Restaurants



ဆဲလ်မွေးမြူရေးအသား ထုတ်လုပ်ရောင်းချရန် အမေရိကန် စတင်ခွင့်ပြု

ဆဲလ်မွေးမြူရေးအသား ထုတ်လုပ်ရောင်းချရန် အမေရိကန် စတင်ခွင့်ပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အမေရိကန်ပြည်ထောင်စုသည် တိရစ္ဆာန်ဆဲလ်များမှ တိုက်ရိုက်‌မွေးမြူ ထုတ်လုပ်ထားသော ကြက်သားများကို ရောင်းချရန် ကုမ္ပဏီနှစ်ခုအား  ခွင့်ပြုချက်ပေးခဲ့ပါသည်။ ဆဲလ်မွေးမြူရေးဖြင့် အသားထုတ်လုပ်မှုကို  ခွင့်ပြုချက် ပခမဆုံးအကြိမ် ပေးခြင်း ဖြစ်ပါသည်။ ဆဲလ်မွေးမြူရေးအသားများကို စားသုံးသူများထံ ရောင်းချနိုင်ရန် လမ်းဖွင့် ပေးလိုက်ခြင်း ဖြစ်ပါသည်။

.

အမေရိကန် စိုက်ပျိုးရေးဌာနသည် Upside Foods နှင့် Good Meat ၏ စက်ရုံများတွင် အစားအစာ ဘေးကင်းရေးစနစ်များကို သုံးသပ်စိစစ်ပြီး အတည်ပြုခဲ့ကြောင်း ၎င်းဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်းကုမ္ပဏီတို့မှ ထုတ်လုပ်သော အသားများကို အချို့သော စားသောက်ဆိုင်များတွင် မကြာမီ ရနိုင်မည်ဖြစ်သည်။

.

ကုမ္ပဏီနှစ်ခုလုံးသည်  နိုဝင်ဘာလတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနထံမှ က  ခွင့်ပြုချက် ရယူထားပြီးပြီ ဖြစ်သည်။

.

"ဤခွင့်ပြုချက်သည်  စားပွဲ‌ပေါ်သို့ ရောက်လာသော အသား ပြုလုပ်ပုံကို အခြေခံကျကျ ပြောင်းလဲလိမ့်မည်" ဟု Upside Foods ၏ CEO နှင့် တည်ထောင်သူ Uma Valeti က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

GOOD Meat ၏ ပူးတွဲတည်ထောင်သူနှင့် CEO Josh Tetrick က "ကျွန်ုပ်တို့သည် ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူမှာ ဆဲလ်မွေးမြူရေးအသား စတင်ထုတ်လုပ်ပြီးကတည်းက ကမ္ဘာပေါ်တွင် ဆဲလ်မွေးမြူရေးအသားများကို ရောင်းချသည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်ခဲ့ပြီး ယခုအခါ ကမ္ဘာ့အကြီးဆုံးစီးပွားရေးတွင် စားသုံးသူများထံ ရောင်းချရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။" ဟု ကြေညာချက် ထုတ်ပြန်သည်။

 

လောလောဆယ်တွင် ကုမ္ပဏီ နှစ်ခုစလုံးသည် စားသောက်ဆိုင်များထံ  ဆဲလ်မွေးမြူရေးအသားများကို ရောင်းချကြမည် ဖြစ်ပါသည်။

Source bangkokpost 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 22 June 2023 08:55
Rate this item
(0 votes)