Restaurants



မော်ထိုင်း အရက်ဖြူ ကော်ဖီ တစ်ရက်တည်းမှာ ခွက်ရေ ၅ သန်းခွဲနီးပါး ဝယ်ယူခဲ့ကြ

မော်ထိုင်း အရက်ဖြူ ကော်ဖီ တစ်ရက်တည်းမှာ ခွက်ရေ ၅ သန်းခွဲနီးပါး ဝယ်ယူခဲ့ကြ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

တရုတ်နိုင်ငံမှ Luckin Coffee သည် အဖျော်ယမကာအသစ်တစ်မျိုးကို ကော်ဖီနှင့် မော်ထိုင်း ဘိုင်ကျူ Moutai baijiu အရက်တို့ ပေါင်းစပ်ပြီး ထုတ်လုပ်ပြီး တရုတ်ပြည်မှာ ရောင်းချခဲ့ရာ ပထမဆုံးနေ့တွင် ခွက်ရေ ၅.၄၂ သန်းကျော် ရောင်းချခဲ့ရသည်အထိ ရေပန်းစားခဲ့သည်။ 

 

Moutai-coffee-640x427.jpg

 

Moutai baijiu ဟု ဆိုရာ၌ မော်ထိုင်းသည် အရက်ကုမ္ပဏီ အမည်ဖြစ်ပြီး baijiu သည် အရက်ဖြူကို ဆိုလိုပါသည်။ 

 

Luckin Coffee Inc. သည် တရုတ်ကော်ဖီကုမ္ပဏီ ဖြစ်ပြီး ပေကျင်းမြို့တွင် ၂၀၁၇ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ကော်ဖီဆိုင်ခွဲများ ဖွင့်လှစ်ထားပြီး ဇွန်လတွင် ဆိုင်ပေါင်း တသောင်းအထိ ရှိနေပြီ ဖြစ်သည်။

ကော်ဖီဆိုင်ခွဲများလုပ်ငန်း Luckin Coffee နှင့် အရက်ချက်လုပ်ငန်းKweichow Moutai တို့သည် "ပဲငံပြာရည် လာတေး" "soy sauce latte" ဟုခေါ်သော အဖျော်ယမကာ အသစ်တစ်ခုအတွက် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ၎င်းယမကာတွင် Luckin ၏ ကော်ဖီနှင့် Moutai ၏ အရက်ဖြူတို့ ပေါင်းစပ်ပေးထားသည်။

 

photo_2023-09-12_18-44-34.jpg

 

စတင်ရောင်းချသည့် ပထမဆုံးနေ့တွင် ခွက်ရေ ၅.၄၂ သန်းကျော် ရောင်းချခဲ့ပြီး ဝင်ငွေ ယွမ် ၁ သန်း‌ (ကန်ဒေါ်လာ ၁၃.၆၉ သန်း) ကျော် ရရှိခဲ့သည်။

 

"soy sauce latte," "Luckin," "Moutai" အစရှိသည့် hashtag များ Weibo နှင့် Xiaohongshu အပါအဝင် တရုတ်လူမှုမီဒီယာ ပလက်ဖောင်းများတွင် ပလူပျံသွားသည်။

 

အရက်ဖြူကော်ဖီကို "ပဲငံပြာရည် လာတေး" ဟု အမည်တွင်သည်မှာ Moutai အရက်ကို သောက်သုံးသူများက မော်ထိုင်းအရက်၏ အရသာသည် ပဲငံပြာရည် အရသာနင့် ဆင်ဆင်တူသဖြင့် ပဲငံပြာရည်ဟု ခေါ်ဝေါ်ကြလေ့ရှိသည်။ လာတေး latte ၏ အပြင်းစားဘလက်ကော်ဖီ အက်စပရက်စို espresso ကို ဆိုလိုသည်။

 

မော်ထိုင်းလာတေးကို ဈေးဦးပေါက်အနေဖြင့် ထပ်ဝက်ဈေးလျှော့ပြီး တခွက် ၁၉ ယွမ် ($2.60) ဖြင့် ရောင်းချသည်။ နောက်နောက်တွင် တခွက် ၃၈ ယွမ်ဖြင့် ရောင်းချမည် ဖြစ်သည်။ 

အရက်ပါဝင်နှုန်းမှာ ၀.၅% ထက် နည်းသည်။ 

Source Asia nikkei 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 12 September 2023 18:47
Rate this item
(0 votes)