Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဥတိမ်စိုင် Cloud Egg ဘယ်လို လုပ်သလဲ

ကြက်ဥတိမ်စိုင် (unicode+Zawgyi)

တိမ်စိုင်ဖြူဖြူတွေကြား ကြက်ဥအနှစ် ရောက်နေလို့ ကြက်ဥတိမ်စိုင် Cloud Egg လို့ အမည်တွင်တယ်။
အသစ်အဆန်းလား ဆိုတော့ မဟုတ်ပါဘူး။ Yang Than Kook တို့ ငယ်စဉ်တုန်းက အဲဒီကြက်ဥကို နှင်းထဲက ကြက်ဥ Eggs in Snow လို့ ခေါ်ကြတယ်။ ကြာပြီဆိုတော့ မေ့လောက်ပါပြီ ဖြစ်ပြီ မေ့ထားကြတယ်။ အခုတစ်ခါ ပြန်ပေါ်လာတော့ တိမ်စိုင်ကြက်ဥ လို့ ခေါ်ကြတယ်။ မြေကြီးပေါ် ကျနေတဲ့ နှင်းထုဖြူဖြူကနေ ကောင်းကင်က တိမ်စိုင်ဖြူဖြူနဲ့ တင်စားခေါ်ဝေါ်တာပဲ ကွာတာပါ။ လုပ်ပုံကိုင်ပုံ ချက်နည်းဖုတ်နည်းက အတူတူပါပဲ။
အဆန်းအပြားတွေ ဘာမှ မပါဘူး။ တကယ်ဆိုရင် ကြက်ဥပဲ လိုတယ်။
အရသာလေးအောင် ဆားဖြူးတာ၊ ကြက်သွန်စိမ်း လှီးထည့်တာ၊ ငရုပ်ကောင်းမှုန့် ဖြူးတာတွေကတော့ မိမိသဘောအလျာက် လုပ်လို့ ရပါတယ်။
မူရင်းမူလ ဘယ်ကလာသလဲ ဗဟုသုတ ပြောပြရရင် ပြင်သစ်မှာ စားစရာတွေ အဆန်းထွင်ပြီး ထူးခြားဆန်းပြားတွေ ချက်ကြတဲ့ခေတ် ၁၆၅၁ ခုနှစ်မှာ Le Cuisinier François ဆိုတဲ့ အမည်ဖြင့် ချက်နည်းစာအုပ် ထုတ်တယ်။ အဲဒီအထဲမှာ Oeufs à la Neige ဆိုတဲ့ ကြက်ဥကို စီရင်နည်း တစ်ခု ပါတယ်။ Oeufs à la Neige ရဲ့ ဆိုလိုရင်းက နှင်းထုထဲမှ ကြက်ဥများ eggs in snow ပါတဲ့။
အမြင်မှာ ဆန်းပြားနေလို့ ပညာခန်းတွေ ပါမယ်လို့ ထင်ရပေမဲ့ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ဟာမျိုးပါ/
လုပ်ပုံလုပ်နည်း မူကွဲတွေ အမျိုးမျိုး ရှိပေမဲ့လည်း အခြေခံအားဖြင့် အတူတူပါပဲ။
ကြက်ဥတစ်လုံးကိုယူ၊ အဖြူအရည်ကြည်နဲ့ အနှစ်ကို ခွဲခြား။ ဘယ်လို ခွဲရမလဲဆိုတာ မသိသေးရင် ဗီဒီယိုကို တစ်ချက် ရှိုးလိုက်ပါ။ ရလာတဲ့ အဖြူအရည်ကြည်သာကို နားနာမွှေ၊ ဘယ်လောက်အထိ မွှေရမလဲဆိုတော့ အဖြူအမြှုပ် ဖြစ်တဲ့အထိ မွှေ။
လေးလေးပင်ပင် ဖြစ်သွားအောင် ဆားထည့်ချင်ရင် ထည့်။
ကင်ဖို့ ပြင်ဆင်၊ ဘယ်လို ပြင်ဆင်ရမလဲဆိုတာ ဗီဒီယို တစ်ချက် ရှိုးလိုက်ပါ။
၄၅၀ ဒီဂရီ ဖာရင်ဟိုက်နဲ့ အာဗင်ထဲမှာ ၄ မိနစ် ကင်။
တချို့က အနှစ်ကို တစ်ခါတည်း ထည့်ပြီး ကင်တယ်။ အဲဒါက အနှစ်က အရည်အခြေအနေမှာ ရှိနေတာကို မနှစ်သက်တဲ့သူတွေ အတွက် ဖြစ်ပါတယ်။
အဖြူသား တစ်ကြိမ်ဖုတ်၊ ပြီးမှ အနှစ်ကို အလုံးလိုက်ထည့်ပြီး နောက်တစ်ကြိမ် ထပ်ဖုတ်။ ၂ မိနစ် ကင်ရင် ရပြီ။
ကြက်ဥကို မွှေဖို့ လျှပ်စစ် မစ်စာ mixer မရှိရင်လည်း ကြက်ဥခလောက်တံ whisk ကို သုံးလည်း ရပါတယ်။ နာနာနဲ့ ကြာကြာခေါက်ရင် အမြှုပ် ဖြစ်တာပါပဲ။ ရှေးခေတ် ၁၆၅၁ ခုနှစ်တုန်းက ဘယ်လိုလုပ်ပြီး လျှပ်စစ် မွှေစက် ရှိမှာလဲ။ လက်နဲ့ပဲ ခလောက်ခဲ့ကြတာပါ။

 

 

zawgyi

ၾကက္ဥတိမ္စိုင္

တိမ္စိုင္ျဖဴျဖဴေတြၾကား ၾကက္ဥအႏွစ္ ေရာက္ေနလို႔ ၾကက္ဥတိမ္စိုင္ Cloud Egg လို႔ အမည္တြင္တယ္။
အသစ္အဆန္းလား ဆိုေတာ့ မဟုတ္ပါဘူး။ Yang Than Kook တို႔ ငယ္စဥ္တုန္းက အဲဒီၾကက္ဥကို ႏွင္းထဲက ၾကက္ဥ Eggs in Snow လို႔ ေခၚၾကတယ္။ ၾကာၿပီဆိုေတာ့ ေမ့ေလာက္ပါၿပီ ျဖစ္ၿပီ ေမ့ထားၾကတယ္။ အခုတစ္ခါ ျပန္ေပၚလာေတာ့ တိမ္စိုင္ၾကက္ဥ လို႔ ေခၚၾကတယ္။ ေျမႀကီးေပၚ က်ေနတဲ့ ႏွင္းထုျဖဴျဖဴကေန ေကာင္းကင္က တိမ္စိုင္ျဖဴျဖဴနဲ႔ တင္စားေခၚေဝၚတာပဲ ကြာတာပါ။ လုပ္ပုံကိုင္ပုံ ခ်က္နည္းဖုတ္နည္းက အတူတူပါပဲ။
အဆန္းအျပားေတြ ဘာမွ မပါဘူး။ တကယ္ဆိုရင္ ၾကက္ဥပဲ လိုတယ္။
အရသာေလးေအာင္ ဆားျဖဴးတာ၊ ၾကက္သြန္စိမ္း လွီးထည့္တာ၊ င႐ုပ္ေကာင္းမႈန႔္ ျဖဴးတာေတြကေတာ့ မိမိသေဘာအလ်ာက္ လုပ္လို႔ ရပါတယ္။
မူရင္းမူလ ဘယ္ကလာသလဲ ဗဟုသုတ ေျပာျပရရင္ ျပင္သစ္မွာ စားစရာေတြ အဆန္းထြင္ၿပီး ထူးျခားဆန္းျပားေတြ ခ်က္ၾကတဲ့ေခတ္ ၁၆၅၁ ခုႏွစ္မွာ Le Cuisinier François ဆိုတဲ့ အမည္ျဖင့္ ခ်က္နည္းစာအုပ္ ထုတ္တယ္။ အဲဒီအထဲမွာ Oeufs à la Neige ဆိုတဲ့ ၾကက္ဥကို စီရင္နည္း တစ္ခု ပါတယ္။ Oeufs à la Neige ရဲ႕ ဆိုလိုရင္းက ႏွင္းထုထဲမွ ၾကက္ဥမ်ား eggs in snow ပါတဲ့။
အျမင္မွာ ဆန္းျပားေနလို႔ ပညာခန္းေတြ ပါမယ္လို႔ ထင္ရေပမဲ့ လြယ္လြယ္ကူကူ လုပ္လို႔ရတဲ့ဟာမ်ိဳးပါ/
လုပ္ပုံလုပ္နည္း မူကြဲေတြ အမ်ိဳးမ်ိဳး ရွိေပမဲ့လည္း အေျခခံအားျဖင့္ အတူတူပါပဲ။
ၾကက္ဥတစ္လုံးကိုယူ၊ အျဖဴအရည္ၾကည္နဲ႔ အႏွစ္ကို ခြဲျခား။ ဘယ္လို ခြဲရမလဲဆိုတာ မသိေသးရင္ ဗီဒီယိုကို တစ္ခ်က္ ရႈိးလိုက္ပါ။ ရလာတဲ့ အျဖဴအရည္ၾကည္သာကို နားနာေမႊ၊ ဘယ္ေလာက္အထိ ေမႊရမလဲဆိုေတာ့ အျဖဴအျမႇဳပ္ ျဖစ္တဲ့အထိ ေမႊ။
ေလးေလးပင္ပင္ ျဖစ္သြားေအာင္ ဆားထည့္ခ်င္ရင္ ထည့္။
ကင္ဖို႔ ျပင္ဆင္၊ ဘယ္လို ျပင္ဆင္ရမလဲဆိုတာ ဗီဒီယို တစ္ခ်က္ ရႈိးလိုက္ပါ။
၄၅၀ ဒီဂရီ ဖာရင္ဟိုက္နဲ႔ အာဗင္ထဲမွာ ၄ မိနစ္ ကင္။
တခ်ိဳ႕က အႏွစ္ကို တစ္ခါတည္း ထည့္ၿပီး ကင္တယ္။ အဲဒါက အႏွစ္က အရည္အေျခအေနမွာ ရွိေနတာကို မႏွစ္သက္တဲ့သူေတြ အတြက္ ျဖစ္ပါတယ္။
အျဖဴသား တစ္ႀကိမ္ဖုတ္၊ ၿပီးမွ အႏွစ္ကို အလုံးလိုက္ထည့္ၿပီး ေနာက္တစ္ႀကိမ္ ထပ္ဖုတ္။ ၂ မိနစ္ ကင္ရင္ ရၿပီ။ အလုံးလိုက္ မေပါက္ေအာင္ ထည့္ေပမဲ့ ေပါက္သြားေတာ့လည္း ေပါက္တဲ့အတိုင္းသာ ဆက္လုပ္ပါ။ အေပၚက ပုံမွာ အေပၚ ဝဲေထာင့္က အလုံးဟာ အႏွစ္ ေပါက္သြားတာကို ဆက္လုပ္ထားတာ ျဖစ္ပါတယ္။
ၾကက္ဥကို ေမႊဖို႔ လွ်ပ္စစ္ မစ္စာ mixer မရွိရင္လည္း ၾကက္ဥခေလာက္တံ whisk ကို သုံးလည္း ရပါတယ္။ နာနာနဲ႔ ၾကာၾကာေခါက္ရင္ အျမႇဳပ္ ျဖစ္တာပါပဲ။ ေရွးေခတ္ ၁၆၅၁ ခုႏွစ္တုန္းက ဘယ္လိုလုပ္ၿပီး လွ်ပ္စစ္ ေမႊစက္ ရွိမွာလဲ။ လက္နဲ႔ပဲ ခေလာက္ခဲ့ၾကတာပါ။

Read times
Rate this item
(0 votes)