Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


BreadTalk ရဲ့ တတိယမြောက် ဆိုင်ခွဲကို Myanmar Plaza မှာ ထပ်မံဖွင့်လှစ်


အာရှရဲ့ ထိပ်တန်း မုန့်ဖုတ်လုပ်ငန်း တစ်ခုဖြစ်တဲ့ BreadTalk ရဲ့ တတိယမြောက် ဆိုင်ခွဲကို Myanmar Plaza မြေညီထပ်မှာ

ထပ်မံဖွင့်လှစ် လိုက်ပြီပဲ ဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့နှစ်အတွင်းကJunction City နဲ့ Junction Square ဘေးက Crystal Tower မှာ ပထမဆုံး ဆိုင်ခွဲနှစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး BreadTalk ရဲ့ ပေါင်မုန့်၊ ကိတ်မုန့်နဲ့ အစာသွပ်မုန့်တွေကို နှစ်ခြိုက်စွာ စားသုံးသူ များပြားလာတာကြောင့် ဆိုင်ခွဲအသစ်ကို ထပ်မံ ဖွင့်လှစ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

Myanmar Plaza က BreakTalk ဆိုင်ခွဲမှာတော့ လူဦးရေ ၅၆ ဦးစာ (အတွင်း ၂၈ ဦးစာ၊ အပြင် ၂၈ ဦးစာ) အတွက် ထိုင်ခုံနေရာတွေ ပြင်ဆင်ပေးထားပြီး ရန်ကုန်မြို့မှာ စတင် ဖွင့်လှစ်စဉ်ကတည်းက နှစ်သက်စွာ ဝယ်ယူအားပေး ခဲ့ကြတဲ့အတိုင်း သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ ၈၀၀ ကျပ်က စတင်ကာ အမျိုးအစား စုံလင်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ ပေါင်မုန့်နဲ့ကိတ်မုန့် အမျိုးပေါင်း ၁၀၀ ကျော်ကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

 

Read more >>>>>>>> Link

 

“အခုလို BreadTalk ဆိုင်ခွဲ အမြောက်အမြားကို ရန်ကုန်မြို့မှာ ထပ်မံ ဖွင့်လှစ်နိုင်ခဲ့တာဟာ ကျွန်မတို့ရဲ့ စားသုံးသူတွေကြောင့်ပါပဲ။ ကျွန်မတို့ BreadTalk ဆိုင်ခွဲတိုင်းကို နိုင်ငံတကာ အဆင့်မီ “Chef’s Table” ပုံစံအတိုင်း ပြင်ဆင်ထားတဲ့အတွက် စားသုံးသူတွေကို အနံ၊ အရသာတင်မက အပြင်အဆင်အထိ အပြည့်အဝ ခံစားမှုပေးချင်တဲ့ ကျွန်မတို့ရဲ့ ကြိုးပမ်းမှုကို တွေ့ရမှာပါ။

 

Myanmar Plaza မြေညီထပ်ကို ဝင်လာတဲ့အချိန်မှာပဲ ကျွန်မတို့ရဲ့ ပေါင်မုန့် အနံ့နဲ့တင် စားချင်လာအောင် ဆွဲဆောင်နေမှာပါ။ မြန်မာနိုင်ငံမှာ BreadTalk စတင် ဖွင့်လှစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ။ နောက်ထပ်လည်း ကျွန်မတို့ရဲ့ ဆန်းသစ်မှုရှိပြီး ဆုတံဆိပ်တွေ ရရှိထားရုံသာမက အရေးအကြီးဆုံးဖြစ်တဲ့ အရသာရှိလှတဲ့ ပေါင်မုန့်၊ ကိတ်မုန့် နဲ့ အချိုရည်၊ ကော်ဖီတွေကို စားသုံးသူ အများကြီးဆီ ရောက်ရှိနိုင်အောင် ဆက်ပြီး ကြိုးစားသွားပါမယ်” လို့ BreadTalk Myanmar ရဲ့ Marketing Manager ဖြစ်သူ ဒေါ်ဆုမြတ်နိုးက ပြောပါတယ်။


BreadTalk ရဲ့ Myanmar Plaza ဆိုင်ခွဲ ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေနဲ့Messy Buns လို့ အမည်ပေးထားတဲ့ ပေါင်မုန့် အမျိုးအစား အသစ်တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ Messy Buns အမျိုးအစား ပေါင်မုန့်တွေကို လာမယ့် ရက်သတ္တပတ်အတွင်း Myanmar Plaza ဆိုင်ခွဲ တစ်ခုတည်းမှာသာ ရောင်းချပေးသွားမှာဖြစ်ပြီး ကျန်ရှိတဲ့ BreadTalk ဆိုင်ခွဲတွေမှာ မကြာမီ ဝယ်ယူရရှိနိုင်ဖို့ စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

BreadTalk ရဲ့ Myanmar Plaza ဆိုင်ခွဲသစ်မှာ အရသာရှိတဲ့ hot sandwich (ချက်ချင်းပြုလုပ်ထားသော ပူပူနွေးနွေး sandwich) တွေကို မနက်စာ သုံးဆောင်ချိန် (နံနက် ၈ နာရီမှ ၁၁ နာရီ အတွင်း) ရရှိနိုင်မှာ ဖြစ်ပါတယ်။ ရောင်းချပေးသွားမယ့် hot sandwich တွေကတော့ ၀က်သားပြားနဲ့ကြက်ဥ hot sandwich, ၀က်ပေါင်ခြောက်နဲ့ကြက်ဥ hot sandwich နဲ့ စည်သွတ်အသားပြား hot sandwich တို့ဖြစ်ပြီး တစ်ခုချင်းဝယ်ယူပါက ၂၅၀၀ ကျပ်၊ အမေရိကာနို ကော်ဖီအပူ ဒါမှမဟုတ် လက်ဖက်ရည်အပူ ပါဝင်တဲ့ set လိုက်ဝယ်ယူပါက ၃၈၀၀ ကျပ်နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Hot sandwich တွေကို နေ့စဉ် လက်ကျန်ရှိသရွေ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 13:11
Rate this item
(6 votes)