Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


လမ္းေဘးေဟာ့ေပါ့ ဆိုင္တစ္ဆိုင္ဖြင့္မယ္ဆုိရင္ ………..

ယေန႔ေခတ္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေဟာ့ေပါ့ဆိုင္ေတြ အမ်ားအျပားဖြင့္လာၿပီ ျဖစ္ပါတယ္။

 

လမ္းေဘးေဟာ့ေပါ့ဆိုင္တစ္ဆိုင္ကိုျဖင့္ အရင္းအႏွီး က်ပ္ ၁၀ သိန္းေလာက္နဲ႔ တစ္ဆိုင္ဖြင့္လို႔ ရႏိုင္ပါတယ္။

 

ယခု ေဟာေပါ့ဆိုင္ေတြမွာ အရည္အိုးတစ္အိုးကို ၅၀ဝ၀ က်ပ္ အနည္းဆံုးေပးရၿပီး အထဲမွာထည့္တဲ့ ဟင္းသီးဟင္းရြက္၊ အသားငါးေတြကိုေတာ့ ေနာက္ထပ္တုတ္ထိုးၿပီး တစ္ေခ်ာင္းကို က်ပ္ ၁၀ဝ၊ ၂၀ဝ၊ ၅၀ဝ စတဲ့ ေဈးႏႈန္း ေတြနဲ႔ ေရာင္းခ်ေနၾကတာ၊ တခ်ဳိ႕ဆိုင္ေတြက ဂရမ္နဲ႔ခ်ိန္တာ ေတြ႕ရပါလိမ့္မယ္။

 

ဒီလိုဆိုင္ေတြ ဖြင့္မယ္ဆိုရင္ေတာ့ ေနရာက အေရးႀကီးဆံုး ျဖစ္ပါတယ္။ ေနရာရၿပီဆိုရင္ေတာ့ လိုအပ္တဲ့ အမိုးေတြ၊ ထိုင္ခံုေတြနဲ႔ တစ္ေတာင့္ထိုး ဂက္စ္မီးဖို အနည္း ဆံုး၁၀ခု ေလာက္ လိုအပ္ပါမယ္။

 

ဆိုင္တစ္ဆိုင္ရဲ႕ အေရးႀကီးဆံုး လိုအပ္ခ်က္တစ္ခုကေတာ့ သန္႔ရွင္းသပ္ရပ္ဖို႔ပါ။ ဆိုင္အျပင္အဆင္ကလည္း အေရးႀကီးပါတယ္။

 

အသီးရြက္ေတြ၊ အသားငါးေတြကိုလည္း ကုန္ႏိုင္သေလာက္သာ ျပင္ဆင္ထားသင့္ၿပီး ဟင္းရည္ကိုလည္း အနည္းအမ်ား ခ်ိန္ၿပီး ထည့္သင့္ပါတယ္။

 

ေဟာ့ေပါ့ဆိုင္ဖြင့္ထားတဲ့သူတစ္ဦး၏ ေျပာၾကားခ်က္အရ ဆိုင္တစ္ဆိုင္ရဲ႕ အဓိကကေတာ့ အျပင္အဆင္၊ သန္႔ရွင္းသပ္ရပ္မႈနဲ႔ ဝန္ေဆာင္မႈပိုင္းကေတာ့ အရမ္းအေရးႀကီးပါတယ္။

 

၎အျပင္ သံုးတဲ့ကုန္ပစၥည္းေတြဆိုရင္လဲ လတ္ဆတ္ဖို႔လိုတယ္၊ သန္႔ရွင္းဖို႔လိုတယ္၊ ထိုင္ခံု ေတြဘာေတြကအစ သပ္သပ္ရပ္ရပ္ေလးဆိုရင္ လာစားသူေတြလဲ စိတ္တိုင္းက်ပါမယ္။

 

အဓိကကေတာ့ သန္႔ရွင္းသပ္ရပ္ရမယ္၊ ဆဲြေဆာင္မႈရွိရမယ္၊ ၿပီးေတာ့ ဝန္ေဆာင္မႈ ေကာင္းရမယ္ လို႔ ေျပာၾကားခဲ့ပါတယ္။

 

ဆိုင္တစ္ဆိုင္မွာ ဝန္ေဆာင္မႈ ေကာင္းတယ္ဆိုမွ လာေရာက္ စားသံုးသူေတြလည္း အမ်ားျပား ရွိလာၿပီး တျဖည္းျဖည္း နာမည္ရလာမွာျဖစ္ပါတယ္။

 

ဝန္ေဆာင္မႈ မေကာင္းဘူးဆိုရင္ေတာ့ စားသံုးသူ ဦးေရနည္းသြားႏိုင္ပါတယ္။ ဒီလို ဆိုင္တစ္ဆိုင္ ဖြင့္ႏိုင္ဖို႔ကို ေနရာငွားရမ္းခေတြ၊ ထိုင္ခံုစားပဲြခံု ဝယ္ယူခေတြနဲ႔ အစားေသာက္ေတြ ဝယ္ယူတဲ့ စရိတ္ေတြက စုစုေပါင္းက်ပ္ ၁၀ သိန္းေလာက္သာ အကုန္ခံႏိုင္ရင္ေတာ့ လမ္းေဘးေဟာ့ေပါ့ဆိုင္ တစ္ပိုင္တစ္ႏိုင္ဆိုင္ေလးကို ကိုယ္ပိုင္ ဖြင့္လို႔ရႏိုင္ေၾကာင္း သတင္းေကာင္းပါးလိုက္ပါတယ္။

 

Unicode ျဖင့္ဖတ္ရန္

လမ်းဘေးဟော့ပေါ့ ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင် ………..
ယနေ့ခေတ် နေရာတော်တော်များများမှာ ဟော့ပေါ့ဆိုင်တွေကို အများအပြားဖွင့်လာပြီ ဖြစ်ပါတယ်။
လမ်းဘေးဟော့ပေါ့ဆိုင်တစ်ဆိုင်ကိုဖြင့် အရင်းအနှီး ကျပ် ၁၀ သိန်းလောက်နဲ့ တစ်ဆိုင်ဖွင့်လို့ ရနိုင်ပါတယ်။
ယခု ဟောပေါ့ဆိုင်တွေမှာ အရည်အိုးတစ်အိုးကို ၅၀ဝ၀ ကျပ် အနည်းဆုံးပေးရပြီး အထဲမှာထည့်တဲ့ ဟင်းသီးဟင်းရွက်၊ အသားငါးတွေကိုတော့ နောက်ထပ်တုတ်ထိုးပြီး တစ်ချောင်းကို ကျပ် ၁၀ဝ၊ ၂၀ဝ၊ ၅၀ဝ စတဲ့ ဈေးနှုန်း တွေနဲ့ ရောင်းချနေကြတာ၊ တချို့ဆိုင်တွေက ဂရမ်နဲ့ချိန်တာ တွေ့ရပါလိမ့်မယ်။
ဒီလိုဆိုင်တွေ ဖွင့်မယ်ဆိုရင်တော့ နေရာက အရေးကြီးဆုံး ဖြစ်ပါတယ်။ နေရာရပြီဆိုရင်တော့ လိုအပ်တဲ့ အမိုးတွေ၊ ထိုင်ခုံတွေနဲ့ တစ်တောင့်ထိုး ဂက်စ်မီးဖို အနည်း ဆုံး၁၀ခု လောက် လိုအပ်ပါမယ်။
ဆိုင်တစ်ဆိုင်ရဲ့ အရေးကြီးဆုံး လိုအပ်ချက်တစ်ခုကတော့ သန့်ရှင်းသပ်ရပ်ဖို့ပါ။ ဆိုင်အပြင်အဆင်ကလည်း အရေးကြီးပါတယ်။
အသီးရွက်တွေ၊ အသားငါးတွေကိုလည်း ကုန်နိုင်သလောက်သာ ပြင်ဆင်ထားသင့်ပြီး ဟင်းရည်ကိုလည်း အနည်းအများ ချိန်ပြီး ထည့်သင့်ပါတယ်။
ဟော့ပေါ့ဆိုင်ဖွင့်ထားတဲ့သူတစ်ဦး၏ ပြောကြားချက်အရ ဆိုင်တစ်ဆိုင်ရဲ့ အဓိကကတော့ အပြင်အဆင်၊ သန့်ရှင်းသပ်ရပ်မှုနဲ့ ဝန်ဆောင်မှုပိုင်းကတော့ အရမ်းအရေးကြီးပါတယ်။
၎င်းအပြင် သုံးတဲ့ကုန်ပစ္စည်းတွေဆိုရင်လဲ လတ်ဆတ်ဖို့လိုတယ်၊ သန့်ရှင်းဖို့လိုတယ်၊ ထိုင်ခုံ တွေဘာတွေကအစ သပ်သပ်ရပ်ရပ်လေးဆိုရင် လာစားသူတွေလဲ စိတ်တိုင်းကျပါမယ်။
အဓိကကတော့ သန့်ရှင်းသပ်ရပ်ရမယ်၊ ဆွဲဆောင်မှုရှိရမယ်၊ ပြီးတော့ ဝန်ဆောင်မှု ကောင်းရမယ် လို့ ပြောကြားခဲ့ပါတယ်။
ဆိုင်တစ်ဆိုင်မှာ ဝန်ဆောင်မှု ကောင်းတယ်ဆိုမှ လာရောက် စားသုံးသူတွေလည်း အများပြား ရှိလာပြီး တဖြည်းဖြည်း နာမည်ရလာမှာဖြစ်ပါတယ်။
ဝန်ဆောင်မှု မကောင်းဘူးဆိုရင်တော့ စားသုံးသူ ဦးရေနည်းသွားနိုင်ပါတယ်။ ဒီလို ဆိုင်တစ်ဆိုင် ဖွင့်နိုင်ဖို့ကို နေရာငှားရမ်းခတွေ၊ ထိုင်ခုံစားပွဲခုံ ဝယ်ယူခတွေနဲ့ အစားသောက်တွေ ဝယ်ယူတဲ့ စရိတ်တွေက စုစုပေါင်းကျပ် ၁၀ သိန်းလောက်သာ အကုန်ခံနိုင်ရင်တော့ လမ်းဘေးဟော့ပေါ့ဆိုင် တစ်ပိုင်တစ်နိုင်ဆိုင်လေးကို ကိုယ်ပိုင် ဖွင့်နိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 15:51
Rate this item
(1 Vote)