Fruits & Vegetables



မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင်  စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

16 feb 2024

.

ဆန်ဈေးကွက်အခြေအနေ

မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန်၊ မြို့တွင်းသုံး ပုံမှန်ရှိခြင်းကြောင့် အရည်သွေးပေါ်မူတည်၍ တစ်အိတ် ၁၂၅၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ်ဖြင့် ဈေး တည်ငြိမ်နေသည်။ 

ရွှေဘိုပေါ်ဆန်းမှာ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     

မနောသုခဆန်မှာ အဝင်ပုံမှန်ရှိခြင်း၊ မန္တလေးအနီးဝန်းကျင်သို့ တင်ပို့ရမှု နည်းခြင်း၊ မြို့တွင်း စားသုံးမှုသာရှိခြင်းကြောင့် တစ်အိတ် ၉၂၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်သို့ ဈေးမသိမသာ ဈေးနိမ့်သွား သည်။

    . 

ငစိန်ဆန်နှင့်ဇီယာဆန် ဈေးနှုန်းအနေဖြင့် ငစိန်ဆန်မှာ တောင်သူထံ လက်ကျန်နည်း၍ ပင်ရင်းဈေး မသိမသာမြင့်ခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၇၅၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ဇီယာဆန်မှာ မြို့တွင်းသုံးမျှသာရှိပြီး အဝေးတင်ပို့ရမှု မရှိခြင်းကြောင့် တစ်အိတ် ၉၅၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

  .

ဧရာမင်းဆန်မှာ အသစ်၊ အဟောင်း နှစ်မျိုးလုံးတွေ့ရပြီး၊ အရည်အသွေးပေါ်မူတည်၍ အသစ် တစ်အိတ် ၁၄၈၀၀၀ကျပ်၊ အဟောင်းတစ်အိတ် ၁၃၅၀၀၀ကျပ်နှင့် ၁၆၂၀၀၀ ကျပ်ထိ၊ အရည်အသွး အလိုက်ရောင်းချမှုရှိနေသည်။

.

.

ဆီထွက်သီးနှံဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ ဆောင်းမြေပဲအသစ်များ စတင်ရောက်ပြီး ဒေသအလိုက် အရည်အသွေး ပေါ်မူတည်၍ ၁၀၀ ပိဿာလျှင် ၇၂၀၀၀၀ ကျပ်မှ အရည်အသွေးအကောင်းဆုံး ၈၈၀၀၀၀ ကျပ် ထိ ဈေးများဖြင့် လုပ်ငန်းသမားဝယ်ယူမှု ပုံမှန်ရှိနေသည်။

   

မြေပဲ(ဆီဆံ)မှာ အသစ်အဝင်နည်းသေးခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်း၊ မိုးမြေပဲ လက်ကျန်နည်းခြင်းကြောင့် ၁၀၀ ပိဿာလျှင် ၆၅၀၀၀၀ ကျပ်မှ ၇၈၀၀၀၀ ကျပ်ထိ ဈေးမြင့်သွား သည်။

    

နှမ်းမျိုးစုံ ဈေးနှုန်းအနေဖြင့် မိုးနှမ်းအဝင်နည်းသွားခြင်း လုပ်ငန်းသမားနှင့် တရုတ်သမား အဝင်အနည်းငယ်ရှိခြင်းကြောင့် နှမ်းဖြူ  ၄၅ ပိဿာ ၄၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး၊ နှမ်းညိုမှာ ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၄၅ ပိဿာ ၃၂၅၀၀၀ ကျပ် ၃၁၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ 

နှမ်းနက်မှာ ဆောင်းလက်ကျန်များခြင်း၊ နွေနှမ်းစိုက်ချိန်နီး၍ လှောင် သမားထုတ်ရောင်းမှုရှိခြင်းကြောင့် ၄၅ ပိဿာ ၄၀၅၀၀၀ ကျပ်မှ ၃၉၀၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ 

နှမ်းနီနှင့် နှမ်းဝါမှာ လက်ကျန်နည်းပစ္စည်းရှားသော်လည်း အရောင်းအဝယ်အေး သဖြင့် ၄၅ ပိဿာ ၃၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.

.

စားဖိုးဆောင်သီးနှံဈေးကွက်အခြေအနေ

မန္တလေးကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် မြစ်သား ကြက်သွန်နီနှင့် ရွှေဘိုကြက်သွန်နီ နှစ်မျိုးတွေ့ရပြီး မြစ်သား ကြက်သွန်နီ အဝင်နည်းသွားခြင်၊ အရည်အသွေးကောင်းခြင်းကြောင့် တစ်ပိဿာ ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်၊ လတ်တစ်ပိဿာ ၂၂၀၀ ကျပ်မှ ၂၆၀၀ ကျပ်၊ သေးတစ်ပိဿာ ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ရွှေဘိုကြက်သွန်နီမှာ ကြီး ၂၃၀၀ ကျပ်၊ လတ် ၂၂၀၀ ကျပ်၊ သေး ၂၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံးနှင့် ဟိုပင်၊ မြစ်ကြီးနားတင်ပို့ရမှု အနည်းငယ်သာရှိသည်။

   .

ကြက်သွန်ဖြူ (တရုတ်)မှာ အရည်အသွေးပေါ်မူတည်၍ ၉၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်၊ ရွှေဘို ရွှေပန်းကုံးမှဝင်သော မြေပြန့်ကြက်သွန်ဖြူ တစ်ပိဿာလျှင် အရည်အသွေးပေါ် မူတည်၍ ၈၀၀၀ကျပ် မှ ၁၅၀၀၀ ကျပ် ဈေးအမျိုးမျိုးဖြင့်မြို့တွင်းသုံး ဝယ်ယူမှုသာ များသည်။

    .

အာလူး ဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူးအဝင်နည်းပြီး တရုတ်အာလူးများသာ ရောင်း ဝယ်မှုများပြီး အဝင်များပြီး စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၂၅၀၀ ကျပ်မှ ၂၃၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

.   

ချင်းဈေးနှုန်းအနေဖြင့် အောင်ပန်းပြင်ဦးလွင်မှ ဝင်ရောက်ပြီး ဘင်္ဂလားတင်ပို့မှု မရှိသော် လည်း အရည်အသွေးကောင်းသောကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်သို့ ဈေး မသိမသာမြင့်သွားသည်။

.

.

ပဲမျိုးစုံဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲ ဈေးနှုန်းများ အသစ်အဝင်သေးခြင်း၊ လက်ကျန်အဟောင်းများ အရည်အသွေးညံ့သွားခြင်းကြောင့် အညံ့ဆုံး ၃တင်း တစ်အိတ် ၂၅၀၀၀၀ ကျပ်၊ အရည်အသွေးအကောင်းဆုံး ၂၉၀၀၀၀ ကျပ်ဖြင့် ပဲခွဲစက် နှင့် ရန်ကုန် ဝယ်လက်ပုံမှန် ဝယ်ယူမှုရှိနေသည်။

   

ပဲတီစိမ်း(အညာ)မှာ ဆောင်းပဲအဝင်နည်းသွားသော်လည်း တရုတ်ဝယ်လက်နည်းခြင်း၊ မြို့တွင်း ပဲခွဲစက်များ အဝယ်သာရှိခြင်း၊ ဒေသအလိုက် အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်း တို့ကြေင့် အရည်အသွေးအညံ့ဆုံး ၃တင်းတစ်အိတ် ၁၅၅၀၀၀ ကျပ်မှ အကောင်းဆုံး ၁၈၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

  .

ပဲစဉ်းငုံ (နီ)မှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ယခင်အပတ် ၄၀၀၀၀၀ ကျပ်မှ ၃၇၈၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

   .

ပဲပုတ် (ရှမ်း/မြန်မာ) တို့အနက် ပဲပုတ် (မြန်မာ)မှာ အသစ်စတင်ဝင်ရောက်မှုရှိခြင်းကြောင့် အသစ် ၃တင်းတစ်အိတ် ၁၈၀၀၀၀ ကျပ်၊ အဟောင်း ၁၉၀၀၀၀ ကျပ်ရှိပြီး ပဲပုတ် (ရှမ်း)မှာ အသစ်ဝင်ရောက်မှု မရှိသေးခြင်း၊ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၃တင်း တစ်အိတ် ၁၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.

ကုလားပဲ ဈေးနှုန်းများအနေဖြင့် အသစ်များဝင်ရောက်မှုရှိခြင်း၊ မြို့တွင်းသုံးလုပ်ငန်းသမား အဝယ်သာရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၃၂၀၀၀၀ ကျပ်မှ ၂၇၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ကုလားပဲ (လုံးဝါကြီး) မှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုသာရှိခြင်းကြောင့် လုံးဝါကြီးတစ်အိတ် ၂၈၇၀၀၀ ကျပ်မှ ၂၆၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

   .

ပဲယင်း၊ စားတော်ပဲ (ကျွန်း)၊ မြေတောက်ပဲတို့မှာလည်း အသစ်စတင်ဝင်ရောက်သော်လည်း အဝင်နည်းသေးခြင်း၊ လုပ်ငန်းသမားနှင့် ပဲခွဲစက်များ အဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲယင်း ၃တင်း တစ်အိတ် ၁၉၀၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်၊ မြေတောက်ပဲ ၃၈၅၀၀၀ ကျပ်မှ ၃၇၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး စားတော်ပဲ (ကျွန်း)မှာ လက်လီသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်း တစ်အိတ် ၃၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.   

ပဲလွန်းဖြူ၊ ပဲလွန်းပြာတို့မှာ အသစ်မဝင်သေးခြင်း၊ လက်လီသမားပုံမှန် ဝယ်ယူမှုရှိခြင်း ကြောင့် ပဲလွန်းဖြူ  ၃ တင်းတစ်အိတ် ၂၂၀၀၀၀ ကျပ်မှ ၂၃၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ပဲလွန်းပြာမှာ ၂၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.  

 ပဲကြီး (ကြီး/သေး) ထောပတ်ပဲ (ကြီး/သေး) တို့မှာ ပဲကြီး (ကြီး) မှာ အသစ်မဝင်သေးခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ၃တင်း တစ်အိတ် ၁၉၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲကြီး (သေး)မှာ အသစ်ဝင်ရောက်မှုရှိခြင်း လက်လီနှင့်လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် ၃၅၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ 

.

ထောပတ်ပဲ (ကြီး/သေး) တို့မှာ အသစ်အဝင်နည်းသေးခြင်း၊ အရောင်း အဝယ်အေးခြင်း၊ ပစ္စည်းကောင်းရှားခြင်းကြောင့် ထောပတ်ပဲ (ကြီး) ၃တင်း တစ်အိတ် ၄၈၀၀၀၀ ကျပ် ထောပတ်ပဲ (သေး) ၄၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.

.

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

မန္တလေးကိုင်းတန်းဈေးတွင် ရှမ်းတောင် ခရမ်းချဉ် ရာသီကုန် အဝင်မရှိသဖြင့် ညောင်ပင်ဝန်း မှ ထိုင်ဝမ်သီးများသာ ဝင်ရောက်ပြီး အဝေးတင်ပို့ရမှု မရှိသေးသဖြင့် မြို့တွင်းသုံးသာ ရှိခြင်းကြောင့် တစ်ပိဿာ ၆၀၀ ကျပ်ထိ ဈေးနိမ့်နေသည်။ 

.

ငရုတ်စို (ရှည်နှင့်လတ်)မှာ ချောင်းဦးဘက်မှ ပုံမှန် ဝင်ရောက်မှုရှိခြင်း၊ အဝေးတင်ပို့ရမှု နည်းပြီး မြို့တွင်းလုပ်ငန်းသမား၊ လက်လီသမား အဝယ်သာ ရှိခြင်းကြောင့် ငရုတ်စို (ရှည်) တစ်ပိဿာ ၁၈၀၀ ကျပ်၊ ငရုတ်စို (လတ်) ၂၈၀၀ ကျပ်ဖြင့် ရောင်းဝယ် နေသည်။ 

.

ဟင်းသီးဟင်းရွက်များအနေဖြင့် ကျောက်ဆည်နှင့် မန္တလေးဝန်းကျင်မှ ပန်းမုံလာများ လှိုင်လှိုင်ဝင်ရောက်ခြင်းကြောင့်  တစ်ပွင့် ၄၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၇၀၀ ကျပ်၊ မုံလာဥနီ တစ်ပိဿာ ၂၀၀၀ ကျပ်၊ ကျွန်းဘက်မှ ဘိုစားပဲသီး တစ်ပိဿာ ၃၀၀၀ ကျပ် ဖြင့် စားသောက်ဆိုင်နှင့် လက်လီသမား ပုံမှန်ဝယ်ယူမှုရှိသည်။

        .

သစ်သီးဝလံဈေးနှုန်းအနေဖြင့် ပန်းသီးအိတ်စွပ် (၆၀)လုံးပါတဖာလျှင် ၈၀၀၀၀ ကျပ်၊ မိတ္ထီလာ စပျစ်သီးများ အဝင်များပြီး တစ်ပိဿာ ၄၅၀၀ ကျပ်၊ ရွှေသခွားများ အဝင်များလာခြင်း ကြောင့် တစ်လုံး ၃၀၀ ကျပ် မှ ၈၀၀ ကျပ်၊ မုံရွာချောင်းဦးမှ ဖရဲသီးများ အရည်အသွေးပေါ်မူတည်၍ ၁၀၀၀ ကျပ် မှ ၁၅၀၀ ကျပ် ဖြင့် ရောင်းဝယ်မှုရှိသည်။ 

.

ထောပတ်သီး ၁၂၀လုံး ပါ တစ်အိတ်လျှင် အရည်အသွေးပေါ် မူတည်၍ ၂၅၀၀၀ ကျပ် မှ ၃၀၀၀၀ ကျပ်၊ ညောင်ပင်ဝန်းမှ သင်္ဘောသီးများ အရည်အသွေးပေါ်မူတည် ၍ ၈၀၀ ကျပ် မှ ၁၃၀၀ ကျပ် ဖြင့် မြို့တွင်း သစ်သီးဖျော်ရည်ဆိုင်များ၊ လက်လီအရောင်းဆိုင်များ ဝယ်ယူမှုရှိသည်။

.

သီပေါနာနတ်များမှာ အဝင်နည်း ပစ္စည်းရှားသွားခြင်းကြောင့် တစ်လုံးလျှင် ၁၀၀၀ မှ ၁၂၀၀ ကျပ် ထိ အရည်အသွေးပေါ်မူတည်၍ ဈေးမြင့်နေသည်။ ယခုအပတ်တွင် သစ်သီးမျိုးစုံကို လာရှိုး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား စသော မြို့များသို့ တင်ပို့ရမှုနည်းပြီး မြို့တွင်းသုံးဝယ်ယူမှုသာ များကြောင်း သိရသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 16 February 2024 13:42
Rate this item
(0 votes)