Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Thai Taste Seafood Restaurant

Thai Taste Seafood Restaurant ကို ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် ၉၊ ပေါ်ဆန်းမွှေးလမ်း၊

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏပန်းခြံအနီးတွင် ဖွင့်လှစ်ထားပါတယ်။

 

ထိုင်းအရသာဟင်းလျာများကို ဘူဖေးပုံစံ အ၀စားပုံစံဖြင့် ရောင်းချနေတဲ့ Thai Taste ဆိုင်ကို လမ်းညွှန်ပေးလိုက်ပါတယ်။

 buffee

ဆိုင်တွင် ဟင်းလျာပေါင်း ၃၀ ကျော်နဲ့ ထိုင်းအစားအစာစစ်စစ်တွေကို အ၀စားနိုင်ပါတယ်။ ဟင်းလျာတွေကတော့ ကြက်၊ ၀က်၊ ပင်လယ်စာတွေကို အဓိကထား ချက်ပြုတ် ရောင်းချခြင်းဖြစ် ပါတယ်။

 

ဆိုင်က နေရာကျယ်ဝန်းပြီး သန့်ရှင်းပါတယ်။ ကားရပ်ဖို့အတွက်လည်း ပူပင်စရာမလိုဘဲ အဆင်ပြေပါတယ်။

 buffee1

ဆိုင်တွင် အ၀စား Happy Hour အနေနဲ့ နံနက် ၁၀ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ သတ်မှတ်ထားပြီး စားသောက်ချိန်ကို ကန့်သတ်မထားဘဲ ၆၅၀၀ ကျပ်နဲ့ ရောင်းချပေးနေပါတယ်။

 buffee 2

ညနေ ၄ နာရီမှ ည ၁၁ နာရီအထိကတော့ စားသုံးချိန် တစ်နာရီခွဲသတ်မှတ်ထားပြီး တစ်ဦးလျှင် ၈၀၀၀ ကျပ်နှင့် ရောင်းချပေးနေကြောင်း သိရပါတယ်။

 buffee 3

Thai Taste Seafood Restaurant ဆိုင်က ဈေးနှုန်းကလည်း သင့်တင့်စွာ ရောင်းချပေးနေတာကြောင့် ပိတ်ရက်တွင် မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေများနဲ့ဖြစ်ဖြစ် သွားရောက်သုံးဆောင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:29
Rate this item
(1 Vote)