Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Babett Eatery & Bar မှ မတ်လ(၁)ရက်နေ့မှ ကမ္ဘာတစ်ဝန်းကျင်းပသော ‘GOUT DE FRANCE’ အစီအစဉ်တွင်ပါဝင်ဆင်နွှဲ

Babett Yangon မှ ကမ္ဘာတစ်ဝန်းကျင်းပနေသည့် ‘Goût de France/ Good France’ အစီစဉ်တွင် ပါဝင်ကာ ပြင်သစ်ဒေသထွက်

အသီးအနှံများနှင့် ပြင်သစ်တောင်ပိုင်း၏ အထူးဟင်းလျာများဖြင့် ဆင်နွှဲမည်ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၈ ခုနှစ်၊ မတ်လ (၂၁) ရက်မှ စတင်ကာ နိုင်ငံပေါင်း (၁၅၀) အတွင်း ပြင်သစ်နိုင်ငံဒေသထွက် အသီးအနှံများအား ပြသခြင်းနှင့် နိုင်ငံခြားရေးရာပြင်သစ်ဝန်ကြီးဌာနနှင့် နာမည်ကျော် ပြင်သစ်စားဖိုမှုး Alain Ducasse တို့၏ မျက်စိအောက်တွင် ကျင်းပသည့် ပွဲဖြစ်သော "Goût de France/Good France” အား ကမ္ဘာတစ်ဝန်းတွင် စားသောက်ဆိုင်ပေါင်း ၃၀၀၀ ကျော်မှ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်မြို့တွင်း အကောင်းဆုံး အပန်းဖြေနေရာတစ်ခုအဖြစ် သူငယ်ချင်းများနှင့် သွားရောက်သင့်သော၊ ဈေးအသင့်အတင့်ရှိ ပြင်သစ်ဝိုင်များနှင့် ပြင်သစ်ယဉ်ကျေးမှုများ တွေ့ရှိနိုင်သည့် နေရာတစ်ခုအဖြစ် နာမည်ရပြီး နောက်ပိုင်း Babett သည် ယခု Goût de France  (ပြင်သစ်အရသာ) တွင် စတင်လှုပ်ရှားပါဝင်မည်။ ပြင်သစ် စားဖိုမှူးကြီး Christophe Buzare မှ ပြင်သစ်တောင်တန်း Anvergne ဒေသ၏ တုနှိုင်းမမီသော ချိစ်၊ ဝက်အူချောင်းနှင့် မြန်မာနိုင်ငံတွင် မရရှိနိုင်သော အသားတို့ဖြင့် အထူးဟင်းလျာများ စီစဉ်ထားမည်ဖြစ်ကြောင်း သိရပါတယ်။

မတ်လ(၁) ရက်နေ့မှ(၃၁)ရက်နေ့ အတွင်းရရှိနိုင်မည့် အကာသားကျွတ်သော ပြင်သစ်ပေါင်မုန့်နှင့် ချိုမြိန်လှသော ကြက်သွန်နီသနပ် တို့ပါဝင်သည့် ခရင်များများ၊ ထောပတ်များများနှင့် နူးညံ့သော Teeeine de Foie Gras à ÍArmagnac သည် စားသုံးသူတို့ကို ပြင်သစ်တောင်ပိုင်းသို့ ရောက်သွားသကဲ့သို့ ခံစားနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

ထို့နောက်မှာတော့ လျှာပေါ်ပျော်ဝင်သွားစေမည့် ဘဲသားဟင်းရည် သုံးဆောင်နိုင်ပြီး ထောပတ် လျော့ထား သော ဆော့စ်၊ ဖြည်းဖြည်းနှင့် တစ်ပိုင်းစီကင် ကျက်လာသော ပူပူနွေးနွေး တောင်သိုးသား အပြင်  စွဲလမ်းဖွယ်ကောင်းအောင် အရသာစွာ ချက်ပြုတ်ထားသည့် ဂုံးယောက်မအား မီးဖြင့်ကင်လျက် ကကတစ်ငါး အစရှိသည်တို့ ပါဝင်သော Sea Bass filet ကို အဓိက ဟင်းလျာအနေနှင့်လည်း သုံးဆောင်နိုင်ကြောင်း သိရပါတယ်။

အစားအသောက်များနှင့် တွဲဖက်၍ သာလွန်သော sémillon fruit of Château Haut Mondain White Bordeaux ဝိုင်၊ အားပြည့်လန်းဆန်းစေသော Castel Roubine Rouge Côtes de Provence ဝိုင် နှင့် သစ်တောထွက် သစ်ဥသစ်ဖုများ အရသာ Château du Cavalier Blaye ဝိုင်တို့ကို စားသုံးသူတို့စိတ်ကြိုက် ရွေးချယ်သောက်သုံးနိုင်ပါတယ်။ မီနူးတစ်ခုလုံးအပြီးအစီးမှာ (၇၅,၀၀၀) ကျပ်သာ ကျသင့်မည်ဖြစ်ပြီး ခံတွင်းတွေ့စေမည့် သိုးနို့မှ ရသော Ossau Irraty Cheese ကို (၇,၀၀၀) ကျပ်နှင့် အပိုထပ်ဆောင်း ရရှိမှာဖြစ် ကြောင်း သိရပါတယ်။

နောက်ဆုံးအနေနှင့် ပြင်သစ်တောင်တန်းဒေသ style ဖြစ်သည့် red ဝိုင်ဆော့စ်များများဖြင့် စိမ်ထားသည့် စတော်ဘယ်ရီသီးများ၊ ပြင်သစ်ပေါင်မုန့်နှင့် gingerbread ရေခဲမုန့်တို့အား တည်ခင်းစားသောက်နိုင်ပါတယ်။

"တစ်သက်မှ တစ်ခါသာ ကြုံရတဲ့ Goût de France အစီအစဉ်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ စားသုံးသူတွေကို ပြင်သစ်နိုင်ငံ ဒေသအသီးသီးရဲ့ ချက်ပြုတ်မှု လက်ရာတွေနဲ့ မိတ်ဆက်ပေးစေလိုတဲ့ ရည်ရွယ်ချက် နဲ့  မြန်မာနိုင်ငံမှာ မိတ်ဆက်တာ ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင်လည်း တစ်ခြား ကမ္ဘာအနှံ့ ပါဝင်တဲ့ စားသောက်ဆိုင် တွေနဲ့အတူ ကျော်ကြားတဲ့ ပြင်သစ်တောင်တန်း ဟင်းလျာတွေကို ဖော်ကြူးသွားမှာဖြစ်ပါတယ်" ဟု Babett Yangon ၏ စားဖိုမှူးခေါင်းဆောင် Christophe Buzare မှပြောကြားခဲ့ပါတယ်။

“ဒါကြောင့်လည်းပြင်သစ်တောင်ပိုင်းရဲ့ ကြွယ်ဝတဲ့ သဘာဝအရသာနဲ့ ဟင်းလျာတွေကို ကျွန်တော်တို့ရဲ့ ဧည့် သည်တော်တွေ မြည်းစမ်းအရသာ ခံစေချင်တာပါ။ ဒီ Menu မှာဆိုရင် ကျေးလက်ဒေသမှာအရသာ ရှိတဲ့ ဘဲသား၊ သိုးသား၊ ရနံ့ကောင်းတဲ့ငါး၊ အရသာရှိတဲ့ ချိစ်နဲ့အရည်ရွှမ်းတဲ့အသီးအနှံတို့ကို ရွေးချယ်သုံးဆောင်နိုင် ပါတယ်။ အရသာကြောင့်လည်း ပြင်သစ်တောင်တန်းဒေသကို တကယ်ရောက်ရှိသွား သလိုခံစားရမှာပါ”ဟု လည်းပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ အကောင်းဆုံး ဘားနှင့်စားသောက်ဆိုင် တစ်ခုဖြစ်သည့် အားလျော်စွာ Babett သည် ပြင်သစ်၏ ထူးကဲသော ဝိုင်နှင့်ဟင်းလျာကိုမြန်မာဒေသထွက် ထွက်ကုန်များနှင့် ဖန်တီးပြီးအစားအသောက် ခုံမင်သူများ အတွက်နှစ်ခြိုက်အောင် ပြင်ဆင်ပေးထားပါတယ်။

Babett Eatery & Bar

ဆိုင်ဖွင့်ချိန်: 7am to 12am / 1am daily

အမှတ်(၅)၊ အလံပြဘုရားလမ်း၊ ရန်ကုန်မြို့။

ဖုန်း (95) 1 243 639

Read times Last modified on Tuesday, 18 September 2018 15:55
Rate this item
(1 Vote)