Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


"စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” အမည်နဲ့ ကျန်းမာရေးနှင့် ညီညွတ်မှုရှိတဲ့ ပေါင်မုန့်၊ ကိတ်မုန့်နှင့် အစာသွပ်မုန့်မျိုးစုံကို BreadTalk မှ မိတ်ဆက်

BreadTalk Myanmar မှ မကြာမီ ရောက်ရှိလာတော့မယ့် မြန်မာ့နှစ်သစ်ကို စားသုံးသူတွေနဲ့ အတူ

ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်လုပ်ရောင်းချသွားမယ့် “စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” လို့ အမည်ပေးထားတဲ့ အရောင်အသွေးစုံလင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ ပေါင်မုန့်နဲ့ ကိတ်မုန့်မျိုးစုံကို စတင် မိတ်ဆက်လိုက်ပါတယ်။

 Foccaccia Tomatoand Mushroom

“စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” အမည်နဲ့ အရေအတွက် ကန့်သတ်ထားတဲ့ မုန့်မျိုးစုံကို BreadTalk Myanmar ရဲ့ ရန်ကုန်ဆိုင်ခွဲတွေ ဖြစ်တဲ့ Junction City နဲ့ Junction Square ဘေးက Crystal Tower ဆိုင်ခွဲတွေမှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ကနေ မေလ ၉ ရက်နေ့အထိ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 Golden Pumpkin Credit to BreadTalk

“စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” မှာ အကန့်အသတ်နဲ့သာ ထုတ်လုပ်သွားမယ့် မုန့် ၁၄ မျိုးပါဝင်တဲ့ အထူးထုတ်ကုန်သစ် ဖြစ်ပါတယ်။ အဆိုပါ မုန့်မျိုးစုံကို BreadTalk ကိုယ်ပိုင် ထိပ်တန်း စားဖိုမှူးတွေက လှပတဲ့အပင်နဲ့ ပန်းပွင့်တွေရဲ့ တောက်ပတဲ့ အရောင်မျိုးစုံကို ခံစားပုံဖော်ကာ BradTalk အမှတ်တံဆိပ်က အလေးထားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ပေါင်းစပ် ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် “စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” မုန့်တွေမှာ ကျန်းမာတဲ့ လူနေမှုဘဝနဲ့ စားသောက်မှု ပုံစံတွေကို တိုက်တွန်းအားပေး နိုင်ဖို့အတွက် ကျန်းမာရေး အထောက်အကူပြု ပါဝင်ပစ္စည်းတွေကို အဓိက အသုံးပြုထားပါတယ်။

 Honey Orange Roll Credit to BreadTalk

“စားသုံးသူတွေ ကျွန်မတို့ရဲ့ BreadTalk ဆိုင်ခွဲတွေထဲကို ဝင်လာလိုက်တာနဲ့ ပေါင်မုန့်နဲ့ ကိတ်မုန့်တွေရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေက အမြင်အာရုံကို ဖမ်းစားထားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် ဒီတစ်ခေါက် မုန့်အသစ်တွေကို သံလွင်ဆီစစ်စစ်၊ လီမွန်၊ စပျစ်သီးခြောက်၊ pistachio အစေ့၊ ဘယ်ရီသီးခြောက်၊ ခရမ်းချဉ်သီး၊ ဖရုံသီး နဲ့ ဖရုံစေ့ စတာတွေလိုမျိုး အရည်အသွေး ကောင်းပြီး အရသာရှိတဲ့အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေမယ့် ပါဝင်ပစ္စည်းတွေ အသုံးပြုထားပါတယ်။

 Lazy Bug Credit to BreadTalk

ဒီ မုန့်လေးတွေဟာ တစ်ကယ့်ကို အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့အတိုင်းပါပဲ။ ကျွန်မတို့ရဲ့ စားသုံးသူတွေကို BreadTalk ရဲ့ အရသာသစ်၊ ဖန်တီးမှုအသစ်၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ မုန့်အသစ်တွေကို လာရောက် မြည်းစမ်းကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်” ဟု BreadTalk Myanmar မှ Marketing Manager ဖြစ်သူ ဒေါ်ဆုမြတ်နိုးက ပြောပါတယ်။

 Strawberry Bliss Credit to BreadTalk

“စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” ပေါင်မုန့်နဲ့ အစာသွပ်မုန့်များကို ၁,၂၀၀ ကျပ်ကနေ ၁,၄၀၀ ကျပ်အထိ ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်ပြီး ကိတ်မုန့်လိပ်၊ ပေါင်မုန့်လုံးနဲ့ ကိတ်မုန့်တွေကို ၃,၂၀၀ ကျပ်ကနေ ၂၉,၈၀၀ ကျပ်အတွင်း ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 11:16
Rate this item
(2 votes)