Restaurants



ဝန်ထမ်းအင်အား မလျှော့ချခင် အမေရိကန်မှ ရုံးများ McDonald's ပိတ်ထား

ဝန်ထမ်းအင်အား မလျှော့ချခင် အမေရိကန်မှ ရုံးများ McDonald's ပိတ်ထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အမြန်ရ အစားအစာဆိုင်ခွဲများ လုပ်ငန်း McDonald's သည် ကော်ပိုရိတ်တစ်ခုလုံး လွှမ်းခြုံသည့် ဝန်ထမ်းလျှော့ချခြင်းအတွက် ကြေညာချက် မထုတ်ပြန်မီ ယခုသီတင်းပတ်အတွင်း ၎င်း၏ အမေရိကန်ရုံးများကို ယာယီပိတ်ထားလိုက်သည်။

ဝန်ထမ်းလျှော့ချမည့် သတင်းကို အရင်ဆုံး ဖော်ပြခဲ့သည့် Wall Street Journal က McDonald's သည် အမေရိကန်နှင့် နိုင်ငံတကာမှ ဝန်ထမ်းအချို့ကို အိမ်မှအလုပ်လုပ်ရန် ပြောကြားခဲ့ပြီး အလုပ်ဖြုတ်မဖြုတ်ဆိုသည်ကို အီးမေးလ်ဖြင့် အကြောင်းကြားရန် စီစဉ်ထားကြောင်း သတင်းဖော်ပြသည်။

ဝန်ထမ်းဦးရေ မည်မျှ လျော့ချမည်ကို ဟမ်ဘာဂါ အဓိကထား ရောင်းချသည့် McDonald's က ထုန်ဖော်ပြောကြားခြင်း မပြုသေးပါ။

အလုပ်ဖြုတ်ခြင်းများသည် ဇန်နဝါရီတွင် ကြေညာခဲ့သော ကုမ္ပဏီကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖွဲ့စည်းမှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

 McDonald's သူဌေး Chris Kempczinski က ကုမ္ပဏီသည် ခေတ်နောက်ကျနေပြီး မိမိကိုယ်ကို ကန့်သတ်ဘောင်ခတ်ထားသော ဖွဲ့စည်းပုံကြောင့် ထိခိုက်နစ်နာနေရသည်ဟု ပြောကြားခဲ့သည်။

McDonald's သည် ၎င်း၏ရုံးချုပ်တွင် လူကိုယ်တိုင် တက်ရောက်ရမည့် အစည်းအဝေးများအားလုံးကို ဖျက်သိမ်းရန် ဝန်ထမ်းများကို ညွှန်ကြားခဲ့ကြောင်း အဆိုပါ သတင်းက ဆိုသည်။

McDonald's သည် ကော်ပိုရိတ်အနေဖြင့် McDonald's စားသောက်ဆိုင်များတွင် လူ ၂ သိန်း ခန့်ကို အလုပ်ခန့်ထားသည်။ McDonald's စားသောက်ဆိုင်များတွင် ၇၅% သည် အမေရိကန်ပြင်ပတွင် တည်ရှိသည်။

အမေရိကန်ပြင်မှ ဆိုင်များသည် အမေရိကန်ဒေါ်လာ မာနေသဖြင့် ငွေလဲနှုန်းကြောင့် အမြတ် ထိခိုက်နေကြောင်း McDonald's က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ချီကာဂိုအခြေစိုက် ကုမ္ပဏီသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၆၀ ကျော်တွင် ဆိုင်များ ဖွင့်လှစ်ထားသည်။

Source Wall Street Journal

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Wednesday, 05 April 2023 19:56
Rate this item
(0 votes)