Restaurants



မလေးရှားတွင် Dutch Lady နှစ်ဆတိုး ထုတ်လုပ်ရန် စက်ရုံအသစ်တည်

မလေးရှားတွင် Dutch Lady နှစ်ဆတိုး ထုတ်လုပ်ရန် စက်ရုံအသစ်တည်


https://t.me/Guid4U
JOIN THE CHANNEL 

 

မလေးရှား နိုင်ငံမှ Dutch Lady Milk Industries Bhd (DLMI) သည် လာမည့်နှစ်တွင် ထုတ်လုပ်မှု ၂ ဆတိုးရန် ရင်းဂစ် သန်း ၅၄၀ ဖြင့် စက်ရုံသစ် တရုံကို ကွာလာလမ်ပူမြို့ အနီးတွင် တည်ဆောက်လျက် ရှိသည်။

 

စက်ရုံ အကျယ်အဝန်း ၁၂.၉ ဟက်တာရှိပြီး ထုတ်လုပ်ရေးလိုင်း ၈ လိုင်း ပါဝင်သည်။ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်လုပ်မှု စတင်မည်။

 

စက်ရုံအသစ် မြေနေရာ အကျယ်အဝန်းသည် လက်ရှိ Petaling Jaya စက်ရုံထက် ၃ ဆ ကျယ်သည်ဟု မန်နေဂျင်းဒါရိုက်တာ Ramjeet Kaur Virik က ပြောကြားသည်။ 

 

photo_2023-10-09_16-56-25.jpg

 

 

ထုတ်လုပ်မှုဗဟိုချက်အသစ်တွင် ဖြန့်ဖြူးရေးစင်တာတစ်ခု ထားရှိမည်ဖြစ်သည်။

 

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာလည်း ရှိမည်ဖြစ်သည်။ ပြည်ပတင်ပို့ရန် အလားအလာ ရှိသည့် ထုတ်ကုန်အသစ်များ ဖန်တီးမည် ဖြစ်သည်။

 

DLMI သည် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အခြေခံမူများကို လုပ်ငန်းနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုအကြား ဟန်ချက်ညီစေရန် မိခင်ကုမ္ပဏီ၏ ရေရှည်ရည်မှန်းချက်နှင့်အညီ ကျင့်သုံးလျက်ရှိသည်ဟု ၎င်းက ပြောကြားသည်။

ကုမ္ပဏီသည် ၎င်း၏ ကာဗွန်ခြေရာကို ၃၀% လျှော့ချရန် သံန္နိဋ္ဌာန် ချမှတ်ထားကြောင်း သူမက ပြောကြားသည်။

 

Ramjeet က DLMI သည် ဒေသတွင်းကုန်ထုတ်လုပ်မှုဗဟိုချက်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားသည်။

မိခင်ကုမ္ပဏီ Royal FrieslandCampina NV နှင့် ပူးပေါင်း၍ ကလေးငယ်များအကြား အာဟာရစားသုံးမှုကို မြှင့်တင်လိုသည်ဟု ၎င်းက ပြောကြားသည်။

DLMI သည် မလေးရှား နို့ထွက်ပစ္စည်း ဈေးကွက်တွင်  စျေးကွက်ဝေစု ၂၈?၁%  ရရှိထားသည်။

 

Source fmt


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Monday, 09 October 2023 16:59
Rate this item
(0 votes)