Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ThaiBev က ပိုးမသတ် Chang ဘီယာ ထုတ်လုပ်

ThaiBev က ပိုးမသတ် Chang ဘီယာ ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စင်ကာပူ စတော့အိပ်ချိန်းစာရင်းဝင်  အစားအသောက်နှင့် အဖျော်ယမကာကုမ္ပဏီ Thai Beverage (ThaiBev) က ထုတ်လုပ်နေတဲ့ ဘီယာအမျိုးမျိုးမှာ နောက်ထပ် တစ်မျိုးတိုးပြီး ပရီမီယံ ဘီယာအသစ်တစ်မျိုး ထုတ်လုပ်တယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ 

.

ကုမ္ပဏီ အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံရှိ ၎င်း၏ဘီယာလုပ်ငန်း၏အကြီးအကဲ Lester Tan ၏ ပြောကြားချက်အရ Chang Unpasteurized ဘီယာကို ထုတ်လုပ်ပါတယ်။

.

ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော ပိုးမသတ် ဘီယာကို အရက်ဆိုင်များ၊ ဘားများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ် အများအပြားတို့တွင် စတင်ရောင်းချခဲ့ပါတယ်။

.

ကုမ္ပဏီက လာမည့်နှစ်အနည်းငယ်အတွင်း ချင်းမိုင်နှင့် ချင်းရိုင်ရှိ နေရာ ၁၀၀ ကျော်ကို လွှမ်းခြုံနိုင်ရန် ရည်မှန်းထားပါတယ်။

.

စီးပွားဖြစ် ထုတ်လုပ်ရောင်းချတဲ့ ဘီယာများကို ပိုးသတ်ပေးထားကြပါတယ်။

ဘီယာထည့်ထားတဲ့ ဘူး သို့မဟုတ် ပုလင်းကို အပူချိန် ၁၄၀ ဒီဂရီဝန်းကျင်ရှိ ရေပူဖြန်းပြီး ဘက်တီးရီးယားများကို သုတ်သင်ပါတယ်။ ဘီယာထဲမှာ ပါတဲ့ တစေး ဆက်လက်ကြီးထွားရင့်ကျက်လို့ မရတော့ဘဲ ရပ်သွားစေပါတယ်။

.

ပိုးမသတ်ဘီယာ Unpasteurized beer က ၎င်းပိုးသတ်အဆင့် မပါဘဲ ထုတ်လုပ်ထားပါတယ်။ အမြဲမပြတ် အေးစက်နေအောင်ထားဖို့ လိုအပ်ပြီး ထုတ်လုပ်ရက်နှင့် သိပ်မကြာခင်မှာ သောက်ဖို့လည်း လိုအပ်ပါတယ်။

ပိုးမသတ်ထားတော့ ဘေးကင်းရဲ့လား ဆိုတော့ ဘေးကင်းပါတယ်။ ပိုးသတ်ကြတာက ဘီယာကို ဆက်တိုက်အအေးပေးထားဖို့ မလိုအောင်၊ ကြာကြာ အထားခံအောင် ရည်ရွယ်ပါတယ်။

ပိုးမသတ်ဘီယာက အမြဲမပြတ် အေးစက်နေအောင်ထားထားပြီး ရက်ပေါင်း ၄၅~၆၀ အတွင်း သောက်ဖို့ လို‌ပါတယ်။ 

ပိုးသတ်ပေးထားတဲ့ ဘီယာက ၆~၉ လ အထိ လတ်ဆတ်နေဆဲ ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲ တောက်လျှောက်ထားထားရင် ၁ နှစ်အထိ ခံပါတယ်။ 

ပိုးမသတ်ဘီယာဘူး သို့မဟုတ် ပုလင်းများတွင်ပါရှိသော တဆေး အဆက်မပြတ်ကြီးထွားပါတယ်။ အရသာ ဆတိုး ကောင်းသွားစေပါတယ်။ 'အရသာက နတ်သုဒ္ဓါ'လို့တောင် တင်စားပြီး ပြောကြပါတယ်။ အရသာ ထူးကဲတာ မှန်ပေမဲ့ ဈေးကွက်ထဲ ဖြန်ချိရတဲ့အခါ အမြဲမပြတ် အအေးပေးထားဖို့ ကရိကထ ရှိခြင်း၊ ရောင်းဖို့ရက်ကြာကြာ မရခြင်းတို့ကြောင့် တာဝန်ကြီးတာကြောင့် ထုတ်လုပ်ဖို့ လက်ရှောင်ထားကြလေ့ ရှိပါတယ်။

Chang Unpasteurized ကို ကမ်ဖမ်ဖက် Kamphaeng Phet ပြည်နယ်ရှိ ကုမ္ပဏီစက်ရုံတွင် ထုတ်လုပ်ပါတယ်။

ဘီယာကို ပုလင်းသွပ်၊ ဘူးသွပ်ပြီးတဲ့အခါ အပူပေး ပိုးသတ်တဲ့အဆင့် မပါဘဲ ထုတ်လုပ်ထားပါတယ်။ ကြာကြာခံအောင်၊ ကျဲတောက်တောက် မဖြစ်အောင်၊ အမြှုပ်ထားအောင် နိုက်ထရိုဂျင် လုပ်ငန်းစဉ်ကို သုံးထားပါတယ်။ ဘီယာကို 4°C အောက် တောက်လျှောက် ရှိနေအောင် အအေးပေးကွင်းဆက် ထောက်ပံ့ပို့ဆောင်ရေး cold chain logistics သုံးစွဲပါတယ်။ 

ကမ်ဖမ်ဖက်ရှိ ကုမ္ပဏီစက်ရုံမှ ချင်းမိုင်နှင့် ချင်းရိုင်ရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များသို့ တိုက်ရိုက်ပေးပို့ပါတယ်။ ၄~၆ နာရီအတွင်း ရောက်ရှိအောင် ပေးပို့ပါတယ်။ လတ်ဆတ်တဲ့ အနံ့အရသာ ပေးအပ်ပါတယ်။

သုတေသနကုမ္ပဏီ AC Nielsen ၏ အဆိုအရ ထိုင်းနိုင်ငံရှိ ဘီယာဈေးကွက်ဟာ၂၀၂၀ ခုနှစ်တွင် ဘတ် ၁၃၁ ဘီလီယံတန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ်တွင် ၁၂၅ ဘီလီယံဘတ်သို့ ကျဆင်းသွားခဲ့ပါတယ်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဘီယာဈေးကွက်သည် ဘတ် ၁၁၁ ဘီလီယံဖိုးရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Wednesday, 30 November 2022 19:50
Rate this item
(0 votes)