Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


အဆင့်အတန်းမှီမှီ Fine Dining ဘယ်လိုစားသင့်သလဲ

အကယ်၍များ သင့်အနေနဲ့ မိတ်ဆွေ ( သို့ ) ချစ်သူ တစ်ဦးဦးနဲ့ Fine Dining ဆိုင်တစ်ခုခု မှာ Dinner စားတယ်ဆိုပါတော့ သင်တကယ်သိထားရမှာက Dining rules အပါအဝင် ထို့နောက် Table Manner ပေါ့ ။Dining rules ဟာ ထိုသို့ ဆိုင်သွားရောက် စားသောက်မှ မဟုတ်ပါဘူး ပွဲ တွေသွားရောက်စားသောက်ရင်လဲ တကယ်တွေးတော သင့်တဲ့ ကိစ္စပါ။

 

Dining rules ဆိုတာကိုလူတိုင်းသိထားသင့်ပါတယ်။လူကြီးလူကောင်းတွေ အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် ဆွေးနွေးစရာကိစ္စ ရှိလို့ပဲ ဖြစ်ဖြစ် ဒါမှပာုတ် ကောင်မလေး (သို့) ကောင်လေးနဲ့ Date တာပဲဖြစ်ဖြစ် ညစာကတော့အမြဲစားဖြစ်ကြမှာ အဲ့အခါကျ ကိုယ်တိုင်က Classic ဆန်ဆန်နေတတ်ဖို့လိုပါတယ်။

 

အဝတ်ကောင်းမွန်စွာဆင်မြန်းထားရပါမယ် ခေါင်းသပ်ရပ်စွာဖီးထားသင့်ပါတယ် ထိုအရာတွေကလည်း Dining rules ရဲ့ အခြေခံ အုတ်မြစ် ပဲပြောရမှာပေါ့။မိမိကိုယ်ကိုယ်သေသပ်နေဖို့ က အရေးကြီးပါတယ်။

 

အခုရေးသားမဲ့အချက်လေးတွေသိထားတာတော့မမှားပါဘူး တကယ်တန်းမှာ Fine Dining စားမယ်ဆို ဆိုင်နေရာအတွက် Reserve ကြိုတင်လုပ်ထားသင့်ပါတယ်။

 

ပထမဦးစွာစားသောက်ဆိုင်တဆိုင်ကို မိမိ ဧည့်သည်နှင့် စဝင်ထဲက တံခါးကိုကိုယ်တိုင်ဖွင့်ပေးလိုက်ပါ , ထိုင်ခုံကို(ကိုယ့်ဧည့်သည်)ကိုခေါ်လာတဲ့သူကိုအရင်နေရာထိုင်ခိုင်းပါ။

 

နောက်တခုက ရေခွက်နှစ်ခွက်ထဲရေကိုကိုယ်တိုင်ဖြည့်ပေးပါ Sparkling water သို့ Still water ဧည့်သည်စိတ်တိုင်းကျ ရွေးချယ် ခိုင်းလိုက်ပါ။

 

Napkin ပေးတဲ့ဆိုင်မျိုးဆို Napkin ကို အချွန်ပုံအလျားလိုက်ပေါင်ပေါ်တင်ထားလိုက်ပါ အဲ့တာ Napkin အသုံးပြုပုံနည်းအသုံးပြုနည်းလည်းအမှန်ပါ။

 

ဖုန်း,ကားသော့,ပိုက်ဆံအိတ် စသည်တို့ကိုစားပွဲပေါ်တင်မထားသင့်ပါ အမျိုးသမီးဆိုပါကအိတ်ကို ခုံတစ်လုံးတောင်းတင်ထားလို့လဲရပါတယ်။

 

ကိုယ့်ဧည့်သည်သူ့ကိုအရင်ပေးမှာပါနောက်မှကိုယ်မှာပါ တတ်နိုင်ရင်သူ့ကိုဘာမှဝင်မစွက်ဖက်ပါနဲ့ အစားအစာမှာနေတဲ့အချိန်မှာ မေးလာခဲ့သည်ရှိသော်သူကြိုက်တဲ့ အစားအစာကို အကောင်းဖက်ကပြောပါ။

 

ထို့အပြင် Waiter စားပွဲထိုးအပေါ်ဆက်ဆံတဲ့အခါမှာလဲယဉ်ကျေးစွာဆက်ဆံပေးပါ။

 

Waiter အစားအသောက်လာချလဲ Waiter ကိုကျေးဇူးတင်ပါတယ်လို့ဖော်ရွေစွာပြောပေးဖို့ဝင်မလေးပါနဲ့ လူကြီးလူကောင်း တစ်ယောက်က လူအဆင့်အတန်းမခွဲခြားဆက်ဆံပါတယ်ဆိုတဲ့သဘောထားကိုပြစေချင်တာပါ။

 

အခုခေတ်မှာအစားတွေကိုဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်ဖို့ ဓာတ်ပုံရိုက်တာကိုမလုပ်မိအောင်ရှောင်သင့်ပါတယ် အမျိုးသမီးဆို ကိုယ်အရင်စပြီး စားခွင့်ပြုပါဆိုခွင့်တောင်းပြီးစ စားပါ။

 

အမျိုးသားဆို ကလေးတွေနဲ့ အမျိုးသမီးတွေကိုအရင် ပေးစားပါ စကားပြောရင်အေးဆေးစွာနဲ့ တည်ငြိမ်စွာပြောပါ ကိုယ့်ဖိတ်ကျွေးတဲ့လူရဲ့မျက်လုံးကိုရဲရဲကြည့်ပြောပါ။

 

ခန္ဓာကိုယ်ကိုတည့်မတ်စွာထိုင်ပါ စားပွဲပေါ်လက်မထောက်ပါနဲ့ အစားနည်းနည်းစား များများနားထောင်ပါ။သူပြောသမျှကိုထောက်ခံပေးပါ ဇွန်းခရင်းနဲ့သာစားပါလုံးဝလက်နှင့်မစားသောက်မိပါစေနဲ့။

 

နောက်တခုက မြန်မာအယူအစကြီးသူကိုဦးချရမယ်ဆိုတာ ကိုယ့်မိသားစုထမင်းဝိုင်းမှာသာထိုအယူအဆကိုယူပါ လက်ခံပါအပြင်မှာဆို ကိုယ့်ပန်းကန်ကိုယ်သာအာရုံစိုက်ပါ။သူများပန်းကန် ထည့်ပေးတာတို့ဘာတို့မလုပ်သင့်ပါ ကိုယ်စားတဲ့ဇွန်းခရင်းနဲ့သူများပန်းကန်ထဲကိုမထည့်ပေးသင့်ပါ တချို့တွေကမကြိုက်တတ်လို့ပါ။

 

ကိုယ့်ဖိတ်ကျွေးတဲ့လူကိုများများစားပါလို့တော့ပြောပေးပါ အစားအသောက်စားရင်ပါးစပ်ကိုပိတ်စားပါ ဇွန်းခရင်းအသံတွေမထွက်အောင်ငြင်သာစွာစားပါ။

 

စားပြီးပါက Napkin ကိုပန်းကန်ဘေးမှာချထားပါ ဇွန်းခရင်း ကို ပန်းကန်ပေါ် အလျားလိုက်တင်ထားကာပြီးမြှောက်ကြောင်း ပြသပါ။

 

ပိုက်ဆံရှင်းတဲ့ အခါကျရင် ကိုယ်က ကိုယ်ဖိတ်ကျွေးတဲ့လူကိုခွင့်ပြုပါခဏဆို ငွေရှင်းကောင်တာမှာမသိအောင် သွားရှင်းထားပါ သူရှင်းမယ်ကိုယ်ရှင်းမယ်လုရှင်းနေတာမျိုးကျသိပ်အဆင်မပြေလို့ပါ။

 

ကိုယ်ကကြိုရှင်းထားပြီးမှ ပြန်ခါနီး သူကပြန်မယ်ဆိုမှ ကိုယ်ရှင်းပြီးပါပြီလို့ အသိပေးလိုက်ပါ။

 

အခုလို ဖိတ်ကျွေးတာကို တကူးတကလာပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောပေးပါ ဘယ်တော့ မှ လူတစ်ဦးကို ယဉ်ကျေးစွာ ဆက်ဆံ ဖို့ မမေ့ပါနဲ့။

 

အသိအမှတ်ပြုတယ်ဆိုတာထင်ရှားတဲ့အမှုအရာမျက်နှာအနေအထားနဲ့ နေပေးပါ ပြီးတဲ့အခါ ပြန်တဲ့အထိကိုယ်ကပဲတံခါးဖွင့်ပေးလိုက်ပါ စိတ်ကျေနပ်မှု့ရှိမယ်လို့မျှော်လင့်ပါတယ်။

 

အခုလိုအချိန်ပေးဖတ်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ် အထက်ပါ အချက်အလက်တွေသေချာစွာ လိုက်နာနိုင်မယ်ဆိုပါက သင့် ညစာစားတဲ့ ညလေးကြောင့် တစ်ဖက် လူဆီမှာ သင်အမှတ်တစ်မှတ်ပိုရသွားပါပြီ။

 

သာယာလှပတဲ့နေ့လေးပိုင်ဆိုင်ကြပါစေ။

 

COVID 19

 

<<< Zawgyi >>>

 

အဆင့္အတန္းမွီမွီ Fine Dining ဘယ္လိုစားသင့္သလဲ

--------------

 

အကယ္၍မ်ား သင့္အေနနဲ႔ မိတ္ေဆြ ( သို႔ ) ခ်စ္သူ တစ္ဦးဦးနဲ႔ Fine Dining ဆိုင္တစ္ခုခု မွာ Dinner စားတယ္ဆိုပါေတာ့ သင္တကယ္သိထားရမွာက Dining rules အပါအဝင္ ထို႔ေနာက္ Table Manner ေပါ့ ။Dining rules ဟာ ထိုသို႔ ဆိုင္သြားေရာက္ စားေသာက္မွ မဟုတ္ပါဘူး ပြဲ ေတြသြားေရာက္စားေသာက္ရင္လဲ တကယ္ေတြးေတာ သင့္တဲ့ ကိစၥပါ။

 

Dining rules ဆိုတာကိုလူတိုင္းသိထားသင့္ပါတယ္။လူႀကီးလူေကာင္းေတြ အလုပ္ကိစၥအတြက္ပဲျဖစ္ျဖစ္ ေဆြးေႏြးစရာကိစၥ ရွိလို႔ပဲ ျဖစ္ျဖစ္ ဒါမွပာုတ္ ေကာင္မေလး (သို႔) ေကာင္ေလးနဲ႔ Date တာပဲျဖစ္ျဖစ္ ညစာကေတာ့အၿမဲစားျဖစ္ၾကမွာ အဲ့အခါက် ကိုယ္တိုင္က Classic ဆန္ဆန္ေနတတ္ဖို႔လိုပါတယ္။

 

အဝတ္ေကာင္းမြန္စြာဆင္ျမန္းထားရပါမယ္ ေခါင္းသပ္ရပ္စြာဖီးထားသင့္ပါတယ္ ထိုအရာေတြကလည္း Dining rules ရဲ႕ အေျခခံ အုတ္ျမစ္ ပဲေျပာရမွာေပါ့။မိမိကိုယ္ကိုယ္ေသသပ္ေနဖို႔ က အေရးႀကီးပါတယ္။

 

အခုေရးသားမဲ့အခ်က္ေလးေတြသိထားတာေတာ့မမွားပါဘူး တကယ္တန္းမွာ Fine Dining စားမယ္ဆို ဆိုင္ေနရာအတြက္ Reserve ႀကိဳတင္လုပ္ထားသင့္ပါတယ္။

 

ပထမဦးစြာစားေသာက္ဆိုင္တဆိုင္ကို မိမိ ဧည့္သည္ႏွင့္ စဝင္ထဲက တံခါးကိုကိုယ္တိုင္ဖြင့္ေပးလိုက္ပါ , ထိုင္ခုံကို(ကိုယ့္ဧည့္သည္)ကိုေခၚလာတဲ့သူကိုအရင္ေနရာထိုင္ခိုင္းပါ။

 

ေနာက္တခုက ေရခြက္ႏွစ္ခြက္ထဲေရကိုကိုယ္တိုင္ျဖည့္ေပးပါ Sparkling water သို႔ Still water ဧည့္သည္စိတ္တိုင္းက် ေ႐ြးခ်ယ္ ခိုင္းလိုက္ပါ။

 

Napkin ေပးတဲ့ဆိုင္မ်ိဳးဆို Napkin ကို အခြၽန္ပုံအလ်ားလိုက္ေပါင္ေပၚတင္ထားလိုက္ပါ အဲ့တာ Napkin အသုံးျပဳပုံနည္းအသုံးျပဳနည္းလည္းအမွန္ပါ။

 

ဖုန္း,ကားေသာ့,ပိုက္ဆံအိတ္ စသည္တို႔ကိုစားပြဲေပၚတင္မထားသင့္ပါ အမ်ိဳးသမီးဆိုပါကအိတ္ကို ခုံတစ္လုံးေတာင္းတင္ထားလို႔လဲရပါတယ္။

 

ကိုယ့္ဧည့္သည္သူ႔ကိုအရင္ေပးမွာပါေနာက္မွကိုယ္မွာပါ တတ္ႏိုင္ရင္သူ႔ကိုဘာမွဝင္မစြက္ဖက္ပါနဲ႔ အစားအစာမွာေနတဲ့အခ်ိန္မွာ ေမးလာခဲ့သည္ရွိေသာ္သူႀကိဳက္တဲ့ အစားအစာကို အေကာင္းဖက္ကေျပာပါ။

 

ထို႔အျပင္ Waiter စားပြဲထိုးအေပၚဆက္ဆံတဲ့အခါမွာလဲယဥ္ေက်းစြာဆက္ဆံေပးပါ။

 

Waiter အစားအေသာက္လာခ်လဲ Waiter ကိုေက်းဇူးတင္ပါတယ္လို႔ေဖာ္ေ႐ြစြာေျပာေပးဖို႔ဝင္မေလးပါနဲ႔ လူႀကီးလူေကာင္း တစ္ေယာက္က လူအဆင့္အတန္းမခြဲျခားဆက္ဆံပါတယ္ဆိုတဲ့သေဘာထားကိုျပေစခ်င္တာပါ။

 

အခုေခတ္မွာအစားေတြကိုဓာတ္ပုံ႐ိုက္ၿပီး Facebook ေပၚတင္ဖို႔ ဓာတ္ပုံရိ္ုက္တာကိုမလုပ္မိေအာင္ေရွာင္သင့္ပါတယ္ အမ်ိဳးသမီးဆို ကိုယ္အရင္စၿပီး စားခြင့္ျပဳပါဆိုခြင့္ေတာင္းၿပီးစ စားပါ။

 

အမ်ိဳးသားဆို ကေလးေတြနဲ႔ အမ်ိဳးသမီးေတြကိုအရင္ ေပးစားပါ စကားေျပာရင္ေအးေဆးစြာနဲ႔ တည္ၿငိမ္စြာေျပာပါ ကိုယ့္ဖိတ္ေကြၽးတဲ့လူရဲ႕မ်က္လုံးကိုရဲရဲၾကည့္ေျပာပါ။

 

ခႏၶာကိုယ္ကိုတည့္မတ္စြာထိုင္ပါ စားပြဲေပၚလက္မေထာက္ပါနဲ႔ အစားနည္းနည္းစား မ်ားမ်ားနားေထာင္ပါ။သူေျပာသမွ်ကိုေထာက္ခံေပးပါ ဇြန္းခရင္းနဲ႔သာစားပါလုံးဝလက္ႏွင့္မစားေသာက္မိပါေစနဲ႔။

 

ေနာက္တခုက ျမန္မာအယူအစႀကီးသူကိုဦးခ်ရမယ္ဆိုတာ ကိုယ့္မိသားစုထမင္းဝိုင္းမွာသာထိုအယူအဆကိုယူပါ လက္ခံပါအျပင္မွာဆို ကိုယ့္ပန္းကန္ကိုယ္သာအာ႐ုံစိုက္ပါ။သူမ်ားပန္းကန္ ထည့္ေပးတာတို႔ဘာတို႔မလုပ္သင့္ပါ ကိုယ္စားတဲ့ဇြန္းခရင္းနဲ႔သူမ်ားပန္းကန္ထဲကိုမထည့္ေပးသင့္ပါ တခ်ိဳ႕ေတြကမႀကိဳက္တတ္လို႔ပါ။

 

ကိုယ့္ဖိတ္ေကြၽးတဲ့လူကိုမ်ားမ်ားစားပါလို႔ေတာ့ေျပာေပးပါ အစားအေသာက္စားရင္ပါးစပ္ကိုပိတ္စားပါ ဇြန္းခရင္းအသံေတြမထြက္ေအာင္ျငင္သာစြာစားပါ။

 

စားၿပီးပါက Napkin ကိုပန္းကန္ေဘးမွာခ်ထားပါ ဇြန္းခရင္း ကို ပန္းကန္ေပၚ အလ်ားလိုက္တင္ထားကာၿပီးေျမႇာက္ေၾကာင္း ျပသပါ။

 

ပိုက္ဆံရွင္းတဲ့ အခါက်ရင္ ကိုယ္က ကိုယ္ဖိတ္ေကြၽးတဲ့လူကိုခြင့္ျပဳပါခဏဆို ေငြရွင္းေကာင္တာမွာမသိေအာင္ သြားရွင္းထားပါ သူရွင္းမယ္ကိုယ္ရွင္းမယ္လုရွင္းေနတာမ်ိဳးက်သိပ္အဆင္မေျပလို႔ပါ။

 

ကိုယ္ကႀကိဳရွင္းထားၿပီးမွ ျပန္ခါနီး သူကျပန္မယ္ဆိုမွ ကိုယ္ရွင္းၿပီးပါၿပီလို႔ အသိေပးလိုက္ပါ။

 

အခုလို ဖိတ္ေကြၽးတာကို တကူးတကလာေပးလို႔ေက်းဇူးတင္ပါတယ္လို႔ေျပာေပးပါ ဘယ္ေတာ့ မွ လူတစ္ဦးကို ယဥ္ေက်းစြာ ဆက္ဆံ ဖို႔ မေမ့ပါနဲ႔။

 

အသိအမွတ္ျပဳတယ္ဆိုတာထင္ရွားတဲ့အမႈအရာမ်က္ႏွာအေနအထားနဲ႔ ေနေပးပါ ၿပီးတဲ့အခါ ျပန္တဲ့အထိကိုယ္ကပဲတံခါးဖြင့္ေပးလိုက္ပါ စိတ္ေက်နပ္မႈ႕ရွိမယ္လို႔ေမွ်ာ္လင့္ပါတယ္။

 

အခုလိုအခ်ိန္ေပးဖတ္ေပးလို႔ေက်းဇူးအထူးတင္ရွိပါတယ္ အထက္ပါ အခ်က္အလက္ေတြေသခ်ာစြာ လိုက္နာႏိုင္မယ္ဆိုပါက သင့္ ညစာစားတဲ့ ညေလးေၾကာင့္ တစ္ဖက္ လူဆီမွာ သင္အမွတ္တစ္မွတ္ပိုရသြားပါၿပီ။

 

သာယာလွပတဲ့ေန႔ေလးပိုင္ဆိုင္ၾကပါေစ။

 

Home Page Food

 

Myanmar Food Industry Directory

 

 

Read times
Rate this item
(0 votes)