Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းတစ်ပွဲ ၅၀၀ ကျပ်ဖြင့် စားနိုင်သောရွှေစားသောက်ဖွယ်နှင့် ကဖီးဆိုင်

ရွှေစားသောက်ဖွယ်နှင့် ကဖီးဆိုင်ကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်လမ်းတွင်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

ယင်းဆိုင်၏ ရည်ရွယ်ချက်မှာ အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အဆင်မပြေတာတွေ၊ ကျပ်တည်းနေတာတွေကို ဖြေရှင်းပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

အစစအရာရာ ကုန်ဈေးနှုန်းတွေကြီးနေတဲ့အချိန်မှာ ပရဟိတပုံစံမျိုးလေးလည်းဖြစ်အောင် တစ်ဖက်တစ်လမ်းမှ ကူညီခြင်းဖြစ်ကြောင်း သိရပါတယ်။

ဆိုင်ဖွင့်လှစ်သူမှာ ရုပ်ရှင်သရုပ်ဆောင် ရတနာခင် ဖြစ်ကြောင်း သိရပါတယ်။ ဒီလိုမျိုး ဆိုင်ဖွင့်လှစ်ရသည့်အတွက် အမြတ်လည်း အများကြီး ကျန်မှာမဟုတ်ဘူးဆိုတာသိပေမယ့် အရင်းအတိုင်း ပြန်ရအောင် မနည်းရောင်းရမည်ဖြစ်ကြောင်း ဆိုင်ဖွင့်လှစ်သူမှ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ထမင်းတစ်ပွဲ ၅၀၀ ကျပ်ဖြစ်သော်လည်း အသားလည်းပါပြီး အရသာလည်းကောင်းကြောင်း သိရပါတယ်။ ယင်းဆိုင်အောင်မြင်သွားပါက နောက်လများတွင် လူနေထူထပ်သည့်နေရာများတွင် ဆိုင်ခွဲများ ထပ်မံဖွင့်လှစ်ပေးသွားရန် အစီအစဉ်များလည်းရှိကြောင်း သိရပါတယ်။

အမှတ် ၆/၈၊ ဗျိုင်းရေအိုးစင်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

Read times Last modified on Thursday, 13 September 2018 16:57
Rate this item
(1 Vote)