Restaurants



မလေးရှား ခေါက်ဆွဲခြောက်ထုပ် ဂလူတင် မကြေညာသဖြင့် စင်ကာပူမှာ ပြန်ရုပ်သိမ်း

မလေးရှား ခေါက်ဆွဲခြောက်ထုပ် ဂလူတင် မကြေညာသဖြင့် စင်ကာပူမှာ ပြန်ရုပ်သိမ်း

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

Singapore Food Agency (SFA) သည် မလေးရှားမှ တင်သွင်းသည့် ခေါက်ဆွဲခြောက် Taste Originals Organic Mee Suar (300g) တွင် ဂလူတင် ပါဝင်ကြောင်း တွေ့ရှိခဲ့သည်။ 

စေးကပ်သော ဓာတ်တမျိုးဖြစ်သည့် ဂလူတင်(gluten) ပါဝင်ကြောင်းကို ခေါက်ဆွဲခြောက်ထုပ်ပေါ်မှာ ဖော်ပြသည့် ပါဝင်ပစ္စည်း စာရင်းမှာ ထည့်သွင်း ဖော်ပြထားခြင်း မရှိချေ။

သို့ဖြစ်ရာ ဓာတ်မတည့်ခြင်း allergen ဖြစ်ပွားတတ်သော ဂလူတင်ကို ဖော်ပြပေးဖို့ ပျက်ကွက်သည့်အတွက် SFA က ၎င်းခေါက်ဆွဲခြောက်ထုပ်များ တင်သွင်းသူ Taste Original Pte Ltd ကို Originals Organic Mee Suar (300g) ခေါက်ဆွဲခြောက်ထုပ်များ ပြန်ရုပ်သိမ်းရန် ညွှန်ကြားထားသည်။ 

 

photo_2023-10-01_17-15-03.jpg

SFA ၏ အဆိုအရ အစားအသောက်များတွင် ပါသည့် ဓာတ်ကို မတည့်ခြင်းသည် လူအပေါ်  မူတည်ပြီး ဓာတ်မတည့်မှု ဖြစ်ပွားသည်။ သို့ဖြစ်ရာ ဂလူတင်နှင့် ဓာတ်မတည့်သူများအဖို့ ဓာတ်မတည့်ခြင်း ဖြစ်ပွားနိုင်သည်ကို ရှောင်နိုင်ရန် စားသောက်ကုန်တွင် ဂလူတင် ပါဝင်ကြောင်း မပျက်မကွက် အသိပေးထားဖို့ လိုအပ်သည်။

စင်ကာပူ စားသောက်ကုန် စည်းမျဉ်းများအရ ထုပ်ပိုးပစ္စည်းပေါ်မှ လေဘယ်တွင် ကြေညာသည့် ပါဝင်ပစ္စည်းများတွင် ဓာတ်မတည့်ခြင်း ဖြစ်ပွားနိုင်သည့် ပါဝင်ပစ္စည်း အမျိုးအမည်ကို မပျက်မကွက် ဖော်ပြရန် ပြဋ္ဌာန်းထားသည်။ 

 

ထို့ပြင် "ကြိုတင်ပြုပြင် ထုပ်ပိုးထားသော စားသောက်ကုန်တွင် ပါဝင်သည့် ပါဝင်ပစ္စည်းများအားလုံးကို ၎င်းတို့ ပါဝင်နေသော အလေးချိန်အရ အချိုးအစား ကြီးစဉ်ငယ်လိုက်ဖြင့် ထုတ်ကုန်ပစ္စည်း လေဘယ်ပေါ်တွင် ဖော်ပြသင့်သည်"ဟု ပြဋ္ဌာန်းထားသည်။

 

Gluten သည် ဂျုံနှင့် အခြားသော အစေ့အဆန်များတွင် သဘာဝအတိုင်း တွေ့ရသော ပရိုတင်းတစ်မျိုးဖြစ်သည်။

"Gluten သည် Gluten ကို ဓါတ်မတည့်သောသူများမှလွဲ၍ စားသုံးသူများအတွက် အစားအသောက်ဘေးကင်းလုံခြုံရေးပြဿနာ မကြီးမားပါ" ဟု SFA က ပြောကြားသည်။

Source Bernama


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 01 October 2023 17:17
Rate this item
(0 votes)