Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယပဲလိုအပ်ချက်မြင့်မားမှုက မြန်မာ့ပဲဈေးကွက်အတက်အတွက်လား ….

အိန္ဒိယပဲလိုအပ်ချက်မြင့်မားမှုက မြန်မာ့ပဲဈေးကွက်အတက်အတွက်လား …. Google

အိန္ဒိယပဲလိုအပ်ချက်မြင့်မားမှုက မြန်မာ့ပဲဈေးကွက်အတက်အတွက်လား ….


#၂၀၂၀-၂၀၁၁ တွင်အိန္ဒိယမှပဲမျိုးစုံပိုမိုတင်သွင်းမည်
#အိန္ဒိယိသို့ပဲတင်မှုတွင် မတ်ပဲကအဓိက
#အိန္ဒိယသို့ပဲတင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်
#လာမည့်မေလ ၇ ရက်နေ့တွင် တန်ချိန် ၄၀၀,၀၀၀ ပါမစ်များစချပေး

အိန္ဒိယအနေဖြင့် လာမည့် ၂၀၂၀-၂၀၂၁ ရာသီအတွက် တစ်နှစ်တာပဲလိုအပ်ချက်မြင့်မားလျှက်ရှိပြီး ပဲစင်းငုံတန်ချိန် ၄၀၀,၀၀၀ အပါအဝင် အခြားသောပဲမျိုးစုံကိုတင်သွင်းကုန်အဖြစ် လိုအပ်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပဲနှင့် နှမ်းစေ့ကုန်သည်များအသင်းမှအတွင်းရေးမှူး ဦးမင်းကိုဦး ကပြောကြားခဲ့ပါတယ်။
အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနမ ှမတ်လ ၂၈ ရက်နေ့တွင်လာမည့် ဘဏ္ဍာရေးနှစ်အတွက်ခွဲတမ်းကန့်သတ်ချက်ကို အိန္ဒိယဆန်စက်များမှပဲစင်းငုံ တန်ချိန် ၄၀၀,၀၀၀၊ စားတော်ပဲနှင့် အခြားသောပဲမျိုးစုံတို့ကို တန်ချိန် ၁၅၀,၀၀၀ တင်သွင်းရန်ခွင့်ပြုခဲ့သည်။
ထို့အပြင်အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ဗဟိုအစိုးရ၏ ၂၀၁၅-၂၀၂၀ Foreign Trade Policy အရ ၂၀၂၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် မတ်ပဲတန် ၄၀၀,၀၀၀ တင်သွင်းရန်ကြေငြာခဲ့သည်။
“ မတ်လကုန်မှာအိန္ဒိယက သွင်းကုန်ခွဲတမ်းကိုအကြောင်းကြားခဲ့ပါတယ်။ မြန်မာနိုင်ငံသမ္မတ၏ အိန္ဒိယသို့ အလည်အပတ် ခရီးအပြီးတွင် ၂၀၂၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် မတ်ပဲများအတွက်ခွဲတမ်းကန့်သတ်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ နောက်တဖန်ပဲစင်းငုံ တန်ချိန် ၄၀၀၀၀ အပါအဝင်အခြားပဲအမျိုးမျိုးအတွက် နှစ်စဉ်ခွဲတမ်းအတွက် ကြေငြာချက်ထုတ်ပြန်ခဲ့သည်” ဟု ဦးမင်းကိုဦး ကပြောကြားခဲ့ပါတယ်။
"လာမယ့်ဘဏ္ဍာရေးနှစ်အတွက် ပဲတင်သွင်းမှုခွဲတမ်းအတွက်အိန္ဒိယနိုင်ငံရဲ့ အသိပေးချက်က အိန္ဒိယဈေးကွက်ရဲ့ လိုအပ်ချက်ကိုထင်ဟပ်နေတယ်။ ပိုကြီးတဲ့ခွဲတမ်းကန့်သတ်ချက်က ပဲမျိုးစုံလုပ်ငန်းအတွက်ကောင်းတဲ့ အလားအလာကောင်းတစ်ခုဖြစ်တယ်” လို့သူကပင်ထပ်မံ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ အိန္ဒိယသို့ပဲတင်ပို့မှုများအနက် မတ်ပဲသည်အဓိကဖြစ်ပြီး ဈေးကွက်ဝေစုအတွက် သြစတြေးလျနှင့် အာဖရိကဈေးကွက်များနှင့်ယှဉ်ပြိုင်ရမည်ဟု မြန်မာနိုင်ငံပဲမျိုးစုံ၊ ပဲနှင့် နှမ်းစေ့ကုန်သည်များအသင်းမှအတွင်းရေးမှူး ဦးမင်းကိုဦး ကပြောကြားခဲ့ပါတယ်။
အခြားသောတစ်ဖက်တွင်မူ အိန္ဒိယပဲလိုအပ်မှုအတွက် အဝါရောင်သက်မှတ်ထားပြီး အိန္ဒိယသို့ပဲတင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်နှင့် လာမည့်မေလ ၇ ရက်နေ့တွင် တန်ချိန် ၄၀၀,၀၀၀ ပါမစ်များစချပေးတော့မည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။

Zawgyi


အိႏိၵယပဲလိုအပ္ခ်က္ျမင့္မားမႈက ျမန္မာ့ပဲေစ်းကြက္အတက္အတြက္လား ….
#၂၀၂၀-၂၀၁၁ တြင္အိႏၵိယမွပဲမ်ိဳးစုံပိုမိုတင္သြင္းမည္
#အိႏိၵယိသို႔ပဲတင္မႈတြင္ မတ္ပဲကအဓိက
#အိႏိၵယသို႔ပဲတင္သြင္းမႈအတြက္ အခြန္ကင္းလြတ္ခြင့္
#လာမည့္ေမလ ၇ ရက္ေန႔တြင္ တန္ခ်ိန္ ၄၀၀,၀၀၀ ပါမစ္မ်ားစခ်ေပး

အိႏိၵယအေနျဖင့္ လာမည့္ ၂၀၂၀-၂၀၂၁ ရာသီအတြက္ တစ္ႏွစ္တာပဲလိုအပ္ခ်က္ျမင့္မားလွ်က္ရွိၿပီး ပဲစင္းငံုတန္ခ်ိန္ ၄၀၀,၀၀၀ အပါအ၀င္ အျခားေသာပဲမ်ိဳးစံုကိုတင္သြင္းကုန္အျဖစ္ လိုအပ္ေနေၾကာင္း ျမန္မာႏိုင္ငံပဲမ်ိဳးစုံ၊ ပဲႏွင့္ ႏွမ္းေစ့ကုန္သည္မ်ားအသင္းမွအတြင္းေရးမႉး ဦးမင္းကိုဦး ကေျပာၾကားခဲ့ပါတယ္။
အိႏိၵယကူးသန္းေရာင္းဝယ္ေရးႏွင့္ စက္မႈ၀န္ႀကီးဌာနေအာက္ရွိ အိႏၵိယကူးသန္းေရာင္းဝယ္ေရးဌာနမ ွမတ္လ ၂၈ ရက္ေန႔တြင္လာမည့္ ဘ႑ာေရးႏွစ္အတြက္ခြဲတမ္းကန႔္သတ္ခ်က္ကို အိႏၵိယဆန္စက္မ်ားမွပဲစင္းငံု တန္ခ်ိန္ ၄၀၀,၀၀၀၊ စားေတာ္ပဲႏွင့္ အျခားေသာပဲမ်ိဳးစံုတို႔ကို တန္ခ်ိန္ ၁၅၀,၀၀၀ တင္သြင္းရန္ခြင့္ျပဳခဲ့သည္။
ထို႔အျပင္အိႏၵိယစီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဌာနမွ ဗဟိုအစိုးရ၏ ၂၀၁၅-၂၀၂၀ Foreign Trade Policy အရ ၂၀၂၀-၂၀၁၁ ဘ႑ာေရးႏွစ္အတြက္ မတ္ပဲတန္ ၄၀၀,၀၀၀ တင္သြင္းရန္ေၾကျငာခဲ့သည္။
“ မတ္လကုန္မွာအိႏၵိယက သြင္းကုန္ခြဲတမ္းကိုအေၾကာင္းၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံသမၼတ၏ အိႏၵိယသို႔ အလည္အပတ္ ခရီးအၿပီးတြင္ ၂၀၂၀-၂၀၁၁ ဘ႑ာေရးႏွစ္အတြက္ မတ္ပဲမ်ားအတြက္ခြဲတမ္းကန႔္သတ္ခ်က္ကိုထုတ္ျပန္ခဲ့ပါတယ္။ ေနာက္တဖန္ပဲစင္းငံု တန္ခ်ိန္ ၄၀၀၀၀ အပါအ၀င္အျခားပဲအမ်ိဳးမ်ိဳးအတြက္ ႏွစ္စဥ္ခြဲတမ္းအတြက္ ေၾကျငာခ်က္ထုတ္ျပန္ခဲ့သည္” ဟု ဦးမင္းကိုဦး ကေျပာၾကားခဲ့ပါတယ္။
"လာမယ့္ဘ႑ာေရးႏွစ္အတြက္ ပဲတင္သြင္းမႈခြဲတမ္းအတြက္အိႏၵိယႏိုင္ငံရဲ႕ အသိေပးခ်က္က အိႏၵိယေစ်းကြက္ရဲ႕ လိုအပ္ခ်က္ကိုထင္ဟပ္ေနတယ္။ ပိုႀကီးတဲ့ခြဲတမ္းကန႔္သတ္ခ်က္က ပဲမ်ိဳးစုံလုပ္ငန္းအတြက္ေကာင္းတဲ့ အလားအလာေကာင္းတစ္ခုျဖစ္တယ္” လို႔သူကပင္ထပ္မံ ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။
ျမန္မာႏိုင္ငံ၏ အိႏိၵယသို႔ပဲတင္ပို႔မႈမ်ားအနက္ မတ္ပဲသည္အဓိကျဖစ္ၿပီး ေစ်းကြက္ေ၀စုအတြက္ ၾသစေၾတးလ်ႏွင့္ အာဖရိကေစ်းကြက္မ်ားႏွင့္ယွဥ္ၿပိဳင္ရမည္ဟု ျမန္မာႏိုင္ငံပဲမ်ိဳးစုံ၊ ပဲႏွင့္ ႏွမ္းေစ့ကုန္သည္မ်ားအသင္းမွအတြင္းေရးမႉး ဦးမင္းကိုဦး ကေျပာၾကားခဲ့ပါတယ္။
အျခားေသာတစ္ဖက္တြင္မူ အိႏိၵယပဲလိုအပ္မႈအတြက္ အဝါေရာင္သက္မွတ္ထားၿပီး အိႏိၵယသို႔ပဲတင္သြင္းမႈအတြက္ အခြန္ကင္းလြတ္ခြင့္ႏွင့္ လာမည့္ေမလ ၇ ရက္ေန႔တြင္ တန္ခ်ိန္ ၄၀၀,၀၀၀ ပါမစ္မ်ားစခ်ေပးေတာ့မည္ဟု သတင္းမ်ား ထြက္ေပၚေနခဲ့ပါတယ္။

Read times Last modified on Tuesday, 28 April 2020 12:05
Rate this item
(0 votes)