Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာထမင်းဟင်းကောင်းကောင်းစားချင်သူများအတွက် စိန်စည်တော်

စိန်စည်တော် မြန်မာထမင်းဆိုင်ကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်း၊

လှည်းတန်း ဘူတာ အနီး၊ ခိုင်ရွှေဝါ မှတ်တိုင်နားတွင် ဖွင့်လှစ်ထားပါတယ်။

 

ယင်းဆိုင်တွင် မြန်မာထမင်းဟင်းကို ဈေးနှုန်းသက်သက်သာသာနှင့် အိမ်လက်ရာအတိုင်းစားလိုသူများတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

 

ဆိုင်တွင်ရနိုင်တဲ့ ဟင်းအမျိုးအမယ်တွေကတော့ ကြက်သောက်ဆမ်း၊ ၀က်အချို-အစပ်၊ ပုစွန်အစပ်၊ ငါးကျည်းကြော်နှင့် ကြက်သားဟင်းတွေကတော့ နေ့စဉ်ပုံမှန်ရရှိနိုင်ပြီး တခြားဟင်းလျာတွေကတော့ ပြောင်းလဲပြီး ချက်ကြောင်း သိရပါတယ်။

 ssd2

ဆိုင်တွင် စားသောက်သူများအတွက် ဈေးနှုန်းမများဘဲ အသားဟင်းတစ်မျိုးနဲ့ ထမင်းတစ်ပွဲကို ၁၅၀၀ ကျပ် မှစ၍ ၂၀၀၀ အထိ ကျသင့်ပြီး အသီးအရွက်တစ်ပွဲကိုလည်း ၃၀၀ ကျပ် ကျသင့်ကြောင်း သိရပါတယ်။

 

အဓိက ကြက်သောက်ဆမ်းကို ရိုးရိုးပုံစံမဟုတ်ဘဲ ခပ်စပ်စပ်စတိုင်ချက်ထားတာကြောင့် စားသုံးသူတွေ အတွက်လည်း ခံတွင်းတွေ့ပြီး စားသုံးသူများလာကြောင်း သိရပါတယ်။

 

ဆိုင်တွင် ချိုင့်ဆွဲအော်ဒါများကို ၂၀၁၇ ခုနှစ်၊ မေလ ၁ ရက်နေ့မှ စတင်၍ ကမာရွတ်မြို့နယ်အနီး တစ်ဝိုက်အတွင်းသို့ ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း သိရပါတယ်။

 

၎င်းအပြင်စားသုံးသူများ အဆင်ပြေစေရန်အတွက် အနပ် ၃၀ စာ မန်ဘာကဒ် နှင့်
ရုံးခန်း၊ ကုမ
ဏီများ၊ အလှူပွဲများအတွက်လည်း အထူးအော်ဒါများကို လက်ခံဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

 ssd1

ဆိုင်တွင် ထမင်းစားသောက်ပြီး အချိုတည်းသူများအတွက် စိန်စည်တော်မှ အရသာ ရှိပြီး အေးမြ လန်းဆန်းစေမယ့် အသီးဖျော်ရည် အမျိုးမျိုး ရေခဲသုပ်၊ ဒိုမီနို အစရှိသော ဖျော်ရည်အမျိုးမျိုး ကိုလည်း ရောင်းချပေးကြောင်းသိရပါတယ်။

 

အမှတ် ၅၊ ဗဟိုလမ်း၊ လှည်းတန်း ဘူတာအနီး၊ ခိုင်ရွှေဝါ မှတ်တိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၉ ၇၆၅ ၃၃၉ ၉၁၂၊ ၀၉ ၇၆၅ ၉၉၃ ၃၁၂

Read times Last modified on Monday, 17 September 2018 13:46
Rate this item
(2 votes)