Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


BonChon ကြက်ကြော် ဆိုင်ကို ရန်ကုန်မှာဖွင့်လှစ်


ဘန်ကောက်သွားတိုင်းမစားဖြစ်လို့ ပြောနေတဲ့သူတွေအတွက် BonChon ကြက်ကြော်ဆိုင်ကို အခု Junction City မှာ စဖွင့်ပြီဆိုတာ သိရအောင် လမ်းညွှန်ပေးလိုက်ပါတယ်။

 

Bonchon ကြက်ကြော်ဆိုင်ကို သြဂုတ်လ ( ) ရက်နေ့ Junction City ရဲ့ Level 5 မှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။ ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ Promotion တွေရှိလို့ သူငယ်ချင်းတွေ မိသားစုတွေနဲ့ အတူ သွားရောက်သုံးဆောင်နိုင်ပါတယ်။

 

 

သူ့ရဲ့နာမည်ကြီးကြက်ကြော်က အချိုနဲ့အစပ်ဆိုပြီး ၂ မျိုးရှိတယ်။ ရန်ကုန်မှာတော့ Serving size ကို အသေးဆုံးကထားပေးထားတာမို့ အချိုလားအစပ်လားရွေးရခက်နေတဲ့သူတွေအတွက်ဆို အဆင်ပြေမှာပါ။

 

 

ဘန်ကောက်နဲ့မတူတဲ့ menu တွေလည်းပါတယ်။ ထမင်းမစားရမနေနိုင်တွေအတွက်လည်း ထမင်းနဲ့ပတ်သတ်တဲ့ Menu ပါထည့်ပေးထားပါတယ်။ ယင်းအပြင် Udon ပုံစံခေါက်ဆွဲပြုတ်လိုမျိုး ပါရပါတယ်။

 


စားခဲ့သမျှထဲမှာအကြိုက်ဆုံးကတော့ Chicken Potstickers လို့ခေါ်တဲ့ ကြက်သားဖက်ထုတ်ကြော်လေးပါ။ BonChon ဖက်ထုတ်ကြော်က စားနေကြလို အသားနည်းနည်းလေးမဟုတ်ပဲ အများကြီးပါပြီးအရမ်းစားလို့ကောင်းပါတယ်။

 

 

နောက်ထပ်ကြိုက်တာက ကြက်ကြော်ကို Soygarlic ချိုစိမ့်မွှေးမွှေးလေးပါ။ Menu လေးပါပုံရိုက်ခဲ့ပြီးတွဲတင်ပေးထားတယ်နော် ကြိုပြီးစားချင်တာ ကြည့်လို့ရအောင်ပါ။ ဈေးလေးတွေကလည်းတန်တဲ့အတွက်ကြောင့် ဘန်ကောက်ထိသွားစားစရာမလို့တော့ဘူးပေါ့။

 

 

Junction City မှာ အခုလို့စားဖို့နောက်တစ်နေရာတိုးတော့ အတိုင်းမသိပျော်တာပေါ့။ Bonchon လေးစား၊ ရုပ်ရှင်လေးကြည့်နဲ့ အဆင်ပြေစေမှာပါ။

 

 

ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖြစ်ပါတယ်။

 

 

Read times Last modified on Tuesday, 18 September 2018 11:36
Rate this item
(5 votes)