Restaurants



အိန္ဒိယ KFC အော်ပရေတာ ထိုင်း KFC ကို ဝယ်ယူ

အိန္ဒိယ KFC အော်ပရေတာ ထိုင်း KFC ကို ဝယ်ယူ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယနိုင်ငံမှ Devyani International သည် ထိုင်းနိုင်ငံရှိ Restaurants Development Co ၏ KFC ဆိုင်လုပ်ငန်းကဏ္ဍကို ဒေါ်လာ ၁၂၈.၉ သန်းတန်ဖိုးရှိ သဘောတူညီချက်ဖြင့် ဝယ်ယူပြီးနောက် ထိုင်းနိုင်ငံတွင် KFC ဆိုင်ခွဲများကို စတင်လည်ပတ်တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အရောင်းအဝယ်ကိစ္စ ၂၀၂၄ ခုနှစ် မတ်လတွင် ပြီးပြတ်မည်ဟု မျှော်မှန်းထားသည်။

 

ထိုင်းစားသောက်ဆိုင်အော်ပရေတာ Restaurants Development Co သည် ထိုင်းနိုင်ငံတွင် KFC ဆိုင်ပေါင်း ၂၇၄ ဆိုင် ဖွင့်လှစ်ထားပြီး လူပေါင်း ၄၅၀၀ ကျော်ကို အလုပ်ခန့်ထားသည်။

 

Restaurants Development Co သည် ၎င်း၏ KFC လုပ်ငန်းကဏ္ဍကို ၂၀၂၀ ခုနှစ်တွင် ရောင်းချရန် ဆုံးဖြတ်ခဲ့သော်လည်း ကိုဗစ် ကပ်ရောဂါကြောင့် လုပ်ငန်းစဉ်ကို ခေတ္တရပ်နားထားခဲ့ရသည်။

 

Devyani သည် Restaurants Development Co ၏  KFC လုပ်ငန်းကဏ္ဍကို ၎င်း၏ ဒူဘိုင်းလုပ်ငန်းခွဲမှတစ်ဆင့် ဝယ်ယူသည်။ ၎င်းလုပ်ငန်းခွဲတွင် Devyani က  ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန်ရှိသည့် ၄၉% ကို စင်ကာပူအခြေစိုက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Temasek Holdings က ပိုင်ဆိုင်သည်။

 

Devyani သည် အိန္ဒိယ၊ နီပေါနှင့် နိုင်ဂျီးရီးယားတို့တွင်  KFC ဆိုင်ခွဲ ၅၀၀ ဖွင့်လှစ်ထားသည်။ 

 

Devyani သည် အိန္ဒိယတွင် အမြန်ရ ဝန်ဆောင်မှု  စားသောက်ဆိုင် quick service restaurant (QSR) များ ဖွင့်လှစ်ထားရာ KFC အပြင် Pizza Hut နှင့်  Costa Coffee ဆိုင်များကိုလည်း လုပ်ကိုင်သည်။ 

 

ထိုင်းနိုင်ငံတွင် KFC ဆိုင်များ အများဆုံး ဖွင့်လှစ်ထားသည့် QSR of Asia သည် Restaurants Development ၏ KFC လုပ်ငန်းကဏ္ဍကို ဝယ်ယူရန် ဝယ်ယူရန် စိတ်ဝင်စားသော်လည်း မဝယ်ဖြစ်ခဲ့ပါ။ QSR of Asia ကို Thai Beverage Plc, က ပိုင်ဆိုင်ပါသည်။

ထိုင်းနိုင်ငံတွင် QSR of Asia သည် KFC ဆိုင် ၄၃၀ ဖွင့်လှစ်ထားပြီး ဆိုင်အရေအတွက် အများဆုံး ဖြစ်ပါသည်။

 

KFC ဆိုင် အရေအတွက် ဒုတိယအများဆုံးမှာ Central Restaurants Group ဖြစ်ပြီး KFC ဆိုင် ၃၂၀ ဖွင့်လှစ်ထားသည်။

 

Source: Reuters


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Wednesday, 20 December 2023 13:32
Rate this item
(0 votes)