Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


မေလနှင့် ဧပြီအတွက် Babett ရဲ့ အသားပွဲတော်စတင်ပြီ

 ဧပြီနှင့် မေလ နှစ်လအတွင်း ကျင်းပပြုလုပ်မယ့် အသားပွဲတော်အတွက် Babett စားဖိုမှူး Christophe Buzare မှ အမဲသား၊

သိုးသားနှင့် ဝက်သားတို့ကိုချက်ပြုတ်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 Charcoal grill 1

ဧပြီလ (၆) ရက်နေ့မှစတင်၍ အစားကောင်း ကြိုက်သူများ အနေဖြင့် Babett ကပြင်ဆင်ပေးမည့် အသားကို မိမိတို့နှစ်ခြိုက်ရာ ဝိုင်အား သောက်သုံးရင်း အသားကို အရသာတွေ့စေမှာဖြစ်ပါတယ်။

 

 

စားသုံးသူများသည် အမဲသားနှင့်အတူ Babett က ဧပြီနှင့်မေလ အတွင်း ဝိုင်ပရိုမိုရှင်းရှိပြီး ‘Cabernet Sauvignon’ မှ စပျစ်အရသာ ဝိုင် တစ်ပုလင်းကို ငွေကျပ်(၃၀,၀၀၀) သောက်သုံးနိုင်ပါတယ်။

 

 La Cote de Boeuf on Mibrasa Grill

စကော့တလန်မှ နွားမည်းသား

 

သြစတြေးလျ၏ စိမ်းစိုနေသော စားကျက်မြေတွင် ထိန်းသိမ်းထားရှိသော စကော့တလန် တောင်ပေါ် ဒေသဖွား နွားမည်းသားကို သုံးဆောင်နိုင်ပါသည်။ နွားပေါက်စတို့ကို စပါးခင်းတို့တွင်ကြီး ထွားပြီး သင့်လျော်သော အဆီမှာ ကြွက်သားများ အကြားတွင် အာဟာရချိန်မှ စတင်ကာရရှိနေပြီ ဖြစ်ပါတယ်။ ယင်းအသားတို့က နူးညံ့ပြီးလွန်ကဲစွာ အရသာရှိသည့် အပြင် ဓာတုပစ္စည်းနှင့် ဟော်မုန်းပါဝင်မှု ရာနှုန်းပြည့်  ကင်းရှင်းကြောင်း သိရပါတယ်။

 

 La Cote de Boeuf 2

အဆိုပါအသားဟင်း တစ်ပွဲကို လူနှစ်ယောက် သုံးဆောင်နိုင်ပါတယ်။ အသားကြိုက်သူများ အဖို့ အကင်ရနံ့သင်းနေသော BlackAngus ရင်ပုံသားကင်ကို ကျပ်(၆၀,၀၀၀) နှင့်သုံးဆောင်နိုင်ပါတယ်။ (၇)ပတ်သာ သက်တမ်းရှိသော၊ မီးသွေးနှင့်ကင်ထား သည့် စားမြိန်ဖွယ် BlackAngus နံရိုးသားကိုတော့(၈၅,၀၀၀) ကျပ်နှင့် သုံးဆောင်နိုင်ပါတယ်။

 

Wagyu အမဲသား

 

Wagyu အမဲသားကတော့ဂျပန်ရှိ Kobe အမဲသားနှင့် အမျိုးဖောက်ထားသည့် ကမ္ဘာ့ထူးကဲတဲ့အသားဖြစ်ပါ တယ်။ အရိုးစွဲဖွယ် သင်းပျံ့နေသော အဆီပိုမပါ။ သုံးဆောင်လိုက်ပါက မေ့မရဖွယ် အရသာရှိသော Wagyu အသား ဖြစ်ပြီး နူးညံ့သော Wagyu-Kobe နံရိုးအသားကို(၄၅,၀၀၀)ကျပ်နှင့်သုံးဆောင်နိုင်ပါတယ်။

 

Meat wine

ဝက်သား

 

မြေထဲပင်လယ်ဒေသမှ ဝက်မည်းဖြစ်သော Iberico ဝက်ကို ဟင်းခတ်အမွေးအကြိုင်များနှင့်ချက်ပြုတ်ပြီး မှို၊ ဝက်သစ်ချသီးတို့ နှင့် Babett မှ တည်ခင်း ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ အမဲသားနှင့်မတူသော ဝက်သားက အဆီကို ကြွက်သားတစ်ရှူးများ တွင် သိုလှောင်ထားသောကြောင့် ပန်းရောင်သန်းကာ နူးညံ့သော အသားနှင့်အတူ အဆီအနှစ်ပြည့်နှက်သော အရသာရှိမှာ ဖြစ်ပါတယ်။

 

စားသုံးသူများအနေနှင့်ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူတို့နှင့် ပြင်ဆင်ထားသော ဝိုင်ဖြူ၊ အနံ့အရသာပြည့်နှက်နေသော လိမ္မော်ခွံ နှင့်ကြက်ဥတို့ပါဝင်သည့် Babett၏ ခံတွင်းတွေ့ဖွယ် “Marengo” style ဝက် အသားကို (၃၅,၀၀၀) ကျပ်နှင့် သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

 

ဝက်ဂုတ်သားကို အနံ့အရသာနှင့်ပြည့်စုံအောင် ချက်ပြုတ်ထားသောအသားကိုလည်း (၃၉,၀၀၀)ကျပ် ဖြင့် ရရှိမှာဖြစ်ပါတယ်။

 

စီချွမ်ငရုတ်ကောင်းနှင့်ပြင်ဆင်ထားသော လက်ဆတ်သော ဝက်ပေါင်ရင်းသားကို(၄၃,၀၀၀)ကျပ်ဖြင့် ရရှိနိုင်ပါတယ်။

 

အရှေ့တိုင်းနှင့် အနောက်တိုင်းပူးပေါင်းသည့် အနေနှင့် မြေထဲပင်လယ်စာကို အစပ်အနည်းငယ်ရောစပ်ပြီး ဝက်သားကို(၅)နာရီ မှ(၈)နာရီကြာ စီချွမ်ငရုတ်ကောင်းဖြင့် နှပ်ထားပြီး အကင်ပြားပူပူ တွင် ကင်ထားခြင်းဖြစ်ပါတယ်။ အဆိုပါအသားကို ဝိုင်နှင့်တွဲဖက်ကာ အပြည့်အဝ အရသာခံနိုင်ပါတယ်။

 

SCARLETT WINE BAR RESTAURANT 19

သိုးသား

 

Babett သည် နယူးဇီလန်နိုင်ငံ၏ မြက်ခင်းကုန်းမြင့်များရှိ သိုးသားကို ကြက်သွန်ဖြူ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် ပြင်ဆင်လျက် ဥရောပတောင်ပိုင်း ချုံနွယ်ကြား သယ်ဆောင်သွားသကဲ့သို့ ခံစားရစေမှာဖြစ်ပါတယ်။ Babett၏ အနုအလှအပြင်အဆင် မှုများကြောင့် သိုးသားကို ပန်းရောင်သန်း သည့်အသား သာမက အသင့်အတင့် ကျက်သည်အထိအကောင်းဆုံးအရသာခံစားနိုင်ပါတယ်။ ဟင်းခတ်အမွေးအကြိုင်နှင့်ချက်ပြုတ်ထားသော အဆိုပါ သိုးသားကို (၂၅,၀၀၀) ကျပ်နှင့် ရ ရှိနိုင်ပါတယ်။

 

အနံ့ပြည့်စုံကောင်းမွန်သော စပျစ်ဝိုင်နှင့်လည်း သိုးသားကို တွဲဖက်စားသုံးရင်း ခံတွင်းတွေ့စေမှာဖြစ်ကြောင်း လမ်းညွှန်ပေးလိုက်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:35
Rate this item
(1 Vote)