Food Industry
လုပ်ငန်းပိုမိုတွင်ကျယ်စေရန် ကုလားပဲပေါ်ချိန်အတွင်း ပဲခွဲစက်များဖြင့် ကြိတ်ခွဲမှုများလာ
မကွေးတိုင်းဒေသကြီး မင်းဘူး-စကုမြို့နယ်အတွင်း ကျေးရွာများရှိ ပဲစိုက်တောင်သူများအနေဖြင့်
ကုလားပဲပေါ်ချိန်အတွင်း လုပ်ငန်း ပိုမိုတွင်ကျယ်စေရေးအတွက် ကုလားပဲများကို ပဲခွဲစက်များတွင် အပ်နှံကြိတ်ခွဲမှုများလာကြောင်း ဒေသခံများထံမှ သိရပါတယ်။
စက်နဲ့က တစ်ရက်ကို ပဲတင်းရေ ၁၅၀ ကနေ ၂၀၀ လောက်ထိခြွေနိုင်တယ်။ ပဲအစို၊ အခြောက်ပေါ်မူတည်ပြီး စက်ကိုင်ကျွမ်းကျင်မှုတော့လိုအပ်ပါတယ်။ ပဲခြောက်ရင် ခြွေတာမြန်ပြီး စက်နဲ့ဆိုတော့ စပါးကြိတ်သလိုပါပဲ။
ယင်း မင်းဘူး-စကုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခင်ကမြေတလင်းပေါ်တွင် ကုလားပဲများဖြန့်ခင်းပြီး နွား သို့မဟုတ် ထော်လာဂျီ၏ဘီးဖြင့် နင်းကြိတ်နယ်ရကာ လုပ်သားအင်အား ခုနစ်ဦး၊ ရှစ်ဦးသုံး၍ ပဲဆွသူကဆွ၊ ကြိတ်သူကကြိတ်ကာ ကြိတ်ထားသည့် ပဲစေ့များ သီးသန့်ရရန် လေပန်ကာဖြင့် အမှုန့်များမှုတ်ထုတ်ရပြီး အစေ့များကျုံး၍ အိတ်ထဲဥို့ ထည့်သိမ်းရကြောင်း ယင်းသို့ပြုလုပ်ရာတွင် တစ်ရက်လျှင် ကုလားပဲ ၂၅ တင်းမှ တင်း ၃၀ အထိသာ ရရှိကြောင်း သိရပါတယ်။
အမှော်ကသတ်သတ်၊ အရိုးကသတ်သတ်၊ အစေ့ကလည်း အကောင်းအဆိုး သတ်သတ်ထွက်သွားတယ်။ စက်မှာက ပုံမှန်လူခြောက်ယောက်ပဲသုံးပြီး စက်နဲ့ကြိတ်ရင် ကြိတ်ခတစ်တင်းကို ၇၀၀ ကျပ်ယူပါတယ်။
ကြိတ်ခကိုတော့ စက်ပိုင်ရှင်တစ်ဝက်၊ အလုပ်သမားကတစ်ဝက်ခွဲယူကြတယ်။ ပဲကြိတ်ခွဲစက်မှာ ကုလားပဲ၊ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲကြီးတွေခြွေလို့ရတယ်ဟု တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။



