Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ဆိုင်မှာ ထိုင်စားတဲ့အခါ အဆင်ပြေဖို့ အဖွင့်အပိတ်ပါတဲ့ မတ်စ် တီထွင်

အစ္စရေးမှ တီထွင်သူများ သည် coronavirus ကို ကာကွယ်ရန် ပါးစပ်ပေါက်အတွက်

ဖွင့်ပိတ် အပေါက်ပါပြီး ထိန်းချုပ်ထားသော Mask ကို တီထွင် ခဲ့ကြသည်။ Maskကို ဝတ်ထားတဲ့သူက Mask ကို မချွတ်ဘဲအစာကိုစားနိုင်အောင် စီစဉ်ပေးထားသည်။

"ဒီပစ္စည်းက စားသောက်ဆိုင်တစ်ဆိုင်မှာ သွားစားရင် ကူးစက်မယ့် အန္တရာယ်နည်းတယ်" ဟု ရှင်းပြသည်။

Mask သည် စက်ဘီးတွင် သုံးစွဲကြသည့် လက်ကိုင်ဘရိတ်နှင့် ဆင်ဆင်တူသည် ။ အသုံးပြုသူ တစ် ဦး သည် အစားအစာကို ပါးစပ်ပေါက်ထဲသို့ ထည့်ရန် Mask ရှေ့တွင် အဖွင့်အပိတ် ပြုလုပ်သော ခလုတ်ကို ဆွဲထားလိုက်လျှင် Mask က အပေါက်ဖွင့်ပေးထားမည်။ ဆွဲထားသည်ကု ပြန်လွှတ်လိုက်လျှင် အပေါက် ပြန်ပိတ်သွားမည်။
Avtipus Patents and Inventions မှ ဒုတိယ အကြီးအကဲ ဖြစ်သူ Asaf Gitelis က "ပါးစပ်နားကို ဇွန်းဖြစ်ဖြစ် ခရင်းဖြစ်ဖြစ် ရောက်လာရင် အလိုအလျောက် ဖွင့်ပေးလိုက်တာကို လုပ်ပါမယ်"
ဟု ပြောသည်။ လောလောဆယ်တွင် စားသုံးသူ ကိုယ်တိုင်က ကြိုးခလုတ်ဖြင့် အဖွင့်အပိတ် လုပ်ပေးဖို့ လိုသည်။

မတ်စ်ကို မူပိုင်ခွင့် လျှောက်ထားပြီ ဖြစ်သည်။ လာမည့် လအနည်းငယ်တွင် ထုတ်လုပ်မည် ဖြစ်သည်။ ဈေးနှုန်း
ဒေါ်လာ ၀.၈၅ မှ ၂.၈၅ အထိပိုမိုရောင်းချနိုင်ဖွယ်ရှိသည်ဟုဆိုသည်။

အသက် ၃၂ ​​နှစ်အရွယ် ဘွဲ့ရ အော့ဖရီဟာမီရီက“ ဒီမျက်နှာဖုံးက ငါ စားနေရင်း တန်းလန်းမှာလည်း ဝတ်ထားလို့ ရတယ်” ဟု မှတ်ချက် ပြုသည်။

သို့သော် အသက် ၂၉ နှစ်ရှိဂီတပညာရှင် Ron Silberstein က မတ်စ်သည် ရေခဲမုန့်ကဲ့သို့ အရည်ပျော်သော
အစားအစာများ နှင့်ကောင်းစွာ အလုပ်လုပ်လိမ့်မည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။

ZAWGYI

စားေသာက္ဆိုင္မွာ ထိုင္စားတဲ့အခါ အဆင္ေျပဖို႔ အဖြင့္အပိတ္ပါတဲ့ မတ္စ္ တီထြင္


အစၥေရးမွ တီထြင္သူမ်ား သည္ coronavirus ကို ကာကြယ္ရန္ ပါးစပ္ေပါက္အတြက္ ဖြင့္ပိတ္ အေပါက္ပါၿပီး ထိန္းခ်ဳပ္ထားေသာ Mask ကို တီထြင္ ခဲ့ၾကသည္။ Maskကို ဝတ္ထားတဲ့သူက Mask ကို မခြၽတ္ဘဲအစာကိုစားႏိုင္ေအာင္ စီစဥ္ေပးထားသည္။
"ဒီပစၥည္းက စားေသာက္ဆိုင္တစ္ဆိုင္မွာ သြားစားရင္ ကူးစက္မယ့္ အႏၲရာယ္နည္းတယ္" ဟု ရွင္းျပသည္။

Mask သည္ စက္ဘီးတြင္ သုံးစြဲၾကသည့္ လက္ကိုင္ဘရိတ္ႏွင့္ ဆင္ဆင္တူသည္ ။ အသုံးျပဳသူ တစ္ ဦး သည္ အစားအစာကို ပါးစပ္ေပါက္ထဲသို႔ ထည့္ရန္ Mask ေရွ႕တြင္ အဖြင့္အပိတ္ ျပဳလုပ္ေသာ ခလုတ္ကို ဆြဲထားလိုက္လွ်င္ Mask က အေပါက္ဖြင့္ေပးထားမည္။ ဆြဲထားသည္ကု ျပန္လႊတ္လိုက္လွ်င္ အေပါက္ ျပန္ပိတ္သြားမည္။
Avtipus Patents and Inventions မွ ဒုတိယ အႀကီးအကဲ ျဖစ္သူ Asaf Gitelis က "ပါးစပ္နားကို ဇြန္းျဖစ္ျဖစ္ ခရင္းျဖစ္ျဖစ္ ေရာက္လာရင္ အလိုအေလ်ာက္ ဖြင့္ေပးလိုက္တာကို လုပ္ပါမယ္"
ဟု ေျပာသည္။ ေလာေလာဆယ္တြင္ စားသုံးသူ ကိုယ္တိုင္က ႀကိဳးခလုတ္ျဖင့္ အဖြင့္အပိတ္ လုပ္ေပးဖို႔ လိုသည္။

မတ္စ္ကို မူပိုင္ခြင့္ ေလွ်ာက္ထားၿပီ ျဖစ္သည္။ လာမည့္ လအနည္းငယ္တြင္ ထုတ္လုပ္မည္ ျဖစ္သည္။ ေဈးႏႈန္း
ေဒၚလာ ၀.၈၅ မွ ၂.၈၅ အထိပိုမိုေရာင္းခ်ႏိုင္ဖြယ္ရွိသည္ဟုဆိုသည္။

အသက္ ၃၂ ​​ႏွစ္အ႐ြယ္ ဘြဲ႕ရ ေအာ့ဖရီဟာမီရီက“ ဒီမ်က္ႏွာဖုံးက ငါ စားေနရင္း တန္းလန္းမွာလည္း ဝတ္ထားလို႔ ရတယ္” ဟု မွတ္ခ်က္ ျပဳသည္။

သို႔ေသာ္ အသက္ ၂၉ ႏွစ္ရွိဂီတပညာရွင္ Ron Silberstein က မတ္စ္သည္ ေရခဲမုန႔္ကဲ့သို႔ အရည္ေပ်ာ္ေသာ
အစားအစာမ်ား ႏွင့္ေကာင္းစြာ အလုပ္လုပ္လိမ့္မည္ဟု မထင္ေၾကာင္း ေျပာၾကားခဲ့သည္။

 

Read times Last modified on Monday, 25 May 2020 17:46
Rate this item
(0 votes)