Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ေရႊဝယ္သူ ထားဝယ္႐ိုးရာစားစရာႏွင့္ အသုပ္မ်ဳိးစံုဆိုင္

ထားဝယ္အစားအစာမ်ားကို ထားဝယ္သုိ႔သြားေရာက္စားစရာမလိုဘဲ ရန္ကုန္တြင္လည္း စားေသာက္ႏိုင္ပါတယ္။

ေရႊ၀ယ္သူဆိုင္ကေတာ့ ထား၀ယ္႐ိုးရာစားစရာမ်ား စံုလင္စြာရရွိႏိုင္တဲ့ ဆိုင္ေလးျဖစ္ပါတယ္။

 

ထား၀ယ္ေဒသရဲ႕ စားစရာေတြဟာ အလြန္ထူးျခားၿပီး အရသာအျပည့္အဝနဲ႔ အလြန္လတ္ဆတ္တဲ့ ပင္လယ္ထြက္ပစၥည္းမ်ားကို အေျခခံျပဳလုပ္ထားပါတယ္။

 shwe wethu

ရန္ကုန္ၿမိဳ႕၏ ထူးထူးျခားျခား တစ္ေနရာတည္းမွာ အမ်ိဳးစံုလင္စြာရရွိႏိုင္တဲ့ ေရႊ၀ယ္သူရဲ႕ ထား၀ယ္မုန္႔ဟင္းခါး၊ မုန္႔လက္သုပ္ကစလို႔ အစားအစာ အမ်ိဳးအမည္(၅၀)ေက်ာ္ေသာ စားေသာက္ဖြယ္ရာမ်ားႏွင့္ Fresh Juice အေအး တုိ႔ကိုလည္း ေသာက္သံုးႏိုင္ပါတယ္။

 

ဆိုင္ေလးကေတာ့ သန္႔ရွင္းသပ္ရပ္ၿပီး က်ယ္ဝန္းပါတယ္။ ဆိုင္တြင္ အဓိကစားသံုးမႈမ်ားတဲ့ အစားအစာေတြကေတာ့ ထား၀ယ္မုန္႔လက္သုပ္၊ ထား၀ယ္မုန္႔ဟင္းခါး၊ မုန္႔ဖတ္သနပ္သုပ္၊ ထား၀ယ္တြင္ လူႀကိဳက္မ်ားတဲ့ ရွပ္ကင္နဲ႔ ရွပ္သုပ္၊ သာေခြယိုင္အစရွိတဲ့ အစားအစာေတြကေတာ့ နာမည္ႀကီးၿပီး ေစ်းႏႈန္းကလည္း ၁၀၀၀ က်ပ္မွ ၃၀၀၀ က်ပ္ ေက်ာ္ေလာက္အထိပဲ က်သင့္မွာျဖစ္ပါတယ္။

 

ထား၀ယ္႐ိုးရာအစားအစာကို ျမည္းစမ္းလိုသူေတြနဲ႔ ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ထား၀ယ္႐ိုးရာ အစားအေသာက္ေတြကို စံုလင္စြာေရာင္းခ်ေပးေနတဲ့ ေရႊ၀ယ္သူစားေသာက္ဆိုင္တြင္ သံုးေဆာင္ဖုိ႔အတြက္ လမ္းညႊန္ေပးလိုက္ပါတယ္။

 

ခ်က္ျပဳတ္ရာမွာ သံုးတဲ့ ပစၥည္းေတြကိုလည္း ထား၀ယ္ၿမိဳ႕ကေန တိုက္႐ိုက္၀ယ္ယူအသံုးျပဳထားပါတယ္။

 

ဆိုင္ဖြင့္ခ်ိန္ကေတာ့ နံနက္ ၈ နာရီမွ ညေန ၆ နာရီအထိ ဖြင့္လွစ္ေပးထားပါတယ္။ ဆိုင္ကို အမွတ္ ၂၁၇/ဘီ၊ ပါရမီလမ္း၊ (၄) ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ဖြင့္လွစ္ထားပါတယ္။

 

ဖုန္းနံပါတ္ကေတာ့ ၀၉-၇၆၆ ၆၇၉၉၃၆၊ ၀၉-၄၅၀ ၀၁၀၇၉၁ သုိ႔ ေမးျမန္းစံုစမ္းႏိုင္ပါတယ္။

UNICODE ျဖင့္ဖတ္ရန္

ရွှေဝယ်သူ ထားဝယ်ရိုးရာစားစရာနှင့် အသုပ်မျိုးစုံဆိုင်
ထားဝယ်အစားအစာများကို  ထားဝယ်သို့သွားရောက်စားစရာမလိုဘဲ ရန်ကုန်တွင်လည်း စားသောက်နိုင်ပါတယ်။ ရွှေဝယ်သူဆိုင်ကတော့ ထားဝယ်ရိုးရာစားစရာများ စုံလင်စွာရရှိနိုင်တဲ့ ဆိုင်လေးဖြစ်ပါတယ်။
ထားဝယ်ဒေသရဲ့ စားစရာတွေဟာ အလွန်ထူးခြားပြီး အရသာအပြည့်အဝနဲ့ အလွန်လတ်ဆတ်တဲ့ ပင်လယ်ထွက်ပစ္စည်းများကို အခြေခံပြုလုပ်ထားပါတယ်။
ရန်ကုန်မြို့၏ ထူးထူးခြားခြား တစ်နေရာတည်းမှာ အမျိုးစုံလင်စွာရရှိနိုင်တဲ့ ရွှေဝယ်သူရဲ့ ထားဝယ်မုန့်ဟင်းခါး၊ မုန့်လက်သုပ်ကစလို့ အစားအစာ အမျိုးအမည်(၅၀)ကျော်သော စားသောက်ဖွယ်ရာများနှင့် Fresh Juice အအေး တို့ကိုလည်း သောက်သုံးနိုင်ပါတယ်။
ဆိုင်လေးကတော့ သန့်ရှင်းသပ်ရပ်ပြီး ကျယ်ဝန်းပါတယ်။ ဆိုင်တွင် အဓိကစားသုံးမှုများတဲ့ အစားအစာတွေကတော့ ထားဝယ်မုန့်လက်သုပ်၊ ထားဝယ်မုန့်ဟင်းခါး၊ မုန့်ဖတ်သနပ်သုပ်၊ ထားဝယ်တွင် လူကြိုက်များတဲ့ ရှပ်ကင်နဲ့ ရှပ်သုပ်၊ သာခွေယိုင်အစရှိတဲ့ အစားအစာတွေကတော့ နာမည်ကြီးပြီး စျေးနှုန်းကလည်း ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် ကျော်လောက်အထိပဲ ကျသင့်မှာဖြစ်ပါတယ်။
ထားဝယ်ရိုးရာအစားအစာကို မြည်းစမ်းလိုသူတွေနဲ့ ကြိုက်နှစ်သက်သူများအတွက် ထားဝယ်ရိုးရာ အစားအသောက်တွေကို စုံလင်စွာရောင်းချပေးနေတဲ့ ရွှေဝယ်သူစားသောက်ဆိုင်တွင် သုံးဆောင်ဖို့အတွက် လမ်းညွှန်ပေးလိုက်ပါတယ်။
ချက်ပြုတ်ရာမှာ သုံးတဲ့ ပစ္စည်းတွေကိုလည်း ထားဝယ်မြို့ကနေ တိုက်ရိုက်ဝယ်ယူအသုံးပြုထားပါတယ်။
ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားပါတယ်။ ဆိုင်ကို အမှတ် ၂၁၇/ဘီ၊ ပါရမီလမ်း၊ (၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားပါတယ်။
ဖုန်းနံပါတ်ကတော့ ၀၉-၇၆၆ ၆၇၉၉၃၆၊ ၀၉-၄၅၀ ၀၁၀၇၉၁ သို့ မေးမြန်းစုံစမ်းနိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 15:53
Rate this item
(2 votes)