Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Gloria Jean's Coffees မလေးရှားမှာ တိုးချဲ့ဖွင့်လှစ်မည်

Gloria Jean's Coffees မလေးရှားမှာ တိုးချဲ့ဖွင့်လှစ်မည်

  

မြန်မာ၊ ဘရူနိုင်းနှင့် မလေးရှားတို့မှာ Gloria Jean's Coffees (GJC) ဆိုင်တွေ လုပ်ကိုင်နေတဲ့ Perbadanan Nasional Berhad (Pernas) က franchise brand နှစ်ခု GJC နဲ့ 1901 တို့ကို လာမယ့်နှစ်မှာ ချဲ့ထွင်ဖို့ သံန္နိဌာန် ချထားပါတယ်။

Gloria Jean's Coffees (GJC) က လောလောဆယ် မလေးရှားမှာ ဆိုင်ခွဲ ၄၂ ဆိုင် ဖွင့်ထားပြီး နောက်ထပ် ဆိုင်ခွဲအသစ် ၁၆ ဆိုင် ဖွင့်လှစ်မှာ ဖြစ်ပြီး ကားပေါ်က မဆင်းဘဲ ကားနဲ့ ဝင်ဝယ်ရတဲ့ ဆိုင် တစ်ဆိုင်လည်း ပါဝင်ပါတယ်။

GJC ဆိုင်တွေထဲမှာ ကားနဲ့ ဝင်ဝယ်ရတဲ့ drive-through ဆိုင်အမျိုးအစားကို ပထမဆုံး ဖွင့်လှစ်မယ့်ဆိုင်ဖြစ်ပြီး ၂၀၂၂ ဒုတိယနှစ်ဝက်မှာ ဖွင့်လှစ်ပါမယ်။

GJC က international coffee brand ဖြစ်ပြီးညဩစတေးလျနိုင်ငံ ကွင်းစ်လန်းမှာ ရုံးချုပ်ထားရှိပါတယ်။ ၄၃ နိုင်ငံမှာ ဆိုင်ခွဲ ၈၉၀ ဖွင့်ထားပါတယ်။ မလေးရှားက ဆိုင်ခုရေ အများဆုံး ၅ နိုက်ငံမှာ ပါဝင်ပြီး ဆိုင်ပေါင်း ၂၀ ကျော် ရှိပါတယ်။

၂၀၀၆ မှာ GJC ကို မလေးရှားမှာ စတင်လုပ်ကိုင်တဲ့အခါ Malaysia International Franchise Sdn Bhd (MyFranchise) ရဲ့ လက်အောက်ခံ Wonderful Lifestyle Sdn Bhd က မလေးရှား၊ မြန်မာနဲ့ ဘရူနိုင်းတို့မှာ master franchise လုပ်ကိုင်ခွင့် ရယူခဲ့ပါတယ်။
MyFranchise က Pernas ရဲ့ လက်အောက်ခံ လုပ်ငန်းဖြစ်ပါတယ်။

 
Read times Last modified on Wednesday, 22 December 2021 10:18
Rate this item
(0 votes)