Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ဟောင်ကောင်မှ ၄၆ နှစ်သက်တမ်းရှိ နာမည်ကြီးရေပေါ်စားသောက်ဆိုင် ရပ်ဆိုင်း

ဟောင်ကောင်မှ ၄၆ နှစ်သက်တမ်းရှိ နာမည်ကြီးရေပေါ်စားသောက်ဆိုင် ရပ်ဆိုင်း

 

286654456_5240549812649902_8440246527987292816_n.jpg

 

 

ကန်တုံဘာသာစကား ရုပ်ရှင်များ နှင့် ဟောလီဝုဒ်  ဇာတ်ကားများစွာတို့တွင် ဇာတ်ဝင်ခန်းများ ပါဝင်ခဲ့သည့် နာမည်ကြီး သက်တမ်းရင့်  Jumbo Floating Restaurant သည် နှစ်အတန်ကြာ ပြန်လည်ရှင်သန်ရန် ကြိုးပမ်းအားထုတ်မှုများ ကျရှုံးခဲ့ခြင်း ကြောင့်  ၂၀၂၂ ဇွန်လ ၁၄ ရက်တွင် နှစ်ပေါင်း ၅၀ နီးပါး နေထိုင်ခဲ့သည့် နေရာမှ ဖယ်ရှားလိုက်ကြသည်။

အလျား ၇၆ မီတာ ရှည်လျားပြီး ဧည့်သည် ၂,၃၀၀ တစ်ပြိုင်တည်း စားသောက်နိုင်သော ရေပေါ်စားသောက်ဆိုင်ကြီးသည် ဧည့်ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့ပြီး ရောက်ဖူးသည်ရှိအောင် လာကြည့်ကြသည့် အထင်ကရ ရေပေါ်စားသောက်ဆိုင်ကြီးလည်း ဖြစ်သည်။

ရေပေါ်စားသောက်ဆိုင်ကြီးကို တရုတ်ဧကရာဇ်နန်းတော်ကဲ့သို့ ဒီဇိုင်းထုတ်ထားသည်။ ဘုရင်မ ဒုတိယမြောက်အဲလစ်ဇဘက်မှအစ ရုပ်ရှင်မင်းသား တွမ်ခရုစ်အဆုံး လာရောက်စားသောက်ခဲ့ဖူးသည်။

Steven Soderbergh ၏ ကမ္ဘာ့ကပ်ရောဂါ ရုပ်ရှင် “Contagion” အပါအဝင် ရုပ်ရှင်ဇာတ်ကားများတွင် ဇာတ်ဝင်ခန်းများမှာ Jumbo Floating Restaurant ပါဝင်ခဲ့ပါသည်။

 

287527403_5240546842650199_3799684483632173253_n.jpg

 

 

ရေပေါ်စားသောက်ဆိုင်ကြီး အရှုံးပေါ်နေခဲ့ရာမှ  ကိုဗစ် ကပ်ရောဂါကြောင့် ဆိုင်ပိတ်ထားရစဉ် အပြီးအပိုင် ပိတ်သိမ်းဖို့ လုပ်ငန်းရှင်က ဆုံးဖြတ်ချက် ချခဲ့သည်။ ၂၀၂၀ မတ်လကတည်းက ဆိုင်တံခါးများ ပိတ်ထားခဲ့ပါသည်။

 

286706358_5240545672650316_367979936065317357_n.jpg

 

 

 

 

ရေပေါ်စားသောက်ဆိုင်ကြီးလိုင်စင် သက်တမ်းကုန်ဆုံးမည့် ဇွန်လ မတိုင်ခင် မေလတွင် ရေပေါ်စားသောက်ဆိုင်ကြီးကို လုပ်ကိုင်နေသည့် Melco International Development က Jumbo ကို ဟောင်ကောင်မှာ နိဂုံးချုပ်ပြီ ဖြစ်ပြီး လုပ်ကိုင်လိုသည့် လုပ်ငန်း ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရမည်။ ရေပေါ်စားသောက်ဆိုင်ကြီးကို တိုင်ဖွန်းမုန်တိုင်း ကွယ်ကာရာ နေရာတစ်ခုသို့ ပြောင်းရွှေ့ပြီး သိမ်းဆည်းထားမည်ဟု အသိပေးကြေညာခဲ့သည်။

ရေပေါ်စားသောက်ဆိုင်ကြီး ဆွဲခေါ်သွားသည်ကို လာရောက်ကြည့်ရှုသူများ များပြားခဲ့သည်။

 

286692485_5240545142650369_2829010856176327853_n.jpg

 

 

Jumbo Floating Restaurant ရေပေါ်စားသောက်ဆိုင်ကြီးကို ၁၉၇၆ ခုနှစ်တွင် ကာစီနို တိုင်ကွန်း Stanley Ho က ဖွင့်လှစ်ခဲ့သည်။  ထိုစဉ်က ငွေတန်ဖိုးအရ ဟောင်ကောင်ဒေါ်လာ သန်း ၃၀ ကျော် အကုန်အကျခံပြီး တည်ဆောက်ခဲ့သည်။

 

'မင်း' မင်းဆက်ခေတ်မှ "နဂါးပလ္လင်တော်" ဟန်ပန်ကို အသုံးပြုထားသည်။ ခမ်းနားထည်ဝါသော နံရံပန်းချီများကိုလည်း 'မင်း' မင်းဆက်ခေတ်မှ လက်ရာများကို သုံးစွဲထားသည်ဟု “South China Morning Post” သတင်းတွင် ဖော်ပြထားပါသည်။

Jumbo Floating Restaurant ရေပေါ်စားသောက်ဆိုင်ကြီးကို ပင်လယ်စာများ ရောင်းချသည့် အစဉ်အလာရှိသည့် Aberdeen ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်။

၁၉၈၀ နောက်ပိုင်းတွင် ပြိုင်ဘက် Tai Pak Floating Restaurant ရှိလာခဲ့သည်။

Jumbo Floating Restaurant ရေပေါ်စားသောက်ဆိုင်ကြီးကို လုပ်ကိုင်သည့် Melco International Development က ၂၀၁၃ ခုနှစ်မှစ၍ အရှုံးပေါ်နေခဲ့သည်ဟု ထုတ်ဖော်ပြောကြားသည်။ စုစုပေါင်းအရှုံး ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ ကျော်သွားပြီဟု ဆိုသည်။

 

286731865_5240549139316636_7081566998858050514_n.jpg

 

စားသောက်ဆိုင်ကြီး အိုမင်းနေပြီ ဖြစ်သဖြင့် ပြုပြင်ထိန်းသိမ်းစရိတ်များ သန်းချီကုန်ကျနေသည်။ အခမဲ့ပေးအပ်ဖို့ အဖွဲ့အစည်းများ၊ လုပ်ငန်းများကို ကမ်းလှမ်းခဲ့ပါသော်လည်း လုပ်ကိုင်လိုသူ မရှိကြောင်း Melco က ပြောကြားပါသည်။ 

#MyanmarFoodGuide 

 

 

 

Read times Last modified on Wednesday, 15 June 2022 10:06
Rate this item
(0 votes)