Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Vestige Restaurant

Vestige Restaurant ဆိုင်သည် မြန်မာပလာဇာရဲ့ တတိယထပ်၊

အမှတ်တရလက်ဆောင်ပစ္စည်းရောင်းတဲ့ ဆိုင်လေးနဲ့တွဲဖွင့်ထားတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။

Vestige Restaurant ဆိုင်က မြန်မာအစားအစာများ၏ မူလအရသာများကို အခြေခံထားပြီး ရိုးရာမပျက်စေဘဲ ပိုမိုဆန်းသစ်အောင် စားဖိုမှူးကြီးက တီထွင်ဖန်တီးချက်ပြုတ်ပေးထားပါတယ်။

ဆိုင်တွင် လူကြိုက်အများဆုံး မြန်မာဟင်းလျာများကတော့ မြန်မာ ကြက်ကာလသားချက်၊ ၀က်ပုန်းရည်ကြီး၊ ဆိတ်သားထမင်းနယ်၊ လက်ဖက်ထမင်း တို့ကို မြန်မာစတိုင် အရသာစစ်စစ်ဖြင့်လည်း ရနိုင်သလို Fusion Menu လို့ခေါ်တဲ့ ဖက်စပ်ဟင်းလျာများကိုလည်း ရရှိနိုင်ပါတယ်။

ဤဆိုင်မှာ ထမင်း၊ ဟင်း၊ ဟင်းချို၊ အသုပ်၊ အရွက်ကြော်တို့ပါဝင်တဲ့ မြန်မာထမင်းဟင်းပွဲများကိုလည်း ရနိုင်ပြီး တိုင်းရင်းသားအစားအစာများဖြစ်တဲ့ ကြက်ကချင်ချက်၊ ရှမ်းငါးထမင်းနယ်တို့ကိုလည်း ရပါတယ်။ ယင်းဆိုင်တွင် အထူးစီမံခပြုလုပ်ထားတဲ့ ရိုးရာခေါင်ရည်ကိုလည်း သောက်သုံးနိုင်ပါတယ်။

ဟင်းလျာများကို ဖက်စပ်ချက်ပြုထတ်ထားပေမယ့် မြန်မာအရသာနဲ့ အများကြီး ကွဲထွက်မနေဘဲ ထိုင်း၊ ဥရောပ အရသာများနဲ့ ပေါင်းစပ်ထားတာဖြစ်လို့ နိုင်ငံခြားသားတွေအတွက်ပါ အဆင်ပြေနိုင်ပါတယ်။

ဆိုင်တွင် ပုစွန်အဆီနှင့် ပြုလုပ်ထားတဲ့ အီတလီခေါက်ဆွဲဆိုရင် အီတလီမှ ခေါက်ဆွဲကို ထိုင်းဆော့ဖြင့် ဆိုင်ရှိ စားဖိုမှူးများက တီထွင်ချက်ပြုတ်ထားတဲ့အတွက် တစ်မူထားခြားတဲ့ အရသာကိုလည်း သုံးဆောင်နိုင်ပါတယ်။

ဆိုင်ရှိ ကြက်စင်းကောကလည်း ထိုင်းပတ်ခပေါင်းကြော်ကို မြန်မာမှုပြုပြီး ချက်ထားတာဖြစ်လို့ စားသုံးသူတွေအတွက် တခြားဆိုင်တွေနဲ့မတူတဲ့ အရသာကို ရရှိစေမှာဖြစ်ပါတယ်။

ဈေးနှုန်းမှာ အနည်းဆုံး ၂၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ ရှိပါတယ်။ ဆိုင်ဖွင့်ချိန်မှာ နံနက် ၁၀ နာရီမှ ည ၉း၃၀ အထိ ဖြစ်ပါတယ်။

302-E, 3rd Floor, Myanmar Plaza

၀၉-၇၇၀၈၉၈၄၈၉

Read times Last modified on Thursday, 13 September 2018 16:45
Rate this item
(2 votes)