Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Thai Taste Buffet မှ အ၀စား ၆၀၀၀ တန် ဟင်းပွဲ ၃၀ ကျော်စားလို့ရ

အားလပ်ရက်မှာ မိသားစုနဲ့ နေ့လည်စာပဲဖြစ်ဖြစ် ညစာပဲဖြစ်ဖြစ် တူတူပျော်ရွှင်စွာစားမယ်လို့ စိတ်ကူးထားရင်

ရန်ကုန်မြို့ရဲ့ ထိုင်းစားသောက်ဆိုင်တွေထဲမှာ Thai Taste ဆိုတာ နာမည်တစ်ခုရထားပြီးသားဖြစ်သလို ခုလည်း သုဝဏ္ဏဆိုင်နဲ့ ပြည်သူ့ရင်ပြင် Happy Zone ထဲမှာပါ ဆိုင်ခွဲတစ်ဆိုင် ထပ်ဖွင့်ထားတယ်။

 

ဆိုင်တွင် နေ့လည်စာ ဟင်းပွဲ ၃၀ နဲ့ ၂ နာရီအတွက် ဘူဖေးထမင်းဟင်း အ၀စားကို ၆၀၀၀ ကျပ်၊ ညစာဆို ၉၀၀၀ ကျပ်ဆိုပြီး တန်တန်ကြီး ခင်းကျင်းနေတယ်ဆိုတော့ ထိုင်းစာရော၊ ထမင်းဟင်းဝဝစားချင်တဲ့သူတွေအတွက်ပါ အခြေအနေ အနေအထားဘာညာ တန်၊ မတန် သိချင်နေတဲ့ စားသုံးသူတွေအတွက် Food Industry Dirctory မှ လမ်းညွှန်ပေးလိုက်ပါတယ်၊

 

ဆိုင်ကတော့ အိုင်တီဆိုင်ကြီးတွေမှာ ထိုင်စားရလိုဘဲ ဆိုင်က အခန်းကျယ်ကြီးကို စားပွဲခုံတွေနဲ့ သန့်ရှင်းသပ်ယပ်မှုရှိလှပါတယ်၊

ဆိုင်ရဲ့ ထောင့်စွန်းမှာတော့ ဗန်းကြီးတွေနဲ့ ဟင်းပွဲတွေ တန်းစီထားတယ်။ သန့်ရှင်းမှုကတော့ စိတ်ချရပါတယ်။

 

ပုစွန်ထုပ်တွေနဲ့ အသား၊ ငါးတွေပါတာပဲ အဆင်ပြေတယ်လို့ ခံစားရပါပြီ။ ကဏန်းစားချင်ရင်တာ့ ညနေ ၉၀၀၀ တန် ဘူဖေးစနစ်မှာ ပါဝင်ပေးထားပါတယ်။

 


ဝန်ထမ်းများရဲ့ ဝန်ဆောင်မှုကလည်း ကောင်းပါတယ်။ ဝန်ထမ်းလေးတွေက သေချာရှင်းပြတယ်။ ဘေးက လိုတာ လိုက်သယ်ပေးတယ်။ ကျေနပ်နှစ်သက်စရာပါပဲ။

 


ဆိုင်တွင် ရနိုင်တဲ့ အစားအစာများကတော့ ကြက်သား ချိုချဉ်၊ ချဉ်စပ်၊ မျှစ်ချဉ် အပါအဝင် ကြက် လေးမျိုး၊ ငါးမျိုး၊ ငါး ချိုချဉ်၊ ချဉ်စပ်အပါအဝင် သုံးမျိုး၊ လေးမျိုး၊ ကင်းမွန်အုန်းနို့၊ ကင်းမွန်ကြော်၊ ပုစွန်ထုပ်ချက်တွေအပြင် တုန်ယမ်းဟင်းချို၊ ဝက်ချဉ်စပ်၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ဖက်ထိုင်းကြော်၊ အသီးအရွက်၊ သီးစုံကြော်တွေ၊ သဘောင်္သီးထောင်းတွေနဲ့ မာလာရှမ်းကော အဝစားလည်းပါဝင်ပါတယ်။

food

နောက်ပြီး ဖက်ထုပ်ကြော်၊ တန်ပူရာကြော်၊ ကော်ပြန့်ကြော်၊ အအေး၊ ရေသန့်၊ ဖရဲသီး၊ အုန်းနို့သာကူ အစရှိသည်တို့အပြင် စုစုပေါင်း အမျိုး ၃၀ ရတယ်။ တုန်ယမ်းက ပုစွန်ထုပ်တွေနဲ့ ချက်ထားတာ အရသာတော့ပေါ့တယ်။ ပုစွန်ချက်ဟင်းပွဲကတော့ ပွဲအလိုက်ချပေးပါတယ်။

 

ဆိုင်မှာတော့ ဆော့စ် ၄ မျိုးလောက်ရှိတယ်။ ငါးပိချက်၊ တို့စရာ စားချင်သူများအတွက်လည်း ထားရှိတယ်။ အရွက်နဲ့ ကြက်သားများတယ်။ ထမင်းကို ဟင်းနဲ့အဝစားတတ်တဲ့သူတွေ၊ ထိုင်းစာကြိုက်တဲ့သူတွေ၊ နေ့လည်စာဗိုက်အတင်းအကား စားတတ်တဲ့သူတွေအတွက်ဆိုတန်ပါတယ်။

 

မာလာရှမ်းကောအရသာလေးကလည်း မဆိုးပါဘူး။ တော်တော် အစပ်အဟပ်တည့်တယ်လို့ခံစားရတယ်။

 

ယင်းအပြင် ဆိုင်တွင် အသားလုံးတွေ၊ ခေါက်ဆွဲတွေမပါဘဲ အသားနဲ့ပဲ ချက်ထားပေမယ့် အရသာရှိတာတွေ့ရပါတယ်။ မာလာရှမ်းကောကြိုက်တဲ့သူတွေအတွက်တော့ ဒီမှာ ၂နာရီစာ အဝစားရုံနဲ့တင် တန်နေပါပြီ။

 

နေ့လည်ခင်းစားချိန်ဆို ၁၀:၀၀ မှ ၃:၃၀ အထိ ၆၀၀၀ ကျပ် နဲ့ ညနေ ၄ နာရီကနေ ည ၁၀:၃၀ ထိကိုတော့ ၉၀၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။

 

ဆိုင်နေရာကတော့ မြေနီကုန်း၊ ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းအပေါက်၊ စမ်းချောင်းရဲစခန်းအရှေ့၊ Happy Zone အနီး အလှပြထားတဲ့ ခဲရောင်လေယာဉ်ကြီး နှစ်စီးနောက်က ဆိုင်ဖြစ်ပါတယ်။ ကားရပ်စရာနေရာအတွက်လည်း စိတ်ပူစရာမလိုပါဘူး။

 

ဆိုင်ဖွင့်ချိန် နံနက် ၁၀း၃၀ မှ ည ၁၀း၃၀ အထိ ဖြစ်ပါတယ်၊ ကြိုတင်၍ Booking ပြုလုပ်လိုပါက 09422288894, 09401879411, 09401879422 သို့ ဆက်သွယ်နိုင်ပါတယ်။

 

မိသားစုနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အ၀စားဖို့အတွက်ကို Food Industry Directory မှ လမ်းညွှန်ပေးလိုက်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 12:52
Rate this item
(4 votes)