Restaurants



ရုရှားတွင် မက်ဒေါနယ် ဆက်ခံသူ Big Mac အစား Big Hit ရောင်းချ

ရုရှားတွင် မက်ဒေါနယ် ဆက်ခံသူ Big Mac အစား Big Hit ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရုရှားမှ McDonald’s Corp ထွက်ခွာခဲ့သည့်အခါ McDonald’s လုပ်ငန်းကို ဆက်ခံခဲ့သည့်  Vkusno & tochka သည် Big Mac များ ရောင်းချပေးနိုင်ခြင်း မရှိတော့ချေ။ McDonald’s စတိုင်ဆော့စ်ကိုလည်း မသုံးနိုင်တော့ပါ။

 

McDonald’s Corp က ရုရှားတွင် ဖွင့်လှစ်ထားသည့် McDonald’s ဆိုင်များကို ၂၀၂၂ မတ်လတွင် ပိတ်သိမ်းခဲ့ပါသည်။ 

လာမည့်နှစ်မှစ၍ ဘာဂါဆိုင်ခွဲများ လုပ်ငန်းသည် Big Mac အစား “Big Hit” အမည်ဖြင့် ဘာဂါများ ရောင်းချပေးမည် ဖြစ်ပါသည်။

 

ရုရှား အမြန်ရ စားသောက်ဆိုင်ခွဲများ လုပ်ငန်း Vkusno & tochka (Tasty & that’s it ဟု အဓိပ္ပာယ် ရပါသည်) က Big Hit ဘာဂါများကို လုပ်ငန်းမှ ဖော်စပ်ထားသည့် ဆော့စ်ဖြင့် လာမည့် ဖေဖော်ဝါရီလတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါသည်။

McDonald’s Happy Meal ကို Kids’ Combo အမည်ဖြင့် ရောင်းချမည် ဖြစ်သည်။

 

ယူကရိန်းကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ကျူးကျော်ခဲ့ပြီးနောက် McDonald’s က ရုရှားရှိ ၎င်း၏ စားသောက်ဆိုင်များ အားလုံးကို မတ်လတွင် ပိတ်သိမ်းခဲ့ပါသည်။ ထို့နောက် McDonald’s ထံမှ လိုင်စင်ရယူပြီး ရုရှားတွင် McDonald’s ဆိုင်ခွဲများ ဖွင့်လှစ်ထားသူ Alexander Govor ထံ လုပ်ငန်းကဏ္ဍကို ရောင်းချခဲ့ပါသည်။

Alexander Govor က brand အမည်  Vkusno & tochka ဖြင့် ဇွန်လတွင် လုပ်ငန်းပြန်လည်စတင်ခဲ့ပါသည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 17 December 2022 08:26
Rate this item
(0 votes)