Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


နေ့တိုင်း မုန်လာဥနီဖျော်ရည်သောက်သင့်တဲ့ အချက်များ

သဘာဝအစားအစာစားဖို့ ပြောတိုင်း မုန်လာဥနီ ကလည်း မပါမဖြစ် တစ်ခု အပါအဝင်ပါ။

 

မုန်လာဥနီမှာ မရှိမဖြစ် အင်ဇိုင်းတွေ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ စတဲ့ အာဟာရ ဓာတ်တွေ အပြည့်အ၀ ပါဝင်နေ ပါတယ်။

 

အမျှင်ဓာတ်၊ ဗီတာမင် B1 ၊ B2 ၊ B6 ၊ ဗီတာမင် C၊ ဗီတာမင် K၊ ဘိုင်အိုတင် (Byron) ၊ ဖော့စ်ဖရပ်စ် (Phosphide)၊ ဆိုဒီယမ် (Sodium)၊ ပိုတက်စီယမ် (Potassium) နဲ့ သိုင်ယာမင်းဓာတ် တို့လည်း အများအပြား ပါဝင် ပါတယ်။

 

မုန်လာဥနီဖျော်ရည်သောက်ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

 

အသားအရေလှစေခြင်း - Vitamin A ပါလို့ အသားရေလှစေရုံသာမက နေလောင်ဒဏ်ကိုပါ ပျောက်ကင်းစေပါတယ်။

 

အသည်း အားကောင်းခြင်း - အသည်းမှာရှိတဲ့ အဆိပ်တွေကို သန့်စင်စေပါတယ်။

 

ကိုလက်စထရော လျော့ကျစေနိုင်ခြင်း - ဖိုက်ဘာဓာတ်ကြွယ်ဝတာကြောင့် မလိုအပ်တဲ့ အဆီပိုတွေကျဆင်းစေပါတယ်။

 

မျက်လုံးအားကောင်းခြင်း - Vitamin A က အသားအရေလှစေရုံတင်မဟုတ်ဘဲ မျက်လုံးလည်း အားကောင်းစေပါတယ်။

 

နုပျိုစေခြင်း - အသားအရေလှစေပြီး အရေပြားတွန့်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

 

ကင်ဆာပျောက်စေနိုင်ခြင်း - အူမကင်ဆာ၊ ရင်သားကင်ဆာ စတာတွေကို ကာကွယ်ပေးပါတယ်။

 

အားပြန်ပြည့်စေခြင်း - နေမကောင်းဖြစ်သူများအတွက် အားပြန်ပြည့်စေပါတယ်။

 

နှလုံးရောဂါ ဖြစ်နိုင်ချေ လျော့နည်းစေခြင်း - နှလုံးရောဂါရှိသူများအတွက် ဖြစ်နိုင်ချေ လျော့နည်းစေပါတယ်။

 

Read More >>>>>   ဝါးမျှစ်ရှာသူ ရှားပါးမှုကြောင့် ဈေးကွက်သို့ မျှစ်ဝင်ရောက်မှု လျော့နည်း

 

Read times Last modified on Tuesday, 18 September 2018 11:48
Rate this item
(3 votes)