Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံသို့ နိုင်ငံခြားအရက်များ တရားဝင် တင်သွင်းခွင့်ပြု

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယနေ့ (မေ ၂၅ရက်)မှစတင်ပြီး

နိုင်ငံတော် ဘဏ္ဍာဆုံးရှုံးမှုမရှိစေရန်နှင့် တရားမဝင် ကုန်စည်များတင်ပို့မှု ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံခြားအရက်များကို တရားဝင် တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ပြောကြားသည်။

“ အရက်တင်သွင်းခွင့်နှုန်းထားများကိုလည်း အကောက်ခွန်က မြှင့်လိုက်ပါတယ်၊ အရင် အရက်တင်သွင်းခွင့်မပြုထားပေမယ့် တရားမဝင်အရက်တွေ ဝင်နေတယ်၊ အဲဒီတော့ နိုင်ငံတော် ဘဏ္ဍာတွေ ဆုံးရှုံးတယ်၊ တရားမဝင်အရက်တွေကျ အရည်အသွေးပိုင်း စိတ်မချရဘူး၊ နောက်တစ်ခုက ပြောင်းလဲလာတဲ့ခေတ် အခြေအနေရ အဖက်ဖက်က ဆွေးနွေးပြီး ခွင့်ပြုခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
နိုင်ငံခြားအရက်များကို တရားဝင်တင်သွင်းခွင့်ပြုလိုက်ခြင်းဖြင့် နိုင်ငံတော် ဘဏ္ဍာငွေဆုံးရှုံးမှုမရှိစေခြင်း ၊ တရားမဝင်တင်သွင်းမှုများအား ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ခြင်း၊ အရည်အသွေးပိုင်းတွင် တင်သွင်းလာသူများက တာဝန်ယူစေခြင်းစသည့် အကျိုးများ ရရှိစေမည်ဖြစ်ကြောင်း လက်ထောက်အတွင်းဝန်က ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ဘီယာ ၊ စီးကရက် နှင့် တည်ဆဲဥပဒေအရ ကန့်သတ် တားမြစ်ထားသည့်ကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းခွင့်ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရက်တင်သွင်းလိုသူ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အရက်တင်သွင်းခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၂၀ ပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။(Xinhua)

ထုတ်ပြန်ကြေညာချက် အပြည့်အစုံ အသေးစိတ် ဖတ်ရှုလေ့လာရန် ခေါင်းစဉ်ကို ထိပါ
အရက်တင်သွင်းခွင့် ပြုသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်

 

 

ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားအရက္မ်ား တရားဝင္ တင္သြင္းခြင့္ျပဳ

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနသည္ ယေန႔ (ေမ ၂၅ရက္)မွစတင္ၿပီး ႏိုင္ငံေတာ္ ဘ႑ာဆုံးရႈံးမႈမရွိေစရန္ႏွင့္ တရားမဝင္ ကုန္စည္မ်ားတင္ပို႔မႈ ထိေရာက္စြာအေရးယူ ေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္ၿပီး ႏိုင္ငံျခားအရက္မ်ားကို တရားဝင္ တင္သြင္းခြင့္ျပဳလိုက္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ဆင္ဟြာသို႔ ေျပာၾကားသည္။
“ အရက္တင္သြင္းခြင့္ႏႈန္းထားမ်ားကိုလည္း အေကာက္ခြန္က ျမႇင့္လိုက္ပါတယ္၊ အရင္ အရက္တင္သြင္းခြင့္မျပဳထားေပမယ့္ တရားမဝင္အရက္ေတြ ဝင္ေနတယ္၊ အဲဒီေတာ့ ႏိုင္ငံေတာ္ ဘ႑ာေတြ ဆုံးရႈံးတယ္၊ တရားမဝင္အရက္ေတြက် အရည္အေသြးပိုင္း စိတ္မခ်ရဘူး၊ ေနာက္တစ္ခုက ေျပာင္းလဲလာတဲ့ေခတ္ အေျခအေနရ အဖက္ဖက္က ေဆြးေႏြးၿပီး ခြင့္ျပဳခဲ့တာပါ” ဟု ၎က ဆိုသည္။
ႏိုင္ငံျခားအရက္မ်ားကို တရားဝင္တင္သြင္းခြင့္ျပဳလိုက္ျခင္းျဖင့္ ႏိုင္ငံေတာ္ ဘ႑ာေငြဆုံးရႈံးမႈမရွိေစျခင္း ၊ တရားမဝင္တင္သြင္းမႈမ်ားအား ထိေရာက္စြာအေရးယူေဆာင္႐ြက္ႏိုင္ျခင္း၊ အရည္အေသြးပိုင္းတြင္ တင္သြင္းလာသူမ်ားက တာဝန္ယူေစျခင္းစသည့္ အက်ိဳးမ်ား ရရွိေစမည္ျဖစ္ေၾကာင္း လက္ေထာက္အတြင္းဝန္က ဆက္လက္ေျပာၾကားခဲ့သည္။
လက္ရွိတြင္ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မ်ားအား ဘီယာ ၊ စီးကရက္ ႏွင့္ တည္ဆဲဥပေဒအရ ကန႔္သတ္ တားျမစ္ထားသည့္ကုန္ပစၥည္းမ်ားကို ျပည္ပမွတင္သြင္းခြင့္ပိတ္ပင္ထားဆဲ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အရက္တင္သြင္းလိုသူ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ အရက္တင္သြင္းခြင့္ဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ား အမိန႔္ေၾကာ္ျငာစာအမွတ္ ၃၉/၂၀၂၀ ပါ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ျဖည့္စြက္ ေဖာ္ျပထားသည္။(Xinhua)

ထုတ္ျပန္ေၾကညာခ်က္ အျပည့္အစုံ အေသးစိတ္ ဖတ္ရႈေလ့လာရန္ ေခါင္းစဥ္ကို ထိပါ

အရက္တင္သြင္းခြင့္ ျပဳသည့္ အမိန္႔ေၾကာ္ျငာစာ ထုတ္ျပန္

Read times Last modified on Monday, 25 May 2020 17:19
Rate this item
(0 votes)