Restaurants



ကာဇက်စတန်နိုင်ငံမှ McDonald's ဆိုင်ခွဲများ ပိတ်သိမ်း

 ကာဇက်စတန်နိုင်ငံမှ McDonald's ဆိုင်ခွဲများ ပိတ်သိမ်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အလုပ်သမားများသည် ကာဇက်စတန်နိုင်ငံ၏ အကြီးဆုံးမြို့ Almaty ရှိ McDonald's ဆိုင်များမှာ တပ်ဆင်ထားသော တံဆိပ်များကို  ၂၀၂၃ ဇန်နဝါရီလဆန်းပိုင်းတွင် ဖယ်ရှားခဲ့သည်။

 

emotions_as_McDonald.png

 

အာရှအလယ်ပိုင်းမှ လူဦးရေ သန်း ၂၀ ရှိသော ကာဇက်စတန်နိုင်ငံတွင် McDonald's အမြန်ရ စားသောက်ဆိုင်များကို ကာဇက်စတန်နိုင်ငံမှ 

Food Solutions KZ က ကာဇက်စတန်နိုင်ငံ တစ်နိုင်ငံလုံးအတွက် အမေရိကန်အခြေစိုက် McDonald's Corp ထံမှ လိုင်စင်ရယူထားပြီး ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။

ကာဇက်စတန်နိုင်ငံတွင် စားသောက်ဆိုင်ခွဲများ ဖွင့်လှစ်သည့် လုပ်ငန်းများ ဖြစ်သည့် KFC, Burger King, Hardee's တို့လည်း ဖွင့်လှစ်ထားပါသည်။ Popeyes က ပြည်တွင်းလုပ်ငန်း Centras Group နှင့် စီးပွားဘက် ပြုပြီး စားသောက်ဆိုင်ခွဲများ ဖွင့်လှစ်ရန် စီစဉ်နေသည်။

 

McDonald's က ပိတ်သိမ်းလိုက်ရသည်မှာ အစာသွပ်ရန် သုံးသည့် အမဲသားကို လိုချင်သည့် အရည်အသွေးသတ်မှတ်ချက်ဖြင့် ပြည်တွင်းမှ မရနိုင်သဖြင့် ပြည်ပမှတင်သွင်းပြီး သုံးစွဲခဲ့သည်။ ရုရှားနိုင်ငံမှ တင်သွင်းခဲ့သည်။ ရုရှားက ယူကရိန်း ကျူးကျော်စစ် ဆင်နွှဲသည့်အခါ McDonald's ကျင့်သုံးသည့်မူအရ ရုရှားထံမှ မဝယ်ရတော့သဖြင့် McDonald's ဆိုင်ခွဲလုပ်ငန်းကို ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့သည်။

 

ကာဇက်စတန်နိုင်ငံ ပြည်တွင်းမှ အမဲသား ထုတ်လုပ်သူတို့အနေဖြင့် McDonald's ထံ အမဲသား ပေးသွင်းလိုပါက အမေရိကန်မှ McDonald's Corp ၏ စစ်ဆေးမှုကို အရင်ခံယူရသည်။ စစ်ဆေးခ ဈေးကြီးသည်။ ရှည်ကြာသည်။ သို့ဖြစ်ရာ ပြည်တွင်းမှ အမဲသား ထုတ်လုပ်သူတို့သည် McDonald's ထံ အမဲသားပေးသွင်းဖို့အတွက် အလုပ်ရှုပ်ခြင်းနှင့် အကုန်အကျများခြင်းကြောင့် McDonald's ကို လက်ရှောင်ထားကြသည်။

McDonald's Corp က လိုင်စင် သဘောတူညီချပ်ကို အဆုံးသတ်လိုက်သည်။

Food Solutions KZ က brand အသစ်တစ်ခုဖြင့် ဆိုင်များ ပြန်ဖွင့်လှစ်မည် ဖြစ်သည်။

 

 ရုရှားနိုင်ငံတွင်လည်း McDonald's ဆိုင်ခွဲ လုပ်ငန်းကို McDonald's Corp က ပိတ်သိမ်းခဲ့ပြီး ၎င်းထံ လိုင်စင်ယူပြီး လုပ်ကိုင်ခဲ့သည့်ကုမ္ပဏီက "Vkusno & tochka" အမည်ဖြင့် အမြန်ရ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

McDonald's ကို အမွေဆက်ခံသည့် "Vkusno & tochka" က ကာဇက်စတန်နိုင်ငံတွင် McDonald's ဆိုင်ခွဲများ ပိတ်သိမ်းသည့်အတွက် "Vkusno & tochka" ဆိုင်ခွဲများ ဖွင့်လှစ်ရန် trademark ကို မှတ်ပုံတင်ခဲ့ပါသည်။

Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 20 January 2023 19:52
Rate this item
(0 votes)