Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ချစ်သူများနေ့မှာ ချစ်သူနှစ်ဦး ချစ်ခြင်းမေတ္တာတွေကိုအပြန်အလှန် ဝေမျှသွားနိုင်မည့် Babett Eatery & Bar ၏ Valentine’s Day အစီအစဉ်

အစားအသောက်ဟာ လူတစ်ဦးတစ်ယောက်၏ နှလုံးသားကို ရရှိပိုင်ဆိုင်နိုင်မည့်

အချက်တစ်ခု ဖြစ်ပါက Babett စားသောက်ဆိုင်သည် မြန်မာပြည်က ချစ်သူစုံတွဲများ ချစ်သူများနေ့တွင် ကြည်နူးစွာ ရွေးချယ်သင့်သည့် စားသောက်ဆိုင် တစ်ခုပင်ဖြစ်ပါတယ်။

 

ရန်ကုန်မြို့၏ နာမည်ကြီး ဘားနှင့် စားသောက်ဆိုင် တစ်ခုအဖြစ် နာမည်ရလာသည့် Babett မှ ချစ်သူများနေ့တွင် အစားအသောက်ကိုချစ်မြတ်နိုးသည့် မိမိချစ်ခင်နှစ်သက်ရ သူနှင့် အရသာရှိသည့်အစားသောက်များကို အတူတကွ မြိန်ယှက်စွာ စားသောက်နိုင်မည့် ပြီးပြည့်စုံသည့် အထူးညစာ မီးနူးကို ဖန်တီးပြင်ဆင်ပေးထားပါတယ်။

 

အဆိုပါ ညစာအား Babett ၏ စာဖိုးမှူးခေါင်းဆောင် “Chef Christophe Buzare” ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်ပေးသွားမည်ဖြစ်ပြီး ပြီးပြည့်စုံသည့် “A la Carte” မီနူးကို ချစ်သူများနေ့တွင် ညနေ ၆ နာရီမှ ညမိုးချုပ်သည်အထိ ရရှိမည်ဖြစ်ပြီး အရသာရှိသည့်ဟင်းလျာများကြောင့်  မိမိနှင့်မိမိချစ်သူမှာ ချစ်သူများနေ့အတွက် စွဲကျန် စေမည့်ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။

 

မီးရောင်မှိန်မှိန်ထွန်းထားပြီး သာယာငြိမ့်ညောင်းသည့် တေးသံပျံ့လွင့်နေမည့် ရင်ခုန်ကြည်နူးဖွယ်ရာ အပြင်အဆင်အောက် တွင် မိမိချစ်သူနှင့်အတူညစာ သုံးဆောင်နိုင်ရန် ပြင်ဆင်ပေးသွားမည်ဖြစ်သလို ညစာမီနူးထဲတွင် ပါဝင်သည့် အစာပြေနှင့် အဓိကဟင်းပွဲများထဲမှ အသား၊ ငါး နှင့် ဟင်းသီးဟင်းရွက် ဟင်းလျားများကိုလဲ စိတ်ကြိုက်ရွေးချယ် စားသုံးနိုင်ဦးမည် ဖြစ်ပါတယ်။

 

အဆာပြေအတွက် တစ်ခုချင်းစီအလှည့်ကျ စိတ်ကြိုက်စားသုံးနိုင်မည်ဖြစ်သလို ပေါ့ပေါ့ပါးပါး စားသုံးလိုသူ တွေအတွက်လည်း ထောပတ်သီး၊ ကြက်သွန်ဖြူ၊ ငရုပ်ပွတို့ဖြင့် ရောချက်ထားတဲ့ အနှစ်နှင့်တွဲဖက်၍ စားသုံးရသော ပုစွန် ကြွပ်ကြော်ကို ပြင်ဆင်ပေးထားမှာဖြစ်ပါတယ်။

 

ကညွှတ်မီးကင်ကို ကြက်ဥအကြွပ်ကျော်နှင့် မုန်ညှင်းအနှစ်တို့နှင့် တွဲဖက်ထားသည့် ဟင်းလျာကိုလည်း ရရှိမှာဖြစ်ပြီး ချစ်သူများနေ့ညတွင် ဗိုက်ပြည့်ကားအောင် စုံစုံလင်လင် စားချင်ကြသည့် အစားအသောက်ခုံမင်သော စုံတွဲများအတွက်လည်း ချစ်သူနှစ်ဦးဝေမျှကာ အပြည့်အဝစားနိုင်မည့် ၇၅၀ ဂရမ်ရှိသည့် အမဲနံရိုး ကပ်သားဟင်း၊ ပင်လယ်ငါးဟင်း၊ သစ်အယ်သီးနှင့် မှိုဆန်ပြုတ်တို့ပါသည့် ဟင်းပွဲကိုလည်း သုံးဆောင်နိုင်မည် ဖြစ်ပါတယ်။

 

ထိုကဲ့သို့ အမျိုးအစားစုံလင် ပြည့်စုံလွန်းလှပြီး အရသာထူးကဲလှသော ဟင်းလျာများအပြင် ချစ်သူများနေ့ဟူသော အဓိပ္ပာယ် ကိုပြီးပြည့်စုံသွားစေမည့် ချစ်သင်္ကေတကို ဖော်ညွှန်းသော ချောကလက်နှင့် စတော်ဘယ်ရီတို့ဖြင့် ရင်ခုန်ကြည်နူးဖွယ် ဖန်တီးထားသော Babett ၏ အချိုပွဲများဖြစ်သည့် Marshmallow Chocolate Fondue အမည်ရသည့် ချောကလပ်အနှစ်နှင့် တို့စားရသည့် ပန်းရောင်မုန့်အချို၊ Chocolate Volcano ဟုခေါ်သည့် ရေခဲမုန့် သို့မဟုတ် စတော်ဘယ်ရီနှင့် ပန်းသီးတို့ကို ပူပူနွေးနွေး ချောကလပ်ကိတ်မုန့်နှင့်တွဲစားရသည့် အချိုပွဲတို့ကိုလည်း ရရှိသုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

“ အခုနှစ်နောက်ပိုင်းတွေမှာ မြန်မာနိုင်ငံမှာ Valentine’s Day ချစ်သူများနေ့ပွဲတွေကို တွင်တွင်ကျယ်ကျယ်ကို ကျင်းပလာ ကြတာကို  တွေ့မိတယ်။ အခုလို ချစ်သူများနေ့ပွဲတွေ အများကြီးကျင်းပနေကြတဲ့အထဲက သူများနဲ့မတူ တမူထူးခြားတဲ့ ခံစားမှုမျိုး၊ အမှတ်တရမျိုးကို Babett မှာလာရောက်စားသုံးကြတဲ့ ဧည့်သည်တော်တွေ ခံစားရရှိအောင်လို့ ကျွန်တော်နဲ့ Babett အဖွဲ့သားတွေက အရသာထူးကဲလှတဲ့ မီနူးဟင်းလျာတွေကို အထူးပြုလုပ်ပြင်ဆင်ချက်ပြုတ်ပေးသွားမှာ ဖြစ်ပြီး ချစ်သူစုံတွဲတွေအတွက် အမှတ်ရစရာ နေ့လေးတစ်ရက်ဖြစ်အောင် ဆောင်ကြဉ်းပေးသွားပါမယ်” လို့ Babett ၏ စာဖိုးမှူး ခေါင်းဆောင် Chef Christophe Buzare က ပြောကြားခဲ့ပါတယ်။

 

“ကျွန်တော်တို့ရဲ့ အတွေ့အကြုံကို ဝေမျှပြီး ဖန်တီးထားတဲ့ Babett မှာ ချစ်ခြင်းမေတ္တာတွေ ပျံ့နှံ့နေတဲ့ ပြင်သစ်ဟင်းလျာတွေနဲ့ ဖန်တီးထားတဲ့ ညစာကို တည့်ခင်းရမှာလောက် ပိုပြီး ကောင်းမွန်တာ ရှိမှာမဟုတ်ပါဘူး။ Babett မှာ ချစ်သူများနေ့ကို ကုန်ဆုံးမယ့် ချစ်သူတွေအနေနဲ့ကလည်း အရသာရှိလှတဲ့ အစားအသောက်တွေကို တည့်ခင်းနိုင်မယ့် အတွေ့အကြုံအပြင် ချစ်သူနှစ်ဦး ပိုမိုနားလည်အဆင်ပြေစေမယ့် ညစာလေး တစ်ခုဖြစ်မှာပါ” ဟု ပြောကြားခဲ့ပါတယ်။

Babett တွင် ပြင်သစ်နှင့် မြေထဲပင်လယ် ဒေသမှ အရသာထူးကဲလှသော ဟင်းလျာများကို ချစ်သူနှစ်ဦး ကြည်နူး ပျော်ရွှင်စွာ သုံးဆောင်နေသည့်အချိန်တွင် ချစ်သူနှစ်ဦး၏စားပွဲပေါ်တွင် နှင်းဆီပန်းလက်ဆောင်ကို Babett မှလက်ဆောင် အဖြစ် ပေးသွားဦးမည်ဖြစ်ကြောင်း သိရပါတယ်။

 

Valentine Day ချစ်သူများနေ့အတွက် ကြိုတင်နေရာမှာချင်ပါက ၀၁ ၂၄၃၆၃၈ နှင့် အီးမေးလ် လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. ကိုဆက်သွယ်နိုင်ပါသည်။

Read times Last modified on Tuesday, 18 September 2018 15:47
Rate this item
(1 Vote)