Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ဝင်းဝင်း မုံရွာမုန့်တီ (စမ်းချောင်းဆိုင်ခွဲ)

ယနေ့ခေတ် ရန်ကုန်မြို့ပေါ်ကလူတွေက မြန်မာပြည်အလယ်ပိုင်းအစားအစာတွေကို သဘောကျလို့ နေပါတယ်။

ဒီထဲမှာမှ မုန့်တီ၊ မြီးရှည်၊ ရွှေတောင်ခေါက်ဆွဲတို့ကို အများဆုံး စားသုံးကြပါတယ်။ ယခုလည်း နာမည်ကြီး ဝင်းဝင်းမုံရွာမုန့်တီက စမ်းချောင်းရောက်လာပြန်ပြီဆိုတော့ ဝင်းဝင်းဆီ သို့ ဦးတည်လျှက်ရှိပါတယ်။

 

ဆိုင်လေးကတော့ တိုက်ခန်းမြေညီထပ်မှာ ဖွင့်ထားပြီး အပြင်အဆင်ကတော့ သံစားပွဲခုံနဲ့ ပန်ကာနဲ့ ရိုးရိုးလေးပါ။ နေရာကျဉ်းတဲ့အတွက် စားပွဲဝိုင်း ၇ ဝိုင်း၊ ၈ဝိုင်းလောက် ခင်းထားပါတယ်။ မုန့်ပွဲပြင်တဲ့ နေရာကိုလည်း လှမ်းမြင်ရတဲ့အတွက် ကိုယ်တိုင်ကြည့်ရှုလို့ ရပါတယ်။

 

ဆိုင်ကတော့ Air-con နဲ့ မဟုတ်၊ ဆိုင်ကြီးနေရာကြီးမဟုတ်လို့ စားရတာတော့ ဇိမ်ကျကျနဲ့ စိတ်ကျေနပ်မှုအပြည့်ရစေမှာ မဟုတ်ဘဲဖြစ်နေပါလိမ့်မယ်။ ဆိုင်ကို မနက် ၆ နာရီကနေ ၁၂ နာရီအထိ ဖွင့်ထားပါတယ်။

 

ဆိုင်တွင် တွေ့ရမှာတော့ နန်းကြီး၊ နန်းလတ်အသားပါပဲ။ မုန့်သားက တကယ့်ကို အိနေတာပဲ။ အသုပ်လက်ရာကတော့ အညာစတိုင် ဆီရွှဲရွှဲ၊ ပဲမုန့်များများ ပျစ်ပျစ်အိအိပါ။ အရည်ကတော့ ငါးဖယ်လုံးပြုတ်ရည်၊ ငါးပြုတ်ရည် အရသာမျိုးဖြစ်ပြီး လေးလေးချိုချိုလေးမို့ သောက်ကောင်းလှပါတယ်။

 

ww

မုန့်တီလက်ရာကတော့ အညာလက်ရာစစ်ပေမယ့် ပုံမှန်အရသာလိုပါပဲ။  ရွှေတောင်ခေါက်ဆွဲကိုလည်း မြည်းကြည့်လိုက်တော့ ရွှေတောင်ခေါက်ဆွဲက မုန့်တီထက်တောင် ပိုကောင်းပါသေးတယ်။ အုန်းနို့ရည်က တကယ့်ကို ချိုချိုမွှေးမွှေးနဲ့ ရွှေတောင်လက်ရာအတိုင်းပဲ စားလို့အရမ်းကောင်းပါတယ်။

 ww1

ဆိုင်တွင် မုန့်ဟင်းခါး၊ မုံရွာမြီးရှည်၊ မုံရွာနန်းပြားသုတ်၊ ရွှေတောင်ခေါက်ဆွဲ၊ ဆီထမင်းနှင့် အကြော်စုံတို့ ရရှိပါတယ်။ နန်းကြီးသုတ်တစ်ပွဲ ၁၅၀၀ ကျပ်၊ နန်းလတ်သုတ် ၁၅၀၀ ကျပ်၊ ခိုတောင်မုန့်တီ ၁၅၀၀ ကျပ်၊ ဆီထမင်း ၅၀၀ ကျပ်၊ ပါဆယ် ၁၀၀၀ ကျပ်နှင့် အကြော်စုံ ၅၀၀ကျပ် ဖြစ်ပါတယ်။

 ww2

အခြား ဆီထမင်းနဲ့ အကြော်စုံလည်းရပါတယ်။ သူနဲ့ တွဲစားဖို့ မတ်ပဲကြော်၊ ဘူးသီးကြော်လည်း ရတယ်။ အခြားသောက်စရာအနေနဲ့ ဆိုင်တွင် လက်ဖက်ရည်၊ နှပ်ကော်ဖီရတော့ အဆင်ပြေပါတယ်။ လက်ဖက်ရည်အရသာကလည်း အရမ်းကောင်းတဲ့အတွက် မနက်ခင်းကို မုန့်တီကောင်းကောင်းတစ်ပွဲ၊ လက်ဖက်ရည်တစ်ခွက်နဲ့ ဆို အဆင်ပြေနေလို့ ရပါတယ်။ ပါဆယ်ဝယ်မယ်ဆိုရင်လည်း ဘူးလေးတွေနဲ့ သပ်သပ်ရပ်ရပ်ထည့်ပေးတဲ့အတွက် ရုံးသမား၊ ကျောင်းသူကျောင်းသားများအတွက် သယ်လို့ လည်း အဆင်ပြေအောင် စီမံပေးပါတယ်။ ဘူးဖိုးကိုတော့ ၂၀၀ ပိုပေးရပါတယ်။

 ww3

မုန့်ပွဲက တစ်ပွဲကို ၁၅၀၀ ကျပ် ဖြစ်တဲ့အတွက် မုန့်တီကောင်းကြိုက်တဲ့သူတွေအတွက် ဈေးနှုန်းသင့်တင့်ပါတယ်။ ကားပါကင်အနေနဲ့ နေရာအနည်းငယ်ခက်ပြီး အဲကွန်းမဟုတ်တဲ့အတွက် ဇိမ်နဲ့ဆွဲစားချင်သူတွေထက် မနက်စာကောင်းကောင်းကို မြန်မြန်စားချင်သူတွေအတွက် ပိုသင့်တော်မှာဖြစ်ပါတယ်။

 

ဆိုင်ဖွင့်တဲ့နေရာကတော့ ကျွန်းတောလမ်းပေါ်၊ မအူပင်လမ်းထိပ်၊ စမ်းချောင်းမှာ ဖြစ်ပါတယ်။ ဆိုင်ကို ပိတ်ရက်မရှိဖွင့်လှစ်ထားပြီး အထူးအော်ဒါများကိုလည်း လက်ခံဆောင်ရွက်လျှက်ရှိပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:35
Rate this item
(1 Vote)