Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Johnnie Walker ချိုမြိန်သော ဝီစကီ အသစ် ထုတ်လုပ်

Johnnie Walker  ချိုမြိန်သော ဝီစကီ အသစ် ထုတ်လုပ်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စကော့ဝီစကီ အမှတ်တံဆိပ် Johnnie Walker က "Johnnie Walker Blonde" အမည်ဖြင့် ဝီစကီ အမျိုးအမည်အသစ် ထုတ်လုပ်လိုက်ပါတယ်။

.

 “ဝီစကီကို ဘယ်သူတွေ သောက်ကြသလလဲ၊ ဘယ်လိုသောက်နေကြလဲ” ဆိုတာကို အမီလိုက်နိုင်ရန် ဒီဇိုင်းထုတ်ထားကြောင်း အမှတ်တံဆိပ်သံတမန် Tim Philips-Johansson က ဆိုပါတယ်။

 .

Johnnie Walker က တိုးတက်ပြောင်းလဲနေသော စျေးကွက်ကို အမီလိုက်နိုင်ရန် ချိုမြိန်သော ဝီစကီကို ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ 

.

Diageo plc က နိုင်ငံစုံ အရက်ယာမကာကုမ္ပဏီကြီး ဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ရုံးချုပ်ထားရှိပါတယ်။

ယခင်က ကမ္ဘာ့အကြီးဆုံး အရက်ချက်လုပ်ငန်း ဖြစ်ခဲ့ဖူးပါတယ်။ 

၂၀၁၇ မှာ တရုတ်နိုင်ငံမှ Kweichow Moutai အရက်ချက်လုပ်ငန်းက ကမ္ဘာ့အကြီးဆုံး အရက်ချက်လုပ်ငန်းဖြစ်လာခဲ့ပြီး Diageo plc က ကမ္ဘာ့ဒုတိယအကြီးဆုံး အရက်ချက်လုပ်ငန်း ဖြစ်သွားပါတယ်။ စကော့ဝီစကီ အပါအဝင် အရက်အမျိုးမျိုး ဖြန့်ဖြူးလျက်ရှိရာ Johnnie Walker လည်း အပါအဝင် ဖြစ်ပါတယ်။

.

 Diageo plc က အမျိုးအမည်သစ် Johnnie Walker Blonde ကို ဖြန့်ဖြူးပါတယ်။ ဘရာဇီး၊ မက္ကဆီကို၊ အမေရိကန်၊ ဘူလ်ဂေးရီးယား၊ ဂျာမနီနှင့် ထိုင်းနိုင်ငံတို့မှာ Johnnie Walker Blonde ကို စတင်ဖြန့်ဖြူးခဲ့ပါတယ်။

Johnnie Walker Blonde က စကော့ဝီစကီ သောက်သုံးသူ လူသစ်များကို စကော့ ဝီစကီသောက်ဖို့ အဆင်ပြေစေမယ့် အရသာ ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ 

စတင်မိတ်ဆက်စဉ်က Johnnie Blonde အမည်ကို သုံးစွဲခဲ့ပါတယ်။ 

Johnnie Walker ရဲ့ master blender ဖြစ်သူ Emma Walker ဦးဆောင်ပြီး Johnnie Walker Blonde ကို အရက်ချက်လုပ်ခဲ့ကြပါတယ်။ အဓိက တာဝန်ယူ လုပ်ဆောင်ပေးသူက ဝီစကီ အရက်ချက်သူ George Harper ဖြစ်ပါတယ်။

 

"ပိုချိုမြိန်ပြီး အဝင်မဆိုးတဲ့  အရသာ အသစ်အဆန်းကို ရှာနေသူတွေအတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်မှု ဖြစ်စေပါတယ်” လို့ George Harper က Johnnie Walker Blonde ကို ညွှန်းဆိုပါတယ်။

Johnnie Walker Blonde ကို စကော့ဝီစကီထဲ သစ်သီးဝလံအချို့ ထည့်ပေးပြှီး ချိုမြိန်အောင် ဖန်တီးထားပြီး American oak သစ်သားစည်ထဲ နှပ်ထားပြီးမှ ပုလင်းသွပ် ထုတ်လုပ်ပါတယ်။ 

.

စကော့ဝစကီဟာ သောက်သုံးမှု များပြားတဲ့ ဝီစကီဖြစ်ပြီး ၂၀၂၁ မှာ ကမ္ဘာ့ဈေးကွက်ထဲ ပုလင်းစုစုပေါင်း ၁.၃၈ ဘီလီယံ ရောင်းချခဲ့ပါတယ်။

Source thedrinkbusiness

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Sunday, 13 November 2022 18:43
Rate this item
(0 votes)