Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ဟော့ပေါ့ဆိုင်အသစ် DAO Hotpot

ရန်ကုန်မှာ အလန်းစားစတိုင်နဲ့ အမိုက်စားအရသာရှိတဲ့ ဟော့ပေါ့စားချင်တဲ့ Hot Pot ချစ်သူတို့ အတွက် တရုတ်ပြည်က နာမည်ကြီးပြီး အရသာကောင်းမွန်တဲ့ ဟော့ပေါ့ဆိုင်လေး ရန်ကုန်မှာ ဆိုင်ဖွင့်လိုက်ပါပြီ။

 

ဒီလိုမိုးအေးအေးလေးနေ့မျိုးမှာ အရသာရှိရှိပူပူနွေးနွေး တစ်ခုခုစားချင်နေတယ်ဆိုရင်တော့ ယနေ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ DAO Hotpotမှာ ထူးခြားတဲ့ hotpot နှင့် အခြားဟင်းလျာများရနိုင်ပါတယ်။

 

DAO ဟော့ပေါ့မှာရနိုင်တဲ့ ဟင်းရည်၆မျိုးထဲမှာ Hello kitty အရုပ်ပါတဲ့ ချုံချင့်အရသာစစ်စစ်မာလာဟော့ပေါ့နှင့်ကျန်းမာနု ပျိုစေသောဝက်ရိုးဟင်းချို တို့အပြင် ဟင်းလျာအဖြစ် ပင်လယ်စာ၊ အသားမျိုးစုံနှင့် လတ်လတ်ဆတ်ဆတ်ဟင်းရွက်မျိုးစုံတို့ကိုလည်း ရနိုင်ပါတယ်။

 

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ 50% off (excluding soup base and drinks) လျော့ဈေးနဲ့ပေးသွားမှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ၄ ရက်ဆက်တိုက် 50% Discount (food only) ချပေးထားတဲ့အတွက် သွားရောက်သုံးဆောင်သင့်ပါတယ်။

 

ဆိုင်ဖွင့်ပွဲ () ရက်နေ့မတိုင်ခင်ကတည်းကလည်း ရန်ကုန်က ဟော့ပေါ့ချစ်သူတို့အတွက် Promotion လေးလည်း လုပ်ပေးထားကြောင်း သိရပါတယ်။


အရသာတွေ၊ စတိုင်တွေ၊ ၀န်ဆောင်မှုတွေကတော့ လာစားကြတဲ့သူတိုင်းရဲ့ အသဲထဲအထိစွဲစေမှာဖြစ်ပါတယ်။ တရုတ်ပြည်က စတိုင်အတိုင်း အပြည့်အ၀ အရသာကို ခံစားချင်တယ်၊ ဟော့ပေါ့ကိုမှ နှစ်သက်တယ် ဆိုတဲ့ သူငယ်ချင်းတို့အတွက် DAO Hotpot ဆိုင်က အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါတယ်။

ဈေးနှုန်းကတော့ လူတိုင်းစားနိုင်တဲ့ဈေး ၄ယောက်လောက်အဝစားရင်တောင် တစ်ယောက်ကို ၁၅၀၀၀ ကျပ်ကနေ ဈေးနှုန်းအမြင့်ဆုံး၂၀၀၀၀ ကျပ်တောင် မကျော်ပါဘူး။


မနက် ၁၀ ကနေ ညနေ ၅ နာရီထိ ၄၀% Offနှင့် ညနေ ၅ ကနေ ည ၁၀ နာရီထိ ၂၀% Off ဆိုတော့ဟော့ပေါ့ကို တန်တန်နဲ့ စားရမှာဖြစ်ပါတယ်။ အေးအေးဆေးဆေးနဲ့မိသားစုတွေထိုင်စားလို့ရနိုင်သလို ကားပါကင်ကလည်း ရှိတဲ့အတွက် သုံးဆောင်သူများ အဆင်ပြေစေမှာဖြစ်ပါတယ်။

 

DAO Hot Pot ဆိုင်လေးကို ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းစာရင်းစစ်ရုံးဘေး၊ Marina Residence ရှေ့တည့်တည့်မှာ ဖွင့်လှစ်ထားပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်ထား ပါတယ်။

 

အမှတ် ၅၁ (C + D), ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့ နယ်၊ ရန်ကုန်။ ၀၉-၉၅၅၄၄၇၈၈၈

 

Read times Last modified on Tuesday, 18 September 2018 11:53
Rate this item
(4 votes)