Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်နိုင်တပိုင် စားသောက်ကုန်လုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် Grab မှ ပံ့ပိုးပေးလျက်ရှိ

Grab Food မှ စားသောက်ကုန်လုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက် ပေးနေပြီး Covid 19 ၏ ရိုက်ခတ်မှုကြောင့်

သက်ရောက်မှုရှိခဲ့သည့် လုပ်ငန်းရှင်များ၏ ရှင်သန်ရပ်တည်ရေး အတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း Grab ၏ ဝန်ဆောင်မှုအမျိုးအစားအားလုံးတွင် သန်းနှင့် ချီသော မှာယူအသုံးပြုမှုများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအရေအတွက်မှာ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စားသုံးသူများ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုမှုကြောင့် တိုးတက်လာ ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် Grab အက်ပလီကေးရှင်း စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ အစပြု၍ အသုံးပြုမှုနှုန်း သိသိသာသာ တိုးတက်လာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ်တွင် Grab အက်ပလီကေးရှင်းအတွင်း ပြုလုပ်ခဲ့သည့် လစဉ် မှာယူအသုံးပြုမှုအရေအတွက်မှာ ၂၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

''ဒီကာလမှာ စားသောက်ဆိုင်ငယ်တွေကို Grab နဲ့ ချိတ်ဆက်ပြီး ဝင်ငွေလမ်းကြောင်း ဖွင့်လှစ်ပေးနိုင် ခဲ့တယ်။ သူတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းက ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။

Covid ကာလအတွင်း Grab Food ဝန်ဆောင်မှု၏ နေ့စဉ်အော်ဒါမှာယူမှု ပမာဏမှာ ၄၇၀ ရာခိုင်နှုန်း နီးပါး အထိ မြင့်တက်လာခဲ့ပြီး customers များကို ဝန်ဆောင်မှုပေးရန် ပလက်ဖောင်း အသုံးပြုထားသည့် GrabFood မိတ်ဖက်စားသောက်ဆိုင်အရေအတွက် ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် Grab Food ဝန်ဆောင်မှုကို ချိတ်ဆက်အသုံးပြုနေသော လိုင်စင်ရ စားသောက်ကုန်လုပ်ငန်း စုစုပေါင်း ၁,၅၀ဝ ကျော်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

Read times
Rate this item
(0 votes)