Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာထမင်းနဲ့ဟင်းကို အိမ်ချက်လက်ရာအတိုင်းရနိုင်တဲ့ ဦးဗိုလ်ကြီး ထမင်းဆိုင်

မြန်မာထမင်းနဲ့ဟင်းကို စိတ်တိုင်းကျ အိမ်ချက်လက်ရာအတိုင်း အရသာသာရှိရှိ သုံးဆောင်ချင်သူများအတွက် ဦးဗိုလ်ကြီးကို လမ်းညွှန်ပေးလိုက်ပါတယ်။

 

ယင်း ဆိုင်မှာတော့ မြန်မာထမင်းဟင်း အမယ်စုံအပြင် ထူးထူးဆန်းဆန်း ဟင်းလျာတွေလည်း ရတတ်သေးတယ်။

 

ဘာတွေရနိုင်လည်း ဆိုတော့ ဝက်ဦးနှောက်ကြော်၊ ကြက်အချင်း၊ ဆိတ်ပဲ၊ ဆိတ်ဖိုက်တင်ဘော၊ ၀က်ကလီစာ၊ ၀က်ဘဲဥ အစရှိတဲ့ ဟင်းတွေလည်း ရနိုင်ပါတယ်။

 

ဈေးနှုန်းကလည်းအသင့်အတင့် ငပိရည်တို့စရာ အစုံအလင်လည်း ရသေးတယ်။ နေရာလည်းကျယ် အပြင်အဆင်ကလည်းသန့်၊ ကားပါကင်လည်းအဆင်ပြေ နိုင်ပါတယ်။

 

သတင်းကောင်းအနေနဲ့ အလှူ မင်္ဂလာပွဲများ၊ eventပွဲများအတွက်လည်း လူကြီးမင်းတို့စိတ်တိုင်းကျ စီစဉ်ပေးနေပါတယ်။ အိမ်တိုင်ရာရောက် Lunch box၊ ချိုင့်ဆွဲဝန်ဆောင်မှုများလည်း မကြာမီရရှိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

 UBG1UBG 2

လိပ်စာကတော့ ၂၄(က)၊ ပြည်သာယာလမ်း၊ ၁၆ရပ်ကွက်၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်။

 

ဆိုင်ဖွင့်ချိန် နံနက် ၉ နာရီမှ ည ၁၁ နာရီအထိ

 

၀၉-၄၄၁၁၃၅၇၄၁

 

Read More >>>> အစားတလိုင်းများအတွက် မနက်(၄)နာရီထိဖွင့်တဲ့ Moe’s diner ဆိုင်ကလေး

 

 

Read times Last modified on Thursday, 18 October 2018 10:37
Rate this item
(2 votes)