Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Oh La La Spicy (ရှမ်းအစားအစာနဲ့ တရုတ်အစားအစာ)

ရှမ်းအစားအစာနဲ့ တရုတ်အစားအစာများကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေတဲ့အပြင်

အရသာကောင်းမွန်ပြီး စိတ်အေးချမ်းသာစွာ စားသုံးနိုင်မည့် Oh La La Spicy ဆိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

ဆိုင်အပြင်အဆင်ကအစ မီးရောင်စုံလှလှလေးတွေကို အသုံးပြုပြင်ဆင်းထားပြီး လေအေးပေးစက်အချိန်ပြည့် ဖွင့်ထားပေးတဲ့အတွက် စိတ်အေးအေးချမ်းချမ်းစားသုံးနိုင်တဲ့အပြင် ဆိုင်အတွင်းအပြင်ကလည်း သန့်ရှင်းသပ်ရပ် ပါတယ်။

မွေးနေ့ပွဲများ၊ ဧည့်ခံပွဲများပြုလုပ်ရာတွင်လည်း အထူးသင့်လျော်တဲ့ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်တွင် ရှမ်းးအစားအစာများဖြစ်တဲ့ မာလာမြီးရှည်၊ မြီးရှည်ကြော်၊ မိုးကုတ်မြီးရှည်၊ ဖက်ထုပ်ကြော်၊ မာလာဖက်ထုပ်နှင့် တရုတ်အစားအစာများဖြစ်တဲ့ မာလာရှမ်းကောအပါအ၀င် တရုတ်အစားအစာ အထူးဟင်းလျာများကိုလည်း ရရှိနိုင်ပါတယ်။

 oh

ဆိုင်တွင် ရောင်းချတဲ့အစားအစာများရဲ့ဈေးနှုန်းတွေကတော့ အနည်းဆုံး ၂၅၀၀ ကျပ်မှစ၍ ၅၀၀၀ ကျပ်အထိ ရှိပါတယ်။

အစားအသောက်တွေကလည်း စားသုံးသူစိတ်ကြိုက် အစပ်ပို၊ အသင့်အတင့်စပ်၊ အစပ်လျှော့ဆိုပြီး ပုံစံ (၃) မျိုးထဲကနေ ရွေးချယ်ချက်ပြုတ်ခိုင်းနိုင်တာကြောင့် လာရောက်စားသုံးသူတွေအတွက် အဆင်ပြေအောင် ၀န်ဆောင်ဆောင်မှုများပေးတဲ့အတွက်ကြောင့် သွားရောက်စားသုံးနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

 oh1

ဆိုင်ကို နေ့စဉ် နံနက် (၁၁) နာရီမှ ည (၁၀း၃၀) အထိ ဖွင့်လှစ်ထားပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၂၂၅၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းဈေးရှေ့တွင် ဆိုင်ကို ဖွင့်လှစ်ထားပါတယ်။

09 40465 8602

Read times Last modified on Tuesday, 18 September 2018 13:43
Rate this item
(2 votes)