Restaurants



ကိုရီးယား ကော်ဖီတင်သွင်းမှု ၂ နှစ်ဆက်တိုက် ဒေါ်လာ ၁ ဘီလီယံကျော်သို့ ရောက်ရှိ

ကိုရီးယား ကော်ဖီတင်သွင်းမှု ၂ နှစ်ဆက်တိုက် ဒေါ်လာ ၁ ဘီလီယံကျော်သို့ ရောက်ရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တောင်ကိုရီးယားတွင် ကော်ဖီသောက်သုံးမှု  ရေပန်းစားနေသဖြင့်  ကော်ဖီတင်သွင်းမှုသည် နှစ်နှစ်ဆက်တိုက် ဒေါ်လာ ၁ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁၁)တွင် ထုတ်ပြန်သည့် အကောက်ခွန်ဒေတာတွင်  ဖော်ပြထားသည်။

 

တင်သွင်းသော အစိမ်းနှင့် လှော်ထားသော ကော်ဖီစေ့များ၏ စုစုပေါင်းတန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁.၁၁ ဘီလီယံအထိ ရောက်ရှိခဲ့သော်လည်း ၂၀၂ ၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁.၃ ဘီလီယံဖိုး တင်သွင်းခဲ့သည်ထက် လျော့နည်းပါသည်။ 

 ၂၀၂၂ ခုနှစ်တွင် တန်ချိန်  ၂၀၅,၀၀၀ တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၉၃,၀၀၀ တင်သွင်းခဲ့ပါသည်။  ၂၀၂၂ ခုနှစ် တင်သွင်းသည့် ပမာဏသည် အများဆုံး အထွတ်အထိပ် စံချိန်ဖြစ်ပါသည်။ 

 

ကိုရီးယား ကော်ဖီတင်သွင်းမှုသည် ၂၀၁၈ ခုနှစ်မှ စ၍ ပိုများလာခဲ့ခြင်း ဖြစ်ပါသည်။  ၂၀၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၆၇၃.၃ သန်းဖိုး ရှိသည့် တန်ချိန် ၁၅၈,၀၀၀ တင်သွင်းခဲ့ပါသည်။

 

၂၀၂၃ ခုနှစ်တွင် တင်သွင်းသော ကော်ဖီ၏ လေးပုံတစ်ပုံကျော်သည် ဘရာဇီးမှဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၀၀ ဖိုး ရှိသည့် တန်ချိန် ၅ သောင်း တင်သွင်းခဲ့ပါသည်။ 

 

ဗီယက်နမ်မှ ဒုတိယအများဆုံး တင်သွင်းခဲ့ပြီး တန်ချိန် ၄ သောင်း တင်သွင်းခဲ့ပါသည်။ တတိယ အများဆုံးမှာ ကိုလံဘီယာဖြစ်ပြီး စတုတ္ထ အများဆုံးမှာ အီသီယိုးပီးယား၊ ပဉ္စမအများဆုံး ဂွာတီမာလာ ဖြစ်ပါသည်။

 

 Source Yonhap


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 11 February 2024 19:32
Rate this item
(0 votes)