Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


BABETT EATERY & BAR မှ “TILL U’RE FULL” အဝစား ရန်ကုန်မြို့ Weekend မနက်လည်စာကို ဖန်တီးမိတ်ဆက်

မြေထဲပင်လယ်ဒေသ၏ အရောင်အဆင်း၊ အရသာနှင့် အထိအတွေ့တို့နှင့် ပြည့်စုံသည့်

မနက်လည်စာ(Brunch) မီနူးတစ်ခုကို စားသုံးသူများအတွက် Babett Yangon မှ တို့၏ တမူထူးခြားသည့် “အဝစား မနက်လည်စာ” မီနူးအဖြစ် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့တွင် စတင် မိတ်ဆက်လိုက်ကြောင်း သိရပါတယ်။

 

၎င်းမနက်လည်စာမီနူးကို ရန်ကုန်မြို့တွင်းရှိ အခြားမနက်လည်စာ ရရှိသုံးဆောင်နိုင်သော စားသောက်ဆိုင်များနှင့် ပုံစံမတူဘဲ အပတ်စဉ် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီမှ ၃ နာရီ အတွင်းသာ ရောင်းချ ပေးသွားမည်ဖြစ်ပြီး ထိုမနက်လည်စာကို  Babett တွင် ဒီဇင်ဘာလမှ စတင်၍ လာရောက်စားသုံးကြသူများအတွက် အီတလီ၊ ပြင်သစ်နှင့် စပိန်ရိုးရာ အစားအသောက်များကို အရသာထူးခြားကောင်းမွန်စွာ ကိုယ်ပိုင်ပုံစံဖြင့် တီထွင်ဖန်တီး ချက်ပြုတ်ပေးလျက်ရှိသည့် ပြင်သစ်လူမျိုး စာဖိုးမှူးခေါင်းဆောင် အသစ် “Christophe Buzare” ကိုယ်တိုင် ရွေးချယ် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အမျိုးအစားစုံလင်သော ပြင်သစ်ဝိုင်များနှင့် မြေထဲပင်လယ်ဒေသ အစားအစာအမျိုးမျိုးကို သင့်တင့်သော ဈေးနှုန်းဖြင့် အကောင်းဆုံး ရရှိသုံးဆောင်နိုင်ပြီး သူငယ်ချင်းများနှင့်တွေ့ဆုံမျှဝေကာ  အနားယူ အပန်းဖြေရန် အတွက် ရန်ကုန်မြို့၏ အကောင်းဆုံး နေရာတစ်ခုအဖြစ် အခိုင်အမာ နာမည်ရထားပြီးဖြစ်သည့် Babett မှ စားသုံးသူများ ဝမ်းဗိုက်ပြည့်တင်း သည်အထိ စိတ်ကြိုက် အရသာရှိစွာ သုံးဆောင်နိုင်ပြီး စိတ်ကျေနပ်မှု အပြည့်အဝရရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ မနက်လည်စာကိုလည်း အကောင်းဆုံး ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ အဝစား မနက်လည်စာတွင် မိမိတို့စိတ်ကြိုက် အစာပြေဟင်းလျာများ (starters)၊ ဥ အမျိုးမျိုး၊ ပီဇာနှင့် ပါစတာအပြင် တနင်္ဂနွေအထူးဟင်းပွဲများနှင့် အချိုပွဲများကိုပါ သုံးဆောင်နိုင်ပြီး  တစ်ဦးလျှင် ၄၀,၀၀၀ ကျပ်သာ ကျသင့်မည့် အဝစားမနက်လည်စာတွင် စပါကလင်ဝိုင်၊ Bloody Mary ကော့တေးလ်၊ ဝိုင်၊ လိမ္မော်သီး၊ နာနတ်သီးဖျော်ရည်တို့အပြင် ကျန်းမာရေးနှင့် သင့်လျော်သော သခွားသီးနှင့် ပင်စိမ်းရေ စသည် တို့ကို အခမဲ့သုံးဆောင်နိုင်မည့်အပြင် ဥမျိုးမျိုး၊ စပိန် ဝက်ပေါင်ခြောက်ကြော်၊ ကိုယ်တိုင်လုပ် Tagliatelle၊ Orloff ဝက်သားကင်နှင့် အီတလီလူမျိုးများ အကြိုက် Red Fruits Panna Cotta အစရှိသည့် ဟင်းလျာများ အားလုံး ကိုလည်း အမြည်း စားသုံးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

“ဒေသထွက်စိုက်ပျိုးသီးနှံနဲ့ မူလရိုးရာ ချက်ပြုတ်နည်း အမျိုးမျိုးအပေါ် အခြေခံပြီး မြေထဲပင်လယ်ဒေသ အစား အစာတွေက အမျိုးအစား အများကြီး ကွဲပြားပါတယ်” ဟု Babett Yangon ၏ စားဖိုမှူးခေါင်းဆောင် Christophe Buzare က ပြောကြားခဲ့ပါတယ်။

 

“ဒါကြောင့်လည်း စားသုံးသူတွေအနေနဲ့ စစ်မှန်တဲ့ အတွေ့အကြုံတွေ ခံစားနိုင်ပြီး မြေထဲပင်လယ်ဒေသ တစ်လျှောက်က နာမည်အကျော်ကြားဆုံး အစားအစာတချို့ရဲ့ တမူထူးခြားတဲ့ အရသာ မျိုးစုံကို အကြိုက်တွေ့အောင် ကျွန်တော်တို့ဘက်က ဖန်တီးပေးသွားမှာပါ။ မီနူးထဲမှာပါတဲ့ ပြင်သစ် ဒေသထွက် ဝိုင်တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် အသား၊ ငါးနဲ့ salad တွေ၊ စပိန်နိုင်ငံ ကက်တလိုးနီးယားနဲ့ ဂလီးရှား ဒေသအစားအသောက်တွေ ဖြစ်တဲ့ tapas အမျိုးမျိုး အပြင် အီတလီနိုင်ငံရဲ့ ချက်ပြုတ်နည်း မူလအရသာအတိုင်း ပြင်ဆင်ထားတဲ့ ပါစတာ၊ ပီဇာနဲ့ အချိုပွဲတွေကိုလည်း သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

 

Babett အနေနဲ့လည်း ရန်ကုန်မြို့ရဲ့ သက်ဝင်လှုပ်ရှားတဲ့ ဘားနဲ့စားသောက်ဆိုင်အဖြစ် လူအများအသိအမှတ်ပြုထားတဲ့ အခြေအနေကို ဆက်ပြီး ကြိုးစားထိန်းသိမ်းသွားမှာဖြစ်ပြီး မြေထဲပင်လယ်ဒေသက အကောင်းဆုံး အစားအစာတွေကို လည်း မြန်မာနိုင်ငံဒေသထွက် လတ်ဆတ်တဲ့ စားသောက်ကုန်ပစ္စည်းတွေကို သုံး၍ စားသုံးသူတွေအတွက် အကောင်းဆုံး အမြဲတမ်း ပြင်ဆင်ချက်ပြုတ်ပြီး ဝန်ဆောင်မှုပေးသွားအုံးမှာပါ” ဟု ပြောကြားခဲ့ပါတယ်။

 

Babett၏ မနက်လည်စာကို လာရောက်သုံးဆောင်သူများ အနေဖြင့် မနက်လည်စာ မီနူးမှ ဟင်းလျာတစ်ခုချင်းစီကို စိတ်ကြိုက်မြည်းစမ်း သုံးဆောင်နိုင်ပြီး စာဖိုမှူးများ ပြင်ဆင်ချက်ပြုတ်နေကြပုံကိုလည်း လေ့လာကြည့်ရှုနိုင်မည့်အပြင် ညပိုင်းတွင်လည်း Babett ၏ “Saturdays Babett Goes Live”  အစီအစဉ်မှ DJ နှင့် Live Bands များ၏  ဖျော်ဖြေမှု များကိုလည်း ခံစားနားဆင်ရင်း ညစာအေးချမ်းစွာ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

 

စားသုံးသူ များအနေဖြင့် ဖုန်းနံပါတ် 01-243 639 နှင့် အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်၍  ကြိုတင်စာရင်း ပေးသွင်း နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:30
Rate this item
(143 votes)