Restaurants



စပိန်ဝိုင်များ ပြင်သစ်မှာ ဖျက်ဆီးပစ်

စပိန်ဝိုင်များ ပြင်သစ်မှာ ဖျက်ဆီးပစ်


https://t.me/Guid4U
JOIN THE CHANNEL 

 

ပြင်သစ်မှ ဝိုင်ထုတ်လုပ်သူများသည် အိမ်နီးချင်းနိုင်ငံ စပိန်မှ စျေးပေါသော ဝိုင်အရက်များ တင်သွင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြကာစပိန်ဝိုင်ပုလင်းများကို ဖျက်ဆီးပစ်ကြရာ  လမ်းများပေါ်တွင် အနီရောင်ဝိုင်များ လွှမ်းသွားသည်။ 

 

ပြင်သစ်တောင်ပိုင်းမှ စပျစ်စိုက်သူများနှင့် ဝိုင် ထုတ်လုပ်သူများက ထရပ်ကားများဖြင့် သယ်ဆောင်လာသည့် စပိန်ဝိုင်ပုလင်းများကို ကြားဖြတ်လုယူပြီး ဖျက်ဆီးပစ်လိုက်ကြသည်။ ဝိုင်ပုလင်းထည့်ထားသည့် စက္ကူပုံးများ ဖရိုဖရဲ ပြန့်ကျဲကုန်သည်။ ဝိုင်ပုလင်းများ အခွဲခံရပြီး ဝိုင်အဖြူများ၊ ဝိုင်အနီများ လမ်းပေါ်မှာ ချောင်းစီးသွားသည်။ 

 

 

photo_2023-10-25_13-37-06.jpg

 

ဈေးပေါသည့် ဝိုင်များ တင်သွင်းနေခြင်းကြောင့် ပြင်သစ် ဝိုင်လုပ်ငန်းကဏ္ဍတွင် ရောင်းအားကျဆင်းပြီး စီးပွားရေး ထိခိုက်သည်ဟု စွပ်စွဲသည်။

 

ပြင်သစ်နှင့် စပိန်နယ်စပ်မှ ဆယ်မိုင်အကွာတွင်ရှိသော Le Boulou လမ်းကြေးကောက်ခံသည့် ဂိတ်တွင် ထရပ်ကားများကို ရပ်စေကာ တင်ဆောင်လာသည့် စပိန်ဝိုင်ပုလင်းများကို ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

 

ကိုဗစ်လွန်ကာလတွင် ဝိုင်သောက်သုံးမှု သိသိသာသာ လျော့ကျသွားသည်။ ဈေးကြီးသည့်ဝိုင်များ အရောင်းထိုင်းသွားသည်။ ပြင်သစ်ဝိုင်လုပ်ငန်းကဏ္ဍသည် ဆက်လက်ရပ်တည်နိုင်ရန် ရုန်းကန်နေရသည်။ 

ပိုလျှံနေသော ဝိုင်များ လျော့နည်းစေရန် ပြင်သစ်အစိုးရက ယူရို သန်း ၇၀ ဖိုး ဝယ်ယူပြီး စက်မှုလုပ်ငန်းသုံး အဖြစ် ပြောင်းလဲ သုံးစွဲပေးမည် ကြေညာခဲ့သည်။ ဝိုင်အရက်ထဲမှ အရက်ပျံကို ရယူပြီး လက်သန့်ဆေး၊ ရေမွှေး အစရှိသည့် လူသုံးကုန်များတွင် ကုန်ကြမ်းအဖြစ် သုံးစွဲမည် ဖြစ်သည်။

 

ယခင်တင်ပြချက်

 

https://www.foodindustrydirectory.com.mm/food-industry/restaurant/item/6797-french-wine.html

 

အကြောင်းစုံ ဖတ်ရှုရန် လင့်ကို ထိပါ


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Wednesday, 25 October 2023 13:37
Rate this item
(0 votes)