မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော် အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲဈေးနှုန်း မှာ အသစ်မဝင်သေးခြင်း၊ လှောင်သမားထံမှဝယ်ရခြင်း၊ ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် ၆၀ ပိဿာ ၂၈၀၀၀၀ကျပ်မှ ၂၉၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲတီစိမ်း(အညာ)မှာ အသစ်များစတင်ဝင်ရောက်ခြင်း၊ အဟောင်းလက်ကျန်လည်းရှိခြင်း ကြောင့် အရည်အသွေးအကောင်းဆုံး အသစ် ၃တင်းတစ်အိတ် ၁၈၀၀၀၀ကျပ်၊ အဟောင်းတစ် အိတ် ၁၇၅၀၀၀ကျပ်ဖြင့် တရုတ်ဝယ်လက်နှင့် မြို့တွင်းပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိသည်။

    

ပဲစိမ်းငုံ(ဖြူ)မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်ပစ္စည်းရှားခြင်းကြောင့် အရောင်းအဝယ် ဖြစ်မှုမရှိဘဲ ပဲစိမ်းငုံ(နီ)မှာ ရန်ကုန်ဝယ်လက်ရှိခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ၃တင်း တစ်အိတ် ယခင်အပတ် ၃၁၀၀၀၀ကျပ်မှ ၃၃၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

    

 

ပဲပုတ်(မြန်မာ)မှာ မိုးပဲအဝင်နည်းခြင်း၊ ဆောင်းပဲစိုက်ပျိုးဆဲဖြစ်ခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၁၉၀၀၀၀ကျပ် မှ ၁၉၅၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ပဲပုတ်(ရှမ်း)မှာ ဆီစက်သမားအဝယ်နည်းခြင်း၊ အသစ်ဝင်ချိန်နီးခြင်းကြောင့် ၃တင်းတစ်အိတ် ယခင် အပတ် ၁၇၃၀၀၀ကျပ် မှ ယခုအပတ် ၁၆၈၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

   

ကုလားပဲ(လုံးဝါကြီး/လုံးဖြူကြီး)တို့မှာ အသစ်စိုက်ပျိုးထားဆဲကာလဖြစ်ခြင်း၊ လက်ကျန် နည်းခြင်း၊ လုပ်ငန်းသုံးနှင့်ခွဲစက်များ ဝယ်ယူမှုပုံမှန်ရှိခြင်းတို့ကြောင့် လုံးဖြူကြီး ၃တင်းတစ်အိတ် ၂၉၀၀၀၀ကျပ်မှ ယခုအပတ် ၃၀၂၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး၊ လုံးဝါကြီးမှာ ၂၈၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ လုံးဝါကြီးအမြင့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရသဖြင့် ခွဲခြမ်းမှာလည်း တစ်ပိဿာ ၆၅၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

   

မြေတောက်ပဲ၊ ပဲလွန်းဖြူ၊ ပဲလွန်းပြာတို့မှာ ဆောင်းလက်ကျန် မဝင်သေးသော်လည်း လက်ကျန်နည်းခြင်း၊ ပစ္စည်းကောင်းရှားခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း မြေတောက် ပဲ ၅၄ပိဿာ ၃၄၀၀၀၀ကျပ်၊ ပဲလွန်းဖြူ ၁၉၅၀၀၀ကျပ်၊ ပဲလွန်းပြာ ၂၀၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ မိုးပဲလက်ကျန်နည်းခြင်း၊ ဆောင်းပဲ မဝင်သေးခြင်း၊ လုပ်ငန်းသမားဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ပဲကြီး(ကြီး) ၄၂၀၀၀၀ကျပ်၊ ပဲကြီး(သေး) ၄၀၀၀၀၀ကျပ်၊ ထောပတ်ပဲ(ကြီး) ၄၅၀၀၀၀ကျပ်၊ ထောပတ်ပဲ(သေး) ၄၀၀၀၀၀ကျပ် အသီးသီးဖြင့် ရောင်းဝယ်မှုရှိသည်။

 

ဟင်းသီဟင်းရွက်နှင့် သစ်သီးဝလံ ဈေးကွက်အခြေအနေ

       မန္တလေးဈေးကွက်တွင် ခရမ်းချဉ်(ရှမ်းတောင်)မှာ အဝင်နည်းသော်လည်း ပင်ကျသီးများ ဖြစ်ခြင်းကြောင့် ၂၀ပိဿာ တစ်သေတ္တာလျှင် ၂၀၀၀၀ကျပ်ဈေး၊ မုံရွာညောင်ပင်ဝန်းမှ ထိုင်ဝမ်သီး တစ်ပိဿာ ၁၀၀၀ကျပ်ဖြင့် မြစ်ကြီးနား၊ လုံးခင်းသို့ တင်ပို့မှုရှိသည်။

      

ငရုတ်စို(ရှည်နှင့်လတ်)မှာ မုံရွာ၊ ချောင်းဦးမှ ဝင်ရောက်ပြီး၊ ငပိထောင်း၊ လက်ဖက်သမား ပုံမှန်ဝယ်ယူခြင်း၊ ဗန်းမော်သို့ တင်ပို့မှုရှိသော်လည်း အဝင်များခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၂၀၀၀ကျပ်၊ လတ်တစ်ပိဿာ ၃၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။

     

သစ်သီးဝလံဈေးနှုန်းအနေဖြင့် ဆားတောင်ဘက်မှ ဖရဲသီးများ လှိုင်လှိုင်ဝင်ရောက်ပြီး အရည်အသွေးပေါ်မှုတည်၍ ၁၅၀၀ကျပ် မှ ၁၈၀၀ကျပ်၊ ချောင်းဦး၊ မြစ်သားမှ ပိုက်သခွား ၄လုံး တစ်ဖာ ၁၅၀၀၀ကျပ်၊ ရွှေသခွား ၄လုံးတစ်ဖာ ၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။  ခင်ဦး၊ ဆားတောင်၊ တံတားဦး၊ ငါန်းဇွန်တို့မှ သင်္ဘောသီးများ အဝင်များခြင်းကြောင့် အကြီးတစ်လုံး ၁၅၀၀ကျပ်၊ ၂လုံးတွဲတစ်ထုပ် ၁၀၀၀ကျပ် ဈေးရှိသည်။ 

     

ထောပတ်သီးများ အဝင်များလာခြင်းကြောင့် အရည်အသွေးပေါ်မှုတည်၍ ၁၂၀လုံးပါ ပိုက်အိတ်တစ်အိတ် ၂၀၀၀၀ကျပ် မှ ၃၀၀၀၀ကျပ်၊ သီပေါမှ လိမ္မော်သီးများ လှိုင်လှိုင်ဝင်ရောက်မှု ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၁၀၀ပိဿာ ၁၈၀၀၀၀ကျပ် မှ ၃၀၀၀၀၀ကျပ်ထိ ဈေး အမျိုးမျိုးဖြင့် ရောင်းဝယ်မှုရှိသည်။

 

သစ်သီးမျိုးစုံအား လားရှိုး၊ ဖားအံ၊ မြဝတီ၊ မြစ်ကြီးနားနှင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိ သည်။

 

ဂျုံ နှင့်အစေ့ထုတ်ပြောင်း ဈေးကွက်အခြေအနေ

    မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းအနေဖြင့် စိုက်ပျိုးထား ဆဲကာလဖြစ်၍ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ မြင်းမူ၊ မြောင်၊ ရွှေဘိုဒေသထွက်ဂျုံများ ၃တင်းတစ်အိတ် ၁၈၅၀၀၀ကျပ်၊ ရှမ်းဂျုံ(သစ်) ၃တင်းတစ်အိတ် ၁၇၅၀၀၀ကျပ်၊ ကြူကုတ်ဂျုံ ၁၆၅၀၀၀ကျပ်၊ ဩစတေးလျဂျုံမှုန့်တစ်ပိဿာ ၃၃၀၀ကျပ်ဖြင့် ဂျုံစက်များ ဝယ်ယူမှုပုံမှန်ရှိနေသည်။

    

အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် မိုးလက်ကျန်နည်းခြင်း၊ ဆောင်းပြောင်းမဝင်သေးခြင်း၊ အစာစပ်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် အရည်အသွေးပေါ်မှုတည်၍ ၅၇၀၀၀ ကျပ် မှ ၅၈၀၀၀ကျပ်ဖြင့် ပုံမှန်ရောင်းဝယ်နေသည်။

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 17 January 2024 14:28
Rate this item
(0 votes)