Restaurants
×
Warning
JUser: :_load: Unable to load user with ID: 540
တစ်ယောက်တည်း အေးဆေးစားနိုင်မည့်စားသောက်ဆိုင် ဆွီဒင်မှာ ဖွင့်လှစ်
ကိုရိုနာရောဂါ ဖြစ်ပွါးတဲ့ကာလမှာ စားသောက်ဆိုင် တွေတော်တော်များများ ပိတ်ထားကြပြီး တချို့ဆိုင်များကြတော့ ပါဆယ်သာဝယ်လို့ရပါတယ်။
ဒီတစ်ခါမှာတော့ ကိုရိုနာရောဂါ ဖြစ်ပွါးချိန်မှ ဆွီဒင်မြို့မှာဖွင့်လှစ်လိုက်တဲ့ လယ်ကွင်းထဲက အစားအသောက်မှာတော့ ဆိုင်ရဲ့ ချက်ပြုတ်ဆောင်မှ စားပွဲပေါ်သို့ကြိုးတန်းကာ ခြင်းတောင်းချိတ်၍ အစားအစာများကို လှမ်းပို့ပါတယ်။စားပွဲထိုးလုံးဝအသုံးမပြုပါဘူး။
အခုအချိန်မှာ အခြား စားသောက်ဆိုင်တွေက အဲကွန်းမှ ကိုဗစ်ကူးသလို လူအချင်းချင်း နေရာ ကျဉ်းများကြားတွင် ထိုင်ကာစားသောက်ခြင်းကလည်း ကိုဗစ်ကူးစေနိုင်ပါတယ်။
ယခု ဆွီဒင်က လယ်ကွင်းများကြားက စားသောက်ဆိုင်လေးဟာ ဆွီဒင်မှ စုံတွဲ တစ်တွဲဖွင့်လှစ်မှာဖြစ်ပြီး စားသောက်ဝိုင်း နဲ့ မီးဖိုဆောင် ကိုကွာဝေးတဲ့ အဝေးအကွာတစ်ခုကနေ ခုံနေရာကို တိုင်းတာ စီမံထားတာပါ တစ်ယောက်စား ခုံ နဲ့ စားပွဲ တစ်လုံးသာ ထားရှိထားတာတွေ့ရပါတယ်။မေလ ၁၀ ရက်နေ့မှာ အဆိုပါစားသောက်ဆိုင်လေး စဖွင့်မယ်သိရပါတယ်။
ထိုစားသောက်ဆိုင်ကိုလာစားပါက ကြိုတင် ဘိုကင်လုပ်ရတယ်သိရပြီး တစ်ရက်မှာ ဧည့်သည်တစ်ယောက်ပဲအလာခံမှာပါ။စုံတွဲတွေဖြစ်တဲ့ Linda Karlsson နဲ့ Rasmus Persson တို့ဟာ သူတို့နဲ့ နှစ်ဖက်မိဘများကို လူအခြင်းခြင်း ခပ်ခွါခွါ နေခိုင်းရင်း ဧည့်ဝတ်ပြုရာက ယခုကဲ့သို့ အကြံကိုရလာတာပါတဲ့။ယခုဆိုရင် သူတို့ဟာ Website ထောင်ထားပြီသိရပါတယ်။
ထိုစားသောက်ဆိုင်လေးက ရာသီအလိုက်ရရှိမည့် အစားအစာများ ပြောင်းလဲမည်ဖြစ်ပြီး သူတို့ ဒေသထွက် ပစ္စည်းများကိုသာ အဓိကထား ချက်ပြုတ်ရောင်းချမယ်သိရပါတယ်။ယခုလက်ရှိ ၎င်းတို့ Web မှာတွေ့ရတဲ့ စားသောက်ဖွယ်ရာများကတော့ ဟင်းသီးဟင်းရွက်နဲ့ ဆိုင်တဲ့ စားပွဲသုံးမျိုးပါတဲ့။
ပထမလာချမည့်ဟင်းပွဲမှာ ဆွီဒင် စတိုင်လ် ပင်လယ်ရေညှိနဲ့ မြှစ်နု ဟင်းပါ။ဒုတိယကတော့ မုန်လာဥနီရယ် ၊ ပြောင်းဖူးအနုလေးတွေရယ် ကို ဟင်းတစ်ခွက်ချက်ထားတာပါ။တတိယ ကတော့ အချိုပွဲပေါ့ ဘလူးဘယ်ရီနဲ့ထောပတ်နွားနို့အအေးပေါ့။
ထိုစားသောက်ဆိုင်လေးမှာစားရဖို့ ဘယ်လောက်ကျမလဲ ဆိုတော့ကား စားသုံးသူဟာ မိမိ ပေးနိုင်သလောက်ပဲ ရှင်းယုံပါပဲ ဆိုင်ရှင်က ပြောကြားချက်အရ အခုချိန်မှာ လူတွေက အလုပ်တွေ ပြုတ်ကျ ဒုက္ခရောက်နေတဲ့ အချိန် ငွေမလိုပါဘူး တကယ်တန်းမှာ သူတို့စုံတွဲလေးဟာ သြဂုဏ်လကြရင် ဖွင့်မည့်စားသောက်ဆိုင်လေးအတွက် ကြိုတင်လေ့ကျင်ကျတာပါပဲ ဒါ့ထက် အလှူ အတမ်းလုပ်တာပါတဲ့။
Bord for En Table for One restaurant
<<< Zawgyi >>>
တစ်ယောက်ထဲ အေးဆေးစားနိုင်မည့်စားသောက်ဆိုင် ဆွီဒင်မှာ ဖွင့်လှစ်
------------------------------
Ref : People Magazine
Read times Last modified on Thursday, 30 April 2020 06:26
Rate this item
(0 votes)