Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ရုရှားမှာ မက်ဒေါနယ် စားသောက်ဆိုင် ရုရှားအမည်သစ်ဖြင့် ပြန်လည်ဖွင့်လှစ်

ရုရှားမှာ မက်ဒေါနယ် စားသောက်ဆိုင် ရုရှားအမည်သစ်ဖြင့် ပြန်လည်ဖွင့်လှစ်

McDonald က ရုရှားမှ ၎င်းရဲ့ စားသောက်ဆိုင်များ အားလုံးကို မတ်လကတည်းက ပိတ်ထားခဲ့ပြီး မေလလယ်မှာ ရုရှားမှ ထွက်ခွာဖို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

 

287497085_5234877953217088_6046462010765045570_n.jpg

 

အမေရိကန်‌အခြေစိုက် စားသောက်ဆိုင်လုပ်ငန်း McDonald's Corp က ရုရှားမှ ထွက်ခွာဖို့အတွက် ရုရှားမှ လုပ်ငန်းကဏ္ဍ တစ်ခုလုံးကို ၎င်းထံမှာ လိုင်စင်ယူပြီး ဆိုင်များဖွင့်ထားသူ Alexander Govor ထံ လက်လွှဲရောင်းချခဲ့ပါတယ်။

မော်စကိုမြို့ရှိ မက်ဒေါ်နယ် စားသောက်ဆိုင်များကို  တနင်္ဂနွေနေ့ (ဇွန် ၁၂ ရက်)တွင် ရုရှားနိုင်ငံသား  ပိုင်ဆိုင်အသစ်က အမည်သစ်ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

အမည်အသစ်က ရုရှားအမည် Vkusno & tochka ဖြစ်ပါတယ်။ "အရသာရှိတာ အဲဒါမျိုး" လို့ ဆိုလိုတဲ့အမည် ဖြစ်ပါတယ်။

အမေရိကန် ဘာဂါကုမ္ပဏီကြီး မက်ဒေါ်နယ်က ယူကရိန်းတွင် ရုရှားကျူးကျော်စစ် နောက်ဆက်တွဲအဖြစ် ရုရှားကို ကျောခိုင်းထွက်ခွာခဲ့ပြီးတဲ့နောက်မှာ ရုရှားနိုင်ငံ အမြန်ရ အစားအစာ မြင်ကွင်းအတွက် အရုဏ်ဦးသစ်တွင် မော်စကို မြို့တော်အတွင်းနှင့် အနီးတစ်ဝိုက်တွင် တံဆိပ်အသစ်တပ်ထားသော စားသောက်ဆိုင် ၁၅ ဆိုင်ကို ကနဦးအနေဖြင့်  မြင်တွေ့ကြရပါတယ်။

McDonald's က ရုရှားမှာ နှစ်ပေါင်း ၃၀ ကြာ လုပ်ကိုင်ခဲ့ပြီး ဉရောပနှင့် အမေရိကန်တို့ရဲ့ ပိတ်ဆို့ အရေးယူမှုအရ ရုရှားမှ မက်ဒေါနယ် ထွက်ခွာခဲ့ပြီး ယခုအခါ အမည်သစ်ဖြင့် ဆိုင်ပြန်ဖွင့်တော့ လာရောက်စားသောက်သူတွေ စည်ကားနေခဲ့ပါတယ်။ 

Vkusno & tochka ရဲ့ စီအီးအို Oleg Paroev က ရုရှားမှာ စားသောက်ဆိုင် ၂၀၀ ကို ဇွန်လကုန် နောက်ဆုံးထားပြီး ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။ နွေရာသီမကုန်ခင် ဆိုင်ပေါင်း ၈၅၀ အကုန်လုံး ပြန်ဖွင့်မယ်လို့ ပြောကြားပါတယ်။

 

286723882_5235193389852211_5707380943747554605_n.jpg

 

"ကျွန်‌တော်တို့ရဲ့ ရည်မှန်းချက်က လာရောက်စားသောက်ကြသူများ  အရည်အသွေး သို့မဟုတ် ပတ်ဝန်းကျင်တွင် ဘာမှ မကွာခြားဘူးလို့ ယူဆကြစေဖို့ ဖြစ်ပါတယ်" 

 Paroev told က သတင်းစာ ရှင်းလင်းပွဲကို ရုရှားမှာ မက်ဒေါ်နယ် ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ မော်စကိုမြို့မှာ ဖွင့်လှစ်ခဲ့တဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။

 ပိုင်ရှင်အသစ် Alexander Govor က ကုမ္ပဏီမှာ ဝန်ထမ်း ၅၁,၀၀၀ ရှိတယ်လို့ ပြောကြားပါတယ်။

 

287240931_5234878819883668_2078147710917630548_n.jpg

"McDonald's Corporation က ကျွန်တော့ကို တောင်းဆိုခဲ့ပါတယ်။ တခြားအရာအားလုံးထက် အရင်ဆုံး လုပ်ပေးရမှာက ဝန်ထမ်းဦးရေ ဆက်ထိန်းပေးထားဖို့ ဖြစ်ပါတယ်။ သူတို့ကို အလုပ်အကိုင် ပေးထားဖို့ ပြောပါတယ်။ အဲဒီဟာကို ကျွန်တော်လုပ်နေပါတယ်" လို့ သူက ပြောပြပါတယ်။

 

Brand အသစ်ပြောင်းထားတဲ့ အမြန်ရ စားသောက်ဆိုင်ခွဲများမှာ ယခင် မက်ဒေါနယ်ရဲ့ အဆောက်အဦ အတွင်းပိုင်း အပြင်အဆင်အတိုင်း ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမည်ဟောင်းနှင့် ပတ်သက်တာတွေကိုတော့ ဖယ်ရှားပစ်ရမှာ ဖြစ်‌ေကြာင်း စီအီးအို Paroev က ပြောပြပါတယ်။

 

Screenshot_2022-06-13_084419.jpg

 

Paroev က မက်ဒေါ်နယ် လက်ထက်မှာကတည်းက စီအီးအိုအဖြစ် ခန့်အပ်ခံရသူ ဖြစ်ပါတယ်။ ၂၀၂၂ ဖေဖော်ဝါရီလမှာ ခန့်အပ်ခံရပြီး သီတင်းပတ်အနည်းငယ်အကြာ  ဖေဖော်ဝါရီလ ၂၄ ရက်မှာ ယူကရိန်း ကျူးကျော်စစ် စတင်ခဲ့တာ ဖြစ်ပါတယ်။

ရောင်းဈေးနှုန်းများကို တန်ဖိုးသင့် ဈေးနှုန်းများ ဆက်ထိန်းထားမှာ ဖြစ်ပြီး အခြေအနေအရ ဈေးအနည်းငယ် တက်ကောင်းတက်လိမ့်မယ်လို့ ပြောပြပါတယ်။

#MyanmarFoodGuide

Read times
Rate this item
(0 votes)