Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်းသီးနဲ့ပတ်သက်ပြီး လူတိုင်း မသိသေးတဲ့အချက်များ

ပန်းသီးကို ကလေးလူကြီးအရွယ်မရွေး ကြိုက်နှစ်သက်ကြပါတယ်။ ပန်းသီးက သဘာဝကပေးတဲ့

လက်ဆောင်တစ်မျိုးဖြစ်ပြီး စားရတာလည်းအရသာရှိ၊ ကျန်းမာရေးအတွက်လည်း အများကြီးအထောက်အကူပေးပါတယ်။



ပန်းသီးနဲ့ပတ်သက်ပြီး သိသမျှကို Food Industry Directory မှ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။



ပန်းသီးတစ်လုံးရလာဖို့ အချိန်ဘယ်လောက်ကြာလဲ

သဘာဝအတိုင်းဆိုရင် ပန်းသီးအစေ့တစ်စေ့ကနေ ပန်းသီးတစ်လုံးဖြစ်လာဖို့အတွက် အချိန် (၁၀) နှစ်လောက်ပေးရပါတယ်။ ပန်းသီးစိုက်မယ်ဆိုရင်တော့ စိတ်ရှည်ဖို့တော့လိုပါတယ်။

 

ကမ္ဘာပေါ်မှာ ပန်းသီးအမျိုးပေါင်း ဘယ်နစ်မျိုးရှိသလဲ

အဲလောက်များလိမ့်မယ်တောင် ခင်ဗျားထင်ထားမှာမဟုတ်ပါဘူး။ တကယ်တမ်းကျတော့ ကမ္ဘာပေါ်မှာ ပန်းသီးအမျိုးပေါင်း (၇၅၀၀) ကျော်ရှိပါတယ်တဲ့။ တကယ်လို့ ခင်ဗျားသာ ပန်းသီးခရေဇီတစ်ယောက် ဖြစ်ပြီး အကုန်လုံးကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင် အနည်းဆုံး အချိန် အနှစ် (၂၀) လောက်ပေးရလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

 

ပန်းသီးတွေ ဘာလို့ရေမှာပေါ်တာလဲ

ပန်းသီးတွေကို ရေထဲပစ်ချလိုက်ရင် အောက်ခြေထိမြုပ်မသွားဘဲ တစ်ဝက်မြုပ် တစ်ဝက်ပေါ်နဲ့မြှုပ်ချည်ပေါ်ချည် ဖြစ်နေတတ်ပါတယ်။ ဒါကဘာဖြစ်လို့လဲဆိုတော့ ပန်းသီးတွေရဲ့ ထုထည် (၂၅) ရာခိုင်နှုန်းကို လေတွေနဲ့ဖွဲ့စည်းထားပါတယ်။ လေဟာ ရေထက်သိပ်သည်းဆနည်းတဲ့အတွက် ရေမှာပေါ်နေရခြင်းဖြစ်ပါတယ်။



ပန်းသီးပိုင်မုန့်ကို ဘယ်သူတီထွင်ခဲ့တာလဲ


ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ပိုင်မုန့်ဟာ အမေရိကန်နိုင်ငံမှာတော့ နာမည်ကြီးအစားအစာတစ်မျိုးပါပဲ။ ဒါပေမယ့် အဲဒီအစားအစာ စတင်ပေါ်ပေါက်ရာက ဥရောပတိုက်ပါ။ ပထမဦးဆုံး ပန်းသီးပိုင်မုန့်လုပ်နည်းကတော့ ၁၃၀၀ ပြည့်နှစ်တွေမှာ အင်္ဂလန်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ စတင်ပေါ်ပေါက်စဉ်တုံးက ပိုင်မုန့်ရဲ့ဘေးအနားသားကို အလှသဘောပဲထည့်ထားတာဖြစ်ပြီး စားဖို့အတွက် မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်တော့ အများက နှစ်သက်စွာစားသုံးနေကြပြီ ဖြစ်ပါတယ်။



ဒဏ္ဍာရီထဲက ပန်းသီးတွေ


ဒဏ္ဍာရီထဲမှာလည်း ပန်းသီးဟာအရေးပါတဲ့ တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်။ ဥပမာပေးရရင် လူသားမျိုးနွယ်တွေဖြစ်တဲ့ အာဒံနဲ့ ဧဝက စတင်ပေါ်ပေါက်လာတယ်လို့ ယုံကြည်လက်ခံထားတယ်ဆိုရင် ဧဒင်ဥယျာဉ်ထဲက ပန်းသီးဟာ ကမ္ဘာပေါ်မှာပေါ်ပေါက်ခဲ့သမျှ သစ်သီးဝလံတွေထဲမှာ အစောဆုံးလို့ဆိုရမှာပါပဲ ဖြစ်ပါတယ်။



ဒါတင်မကသေးဘဲ ဂရိဒဏ္ဍာရီထဲမှာဆိုရင် သူရဲကောင်းဟာကျူးလီက ရွှေပန်းသီးတစ်လုံးကိုရဖို့ နဂါးကြီးနဲ့ သတ်ရတာတို့၊ Eris ဆိုတဲ့ နတ်ဘုရားမက ထရိုဂျင်စစ်ပွဲကြီးဖြစ်အောင် ရွှေပန်းသီးတစ်လုံးကို မြေပေါ်ပစ်ချလိုက်တာတို့ စသဖြင့်ရှိပါတယ်။ နောက်ပြီး နော့စ် ဒဏ္ဍာရီမှာဆိုရင် ပန်းသီးကို ထာဝရနုပျိုခြင်းရဲ့သင်္ကေတတစ်ခုလို့ မှတ်ယူကြပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 12:49
Rate this item
(5 votes)